ဂိုးသွင်းအပြီး ပရိသတ်တွေရဲ့ ရှေ့မှာ ပြန်လည် အောင်ပွဲခံခွင့်ရတဲ့ ခံစားချက်ကို ပြောကြားလိုက်ကြတဲ့ လာကာဇက် နဲ့ မိတ်လန်နိုင်းလ်စ်

ဒီကနေ့ နံနက်မှာ ကစားခဲ့တဲ့ ရက်ပစ်ဝီယန် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း ပရိသတ် အယောက် ၂၀၀၀ ဟာ အမ်းမရိတ် ကွင်းထဲကို ဝင်ရောက် အားပေး ကြည့်ရှုခွင့် ရရှိ ခဲ့ပါတယ် ။

အာဆင်နယ် ပရိသတ်တွေဟာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ် တားဆီးနိုင်ရေး အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့ အညီ နေထိုင်ပြီး အကာအကွယ်တွေ ဝတ်ဆင်ကာ အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။

myan789

ပရိသတ်တွေ ကွင်းထဲမှာ ပြန်အားပေးနိုင်ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ရက်ပစ် ဝီယန် အသင်းကို လေးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဂိုးတွေကိုတော့ လာကာဇက် ၊ မာရီ ၊ အန်ခီတီးယား နဲ့ စမစ်ရို တို့က သွင်းယူ ပေးခဲ့တာပါ ။

ပွဲအပြီးမှာတော့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် က ပရိသတ်တွေရဲ့ အောင်ပွဲခံသံတွေ ပြန်ကြား ရတဲ့ အပေါ် ” ပရိသတ်တွေက ကျနော်တို့ နောက်မှာ ရှိနေတာက သိပ်ကို ကောင်းမွန်ပါတယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ကျနော့်အတွက် အတော်လေး ခက်ခဲ ခဲ့ပါတယ် ။ “

” ဒါပေမယ့် ကျနော် နဲ့ အသင်းနောက်မှာ ပရိသတ်တွေ ရှိနေတာကို မြင်ရတာကတော့ သိပ်ကို ကောင်းမွန်လှပါတယ် ။ ဒါကြောင့် ပရိသတ်တွေ ကွင်းထဲမှာ ပြန်အားပေး နိုင်တဲ့ အပေါ် ကျွန်တော် အင်မတန် ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ “

” ဒီကနေ့မှာ ပရိသတ်တွေကို ပြန်မြင်တွေ့ ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင် နေခဲ့တာပါ ။ ပွဲချိန် အတွင်းမှာ သူတို့က အသင်းကို အများကြီး အထောက်အကူ ဖြစ်စေပါတယ် ၊ကျွန်တော်တို့ အတော်ကောင်းကောင်း ကစား နိုင်ခဲ့တာပါ ၊ အားလုံး အားထည့် ကစားကြပါတယ် ၊ ဒဏ်ရာရနေမှုကနေ ပြန်လာနိုင်ခဲ့တဲ့ ကစားသမား နှစ်ဦးရှိပါတယ် ၊ မာရီ နဲ့ ချိန်ဘာ တို့အတွက် ပျော်ရွှင်မိပါတယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

မိတ်လန်နိုင်းလ်စ် ကလည်း ပရိသတ်တွေ ကွင်းထဲ ပြန်လည် ရောက်လာခဲ့တာ နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ ဒီအချိန်ကို စောင့်ဆိုင်း နေခဲ့တာ အတော်ကြာခဲ့ပါပြီ ၊ ဒါပေမယ့် ပရိသတ်တွေကို ပြန်တွေ့ရတော့ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက် ဖြစ်ပေါ် ခဲ့ပါတယ် ။ “

” ဒီနေ့မှာ ပရိသတ် ၂၀၀၀ ဝင်ရောက် အားပေးခွင့် ရခဲ့ပါတယ် ၊ တဖြည်းဖြည်း နဲ့ ဒီထက် ပိုများများ ဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ် ။ ပရိသတ်တွေရဲ့ အော်ဟစ် အားပေးသံ ၊ အောင်ပွဲခံသံ ပြန်ကြားရတာက ကြည်နူးစရာပါပဲ ၊ သူတို့က ကျွန်တော်တို့ရဲ့ ၁၂ ယောက်မြောက် ကစားသမား တစ်ဖြစ်လဲ ပရိသတ်တွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular