ဂျူဗင်တပ်ကို ချဲလ်ဆီးတို့ ဘယ်လို သင်ခန်းစာတွေ ပေးသွားခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ ကာပယ်လို

ဖေဘီယိုကာပယ်လိုက ချဲလ်ဆီး အသင်းဟာ မနေ့ညက ဂျူဗင်တပ်ကို ၄-၀ နဲ့ ဂိုးပြတ် ချေမှုန်းခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အီတလီ ကလပ်ကို ဘောလုံးလောကရဲ့ တကယ့် သင်ခန်းစာတွေ ပေးသွားခဲ့တယ်လို့ ပြောလိုက်ပါတယ်။ သောမတ်တူချယ်ရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂျူဗင်တပ်ကို အသာစီး ကစားကာ ချာလိုဘာ့ ရိစ်ဂျိမ်း ဟတ်ဆန်အိုဒိုအီ ၊ တီမိုဗာနာ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်တဲ့အပြင် အုပ်စု H မှာ ဂျူဗီကို ကျော်ကာ အုပ်စု ပထမနေရာနဲ့ အဆုံးသတ်ဖို့ ကောင်းမွန်တဲ့ အခြေအနေကို ပိုင်ဆိုင်နေပါတယ်။ ကာပယ်လိုက စီးရီးအေ အနေနဲ့ တူချယ် ကိုင်တွယ်နေတဲ့ ချဲလ်ဆီးရဲ့ ကစားဟန်ကို ကြည့်ကာ လေ့လာသင်ယူသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပြီး အီတလီ ကလပ်တွေရဲ့ နှေးကွေးတဲ့ tempo နဲ့ ကစားခြင်းဟာ ဥရောပမှာတော့ သိပ်ပြီး အလုပ်မဖြစ်ဘူးလို့ ခံစားမိနေပါတယ်။

myan789

ကာပယ်လိုက “ကျွန်တော် ကတော့ ဒီပွဲမှာ ချဲလ်ဆီး အသင်းဟာ ဘောလုံးလောကရဲ့ တကယ့်ကို သင်ခန်းစာကို ပေးသွားခဲ့တယ်လို့ ထင်ပါတယ်။ လီဗာပူးကိုပဲ ဥပမာ ကြည့်လိုက်ပါ။ သူတို့ဟာ မြင့်မားတဲ့ tempo နဲ့ တိုက်ရိုက် တိုက်စစ်ဆင် ကစားလေ့ ရှိပါတယ်။ ဒီညမှာလည်း ချဲလ်ဆီးဟာ ဘယ်တော့မှ ဘောလုံးကို နောက်ကို ပြန်မပေးခဲ့ပါဘူး။ သူတို့ဟာ နောက်တန်းကနေ ကစားကွက်တည်တာကို ဘယ်တော့မှ မလုပ်ခဲ့ဘဲ အမြဲတမ်း အခြေအနေကောင်းကို ဖန်တီးရယူဖို့ လုပ်လေ့ ရှိပါတယ်။ အမြဲတမ်း တိုက်စစ်ဆင်ကာ ဂိုးသမားကို ဘောလုံးတွေ ပြန်ပေးလေ့ မရှိပါဘူး။

သူတို့ဟာ အီတလီလိဂ်က ကလပ်တွေ ကစားလေ့ မရှိတဲ့ ရစ်သမ်နဲ့ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ လိဂ်နဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မြန်နှုန်းနဲ့ အရည်အသွေးဟာ ကြီးမားစွာ ကွာခြား နေပါတယ်။ နောက်ထပ် pressure လည်း ရှိပါသေးတယ်။ ချန်ပီယံလိဂ်မှာ ဖျက်ထုတ်မှုတွေ ၊ အရှိန်ပြင်းပြင်း ဝင်ရောက်မှုတွေ အတွက် ဒိုင်လူကြီးတွေဟာ စီးရီးအေမှာလိုမျိုး ဝီစီမှုတ်လေ့ မရှိပါဘူး။ အီတလီမှာ အသင်းတွေဟာ ဂိုးသမားကို ကစားကွက်ထဲ တအား ခေါ်သွင်းလေ့ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂျာမန် နည်းပြ နှစ်ဦး ဖြစ်တဲ့ သောမတ်တူချယ် နဲ့ ယာဂန်ကလော့ တို့ဆီကနေ လေ့လာသင်ယူကာ ကိုယ့်ကိုကိုယ် update လုပ်သွားဖို့ လိုအပ်ပါတယ်။

နည်းပြတစ်ဦး အမြဲ ပြောလေ့ ရှိတာကတော့ ‘လေ့ကျင့်တဲ့အတိုင်း ပွဲမှာ ကစားသွားမယ်’ လို့ပါ။ ပြိုင်ဘက်အသင်းက အရမ်းကောင်းတဲ့ intensity နဲ့ ပြင်းထန်တဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ် ရှိနေပြီး ကိုယ့်ဘက်က ဒါနဲ့ အသားတကျ ဖြစ်မနေဘူးဆိုရင် ယှဉ်ပြိုင်ရတာ ခက်ခဲမှာပါ။ လုံလောက်တဲ့ ရစ်သမ်နဲ့ ကိုယ့်ဘက်က လေ့ကျင့်ထားခြင်း မရှိတဲ့အခါ နောက်ဆုံးမှာတော့ ဥရောပမှာ ဒီလို ရလဒ်မျိုး ကြုံတွေ့ရမှာပါပဲ။” လို့ ပြောသွားပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular