ဂွာဒီယိုလာ နဲ့ ဆိုးရှား တို့ကို ပျော်ရွှင်စေမယ့် လိဂ်ဖလား ဆီမီးဖိုင်နယ် စည်းမျဉ်း

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ ယခုနှစ် မှာ ကစား နေတဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲ ကို ဆီမီး ဖိုင်နယ် အဆင့် က စတင်ပြီး ကစား သမား ၅ ဦး အထိ လူစား လဲခွင့် ပြုတော့ မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။ လက်ရှိ ချန်ပီယံ မန်ချက် စတာ စီးတီး ဟာ မနက်ဖြန် ည မှာ မြို့ခံ ပြိုင်ဘက် မန်ချက် စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး မော်ရင်ဟို ရဲ့ စပါး အသင်း ကတော့ ဘရန့်ဖိုဒ့် အသင်း နဲ့ ကစားရမှာ ပဲ ဖြစ် ပါတယ် ။

ကာရာဘောင် ဖလား ( လိဂ် ဖလား ) ဟာ အစောပိုင်း အဆင့်တွေ မှာ လူစား လဲမှု ၃ ကြိမ်သာ ခွင့်ပြု ခဲ့ ပေမယ့် ပွဲစဉ်တွေ ကြပ်တည်း လာမှု ၊ ကစား သမားတွေ ဒဏ်ရာ ရ ၊ ကိုဗစ် ကြောင့် မကစား ရမှုတွေ များပြား လာတာကြောင့် အခုလို စည်းမျဉ်း ကို ပြောင်းလဲ ပေးခဲ့ တာပဲ ဖြစ် ပါတယ် ။

myan789

ဒါ့အပြင် ဆီမီး ဖိုင်နယ် အဆင့် က စတင်ပြီး အရန် စာရင်းမှာ ကစား သမား ၉ ဦး အထိ လည်း ထားရှိဖို့ ခွင့်ပြု လိုက်ပြီ လို့ သိရ ပါတယ် ။ ဒါဟာ ကိုဗစ် ပိုး ရှိသူတွေ ကြောင့် လူအင်အား နည်းပါး နေတဲ့ မန်ချက် စတာ စီးတီး အတွက် ဝမ်းသာ စရာ သတင်းကောင်း ဖြစ်စေ မှာ သေချာ နေပါတယ် ။

ကစား သမား ၅ ဦး လူစားလဲမှု ဟာ ကိုဗစ် ရောဂါပိုး ကြောင့် ရပ်နား ထားရတဲ့ ဘောလုံး ပွဲတွေ ပြန်စ ခဲ့တဲ့ ၂၀၂၀ ဇူလိုင် လ က စပြီး ဥရောပ တစ်လွှား နဲ့ ချန်ပီယံ လိဂ် ၊ ယူရိုပါ လိဂ် ပြိုင်ပွဲတွေ မှာ ပြောင်းလဲ အသုံးပြု ခဲ့တဲ့ စည်းမျဉ်း ဖြစ် ပါတယ် ။ ဒီရာသီ မှာလည်း အင်္ဂလန် မှအပ ကျန် ဥရောပ ထိပ်သီး လိဂ် အားလုံး မှာ အဆိုပါ စည်းမျဉ်း ကို ဆက်လက် အသုံးပြု နေခဲ့ ပါတယ် ။

အင်္ဂလန် မှာတော့ မဲခွဲ ဆုံးဖြတ်မှု အရ ယခင် စည်းမျဉ်း ဖြစ်တဲ့ တစ်ပွဲ ကို ကစား သမား ၃ ဦး အထိသာ အများဆုံး လူစားလဲ ဖို့ ကို ပြန်လည် ကျင့်သုံးခဲ့ ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် နည်းပြ ဆိုးရှား က လူ ၅ ဦး လူစားလဲခွင့် ထားသင့်ကြောင်း တောင်းဆို ခဲ့သလို ယာဂင် ကလော့ နဲ့ ဂွာဒီယိုလာ တို့ကလည်း ထောက်ခံ ခဲ့ ပါတယ် ။

လီဗာပူး ဟာ အဓိက ခံစစ်မှူး ဗန်ဒိုက် ကို ကာလရှည် လက်လွှတ် ခဲ့ရသလို အခြား စီနီယာ အသင်းသား တွေ လည်း ဆက်တိုက် ဆိုသလို ဒဏ်ရာတွေ ရရှိ ခဲ့ပါတယ် ။ မန်စီးတီး ကလည်း အဂွေရို ကို ၂၀၂၀ ကုန်သည် အထိ လက်လွှတ် ထားရသလို ကိုဗစ် ကူးစက်မှုကြောင့် အီဒါဆင် ၊ ဂျေဆူး အပါအဝင် ကစား သမား ၅ ဦး ဟာ ချဲလ်ဆီး နဲ့ ပွဲ ကို လွဲချော် ခဲ့ကြရ ပါတယ် ။

ဒါပေမယ့် ဒီဇင်ဘာ မှာ ပြုလုပ် ခဲ့တဲ့ မဲပေးမှု မှာတော့ ပရီးမီးယားလိဂ် ကလပ် ၁၀ သင်း ဟာ လူ ၅ ဦး လူစားလဲခွင့် ကို ဆန့်ကျင်မဲပေး ခဲ့ကြပါတယ် ။ ဒါကြောင့် သတ်မှတ် ထားတဲ့ ၁၄ မဲ မပြည့် ခဲ့တာ ကြောင့် ယခင် နှစ်တွေက အတိုင်း ၃ ဦးသာ လူစားလဲခွင့် နဲ့ ဆက်လက် ယှဉ်ပြိုင် ခဲ့ကြ ရ ပါတယ် ။

ဒီတစ်ကြိမ် မှာတော့ ဘောလုံး အဖွဲ့ချုပ် ဟာ လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေအနေ တွေ ကို သုံးသပ်ပြီး အရန် ၉ ဦး ၊ လူလဲခွင့် ၅ ဦး စည်းမျဉ်း ကို ပြန်လည် အကောင်အထည် ဖော်ဆောင် လာခဲ့ ပါတယ် ။ အကယ်၍ ဆီမီး ဖိုင်နယ် ပွဲစဉ်တွေ ဟာ အချိန်ပို အထိ ဆက်လက် ကစား လာရပါက တစ်သင်း ကို နောက်ထပ် ၁ ဦးစီ အပို လူစားလဲ ဖို့လည်း ခွင့်ပြု သွားဦး မှာပဲ ဖြစ် ပါတယ် ။

ဗြိတိန် အတွင်းမှာ မျိုးရိုး ဗီဇ ပြောင်းလဲ နေတဲ့ ကိုဗစ် ရောဂါပိုးသစ် တွေ့ရှိ နေပြီး ကူးစက် ပြန့်နှံ့မှု အလွန်လျှင် မြန်နေတာ ကြောင့် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က တစ်နိုင်ငံလုံး ကို Tire 5 Lockdown ချဖို့ အမိန့်ပေး ထားလိုက်ပြီ ဖြစ် ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကလို ကစားပွဲတွေ ကို ရပ်နား သွားမှာ မဟုတ်ဘဲ ကွင်းပိတ် ကစားဖို့ ကိုသာ ဦးတည် သွားမယ်လို့ သိရ ပါတယ် ။

ကာရာဘောင် ဖလား ပွဲဟာ ယခင် နှစ်တွေ က ဖေဖော်ဝါရီ နောက်ဆုံး အပတ် မှာ ဗိုလ်လုပွဲ ကို ကျင်းပ လေ့ ရှိပေမယ့် ပွဲစဉ်တွေ ကြပ်တည်း နိုင်မှု ကြောင့် ယခု နှစ် မှာတော့ ဧပြီလ အထိ ရွှေ့ဆိုင်း လိုက်တယ် လို့ သိရ ပါတယ် ။ ဒါကြောင့် မနက်ဖြန် ညမှာ အနိုင် ရမယ့် ၂ သင်း ဟာ ၂၀၂၁ ခုနှစ် ဧပြီလ မှ ဗိုလ်လုပွဲ ကို ရင်ဆိုင် ယှဉ်ပြိုင် သွားကြ ရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular