ဂျင်းကောင်တွေ ဟီးရိုးဖြစ်ခဲ့တဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ rating များ

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ကိုပင်ဟေဂင် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ အခွင့်အရေးများစွာကို ရယူနိုင်ခဲ့ပေမဲ့ ဂိုးပေါက် အရှေ့ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး ။ ဒါပေမဲ့ ပွဲချိန် 72 မိနစ်မှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုကို မက်ဂွားယားက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဒီရာသီိရဲ့ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ် ။

myan789

ဒါ့အပြင် ပွဲချိန် နောက်ဆုံး မိနစ်မှာ စကော့ မက် တော်မီနေး​ ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီ ကို အိုနားနား က ကာကွယ်ပြနိုင်ခဲ့ပြီး ဟီးရိုး ဖြစ်သွားနိုင်ခဲ့ပါတယ် ။ ယူနိုက်တက် အသင်းမှာ ဂျင်းကောင်တွေ အဖြစ် သတ်မှတ်ထားခံခဲ့ရတဲ့ မက်ဂွားယား နဲ့ အိုနားနား တို့ တောက်ပနိုင်ခဲ့ကြတဲ့ ပွဲစဥ်မှ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

အိုနားနား (8)

ဘောလုံး ပေးပို့မှုတွေ ညံ့ခဲ့ပေမဲ့ အစောပိုင်း မိနစ်မှာ ဂိုးပေါက်် ကာကွယ်မှု လုပ်နိုင်ခဲ့ပြီး နောက်ဆုံး မိနစ်မှာ အဖိုးတန်် ပင်နယ်တီ ကာကွယ်မှုပါ လုပ်ဆောင်နိုင်ခဲ့ပါတယ် ။

ဒါးလော့ (6)

တိုက်စစ်ဆင် ကစားရာမှာ အကျိုးပြုပေးနိုင်စွမ်း နည််းပါးခဲ့ပေမဲ့ ခံစစ်မှာ စည်းကမ်းတကျ ကစားပေးနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (8)

ပြိုင်ဖက်ကို အခွင့်အရေးပေးတာမျိုး ရှိခဲ့ပေမဲ့ တည်ငြိမ်တဲ့ ခံစစ် ကစားဟန်ကို ပြနိုင်ခဲ့တဲ့အပြင် အဖိုးတန် ခေါင်းတိုက်ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ဗာရန်း (6)

လှုပ်ရှားမှု နှေးကွေးနေခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲစဥ်ထဲလိုက််ပါစီးမျောရင်း ဒုတိယပိုင်း ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသသွားနိုင်ခဲ့ပါတယ် ။

ရီဂွီလွန် (6)

အသင်းအတွက် ပြန်လည် ကစားပေးနိုင်တဲ့ ပွဲစဥ်မျိုးမှာ အဆင်ပြေပြေ ကစားပေးနိုင်ခဲ့ပြီး ပေးပို့မှုတွေ ကောင်းခဲ့ပေမဲ့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ် ။

အမရာဘတ် (4)

ပုံစံကောင်း ပြသဖို့ ရုန်းကန်ခဲ့ရပြီး တည်ငြိမ်မှု အားနည်းခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။

တော်မီနေး (5)

တိုက်စစ်ဆင် ကစားပုံ ကောင်းခဲ့ပေမဲ့ မထူးကဲခဲ့ပါဘူး ။ အဲရစ်ဆင် ဝင်လာချိန် ပိုကောင်းခဲ့ပေမဲ့ နောက်ဆုံး မိနစ် ပင်နယ်တီ ပေးရအောင် အမှားကျူးလွန်ခဲ့ပါတယ် ။

အန်တိုနီ (4)

ဒီရာသီ 6 ကြိမ် ပွဲထွက်ခွင့် ရရှိထားခဲ့ပေမဲ့ တစ်ပွဲမှာ ပုံစံကောင်း မပြနိုင်ခဲ့သေးပါဘူး ။ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ် ။

ဘရူနို (5)

ဂါနာချို အတွက် အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ခြင်း ၊ ဂိုးပေါက််ခြိမ်းခြောက်ခြင်း လုပ်တာကလွဲရင် အကောင်းဆုံး ပုံစံ ပြသဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ (5)

ဟော့ဂျ်လန်း အတွက် အခွင့်အရေး ဖန်တီးပေးခဲ့ပါတယ် ။ အခွင့်အရေးကောင်းရခဲ့ပါတယ်။ ဒါပေမဲ့ ပုံစံကောင်းပြနိုင်ဖို့ ရုန်းကန်နေရဆဲပါပဲ ။

ဟော့ဂျ်လန်း (6)

ပုံမှန်အတိုင်း အကောင်းဆုံး ကြိုးစား ကစားပြနိုင်ခဲ့ပြန်ပါတယ် ။ အဲရစ်ဆင် အတွက် အခွင့်အရေး ဖန်တီးပေးခဲ့ပါတယ် ။ 3 ပွဲဆက် ဂိုးမသွင်းနိုင် ဖြစ်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

အဲရစ်ဆင် – 8
ဂါနာချို – 6
လင်ဒီလော့ဖ် – 6
မာရှယ် – 5

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular