၀၂၂ ကမ္ဘာ့ဖလားနှင့်၂၀၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် ဂျပန်အသင်းနှင့် မြန်မာအသင်းတို့၏ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာပြည်သူအချို့က ဆန္ဒပြရန်စီစဉ်နေကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် သိရသည်။
ဂျပန်အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲကို မေ (၂၈) ရက် (ယခုသောကြာနေ့) ဒေသစံတော်ချိန် ည (ရး၂၀) နာရီ (မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်)တွင် ချီဘာမြို့ရှိ ဖူကူဒါဒန်ရှိကွင်း၌ ကျင်းပမည်ဖြစ်သည်။
ဂျပန်နိုင်ငံရောက် မြန်မာပြည်သူအချို့သည် ယင်းပွဲမစတင်မီ ဒေသစံတော်ချိန် ညနေ (၅) နာရီမှ (၇) နာရီအတွင်း ဖူကူဒါဒန်ရှိကွင်းပြင်ပ၌ စုဝေးကာ ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားရန် ပြင်ဆင်နေမှုများကို နောက်ကျပြီးမှ သတင်းထုတ်ပြန်ခဲ့သလို၊ ရန်ကုန်မြို့မှ ထွက်ခွာသည့် အချိန်တွင်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။