ဂိုးမက်ဇ် ဒဏ်ရာရခဲ့ပြီးနောက် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူးတို့ ပစ်မှတ်ထားသွားနိုင်တဲ့ နောက်ခံလူ ၃ ဦး

ဂျိုးဂိုးမက်ဇ်ဟာ မနေ့က အင်္ဂလန်ရဲ့ လေ့ကျင့်ရေး အစီအစဉ် တစ်ခုမှာ ဒူးဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ကာလ တစ်ခုကြာ အနားယူ သွားရမယ့် အရေးနဲ့ ရင်ဆိုင် နေရပါတယ်။ ဒ့ါကြောင့် လီဗာပူးရဲ့ ခံစစ်ပိုင်းမှာ ဒဏ်ရာ ပြသနာ အကျပ်အတည်းဟာ ပိုပြီး နက်ရှိုင်း သွားခဲ့ပြီး ကလော့ အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ နောက်ခံလူ တစ်ဦး မဖြစ်မနေ ခေါ်ယူ ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့လက ဗဟို နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ရာသီကုန်ထိ လက်လွှတ် သွားရဖို့ ရှိနေတဲ့ အပြင် အလက်ဇန်းဒါးအာနိုး ကလည်း မန်စီးတီးနဲ့ ပွဲမှာ ဒဏ်ရာ ရသွားခဲ့တာကြောင့် တစ်လလောက် နားရတော့မှာ ဖြစ်ပါတယ်။ ဖာဘင်ညိုဟာ ဒဏ်ရာ ပြသနာကနေ ပြန်လာ ခဲ့ပြီ ဖြစ်ပေမယ့်လည်း ၎င်းကို ဗဟို ခံစစ်မှာ အသုံးပြု သွားခဲ့မယ် ဆိုရင် လီဗာပူးဟာ ဘရာဇီး စတားရဲ့ ကွင်းလယ် အဖျက် စွမ်းရည်တွေကို ဆုံးရှုံး ရမှာ ဖြစ်ပါတယ်။

myan789

အခုချိန်မှာ စီနီယာ ဗဟို နောက်ခံလူ စစ်စစ်ဆိုလို့ မာတစ် တစ်ဦးသာ ရှိနေပြီး ၎င်းကလည်း ပြီးခဲ့တဲ့ ၁၂ အတွင်း ပရီးမီးယားလိဂ်မှာ ၅ ပွဲသာ ကစား နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလော့ အနေနဲ့ နက်ဖီးလစ် ၊ ရီးစ်ဝီလီယံ တို့ကို အနည်းဆုံး လာမည့် ဇန်နဝါရီလထိ ဆက်လက် အားကိုး သွားရမယ့် အခြေအနေ ဖြစ်နေပြီး အပြောင်းအရွေ့ ဈေးကွက် ဖွင့်ဖွင့်ချင်း မှာတော့ ဗဟို နောက်ခံလူ တစ်ဦး ဝယ်ယူ သွားဖို့ ရှိနေပါတယ်။

ဒါ့ကြောင့်လည်း ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် ဖွင့်ချိန်မှာ လီဗာပူးတို့ ခေါ်ယူသွားဖို့ ပစ်မှတ်ထား နိုင်တဲ့ ကစားသမား ၃ ဦးကို ယခုလိုပဲ ဖော်ပြ ပေးလိုက်ပါတယ်။

၁~အော်ဇန်ခါဘက်
လီဗာပူးဟာ ရှော်ကေး နောက်ခံလူ အော်ဇန်ခါဘက်ကို ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက ချိတ်ဆက် လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ၃ ပွဲသာ ကစားခွင့် ရထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ဝါဒါဘရီမင်ကို ၃-၁ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ကလည်း ဒီလို ပွဲအရေအတွက် နည်းပါးနေတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာက ထွက်ပေါ် ခဲ့တဲ့ သတင်းများ အရ လီဗာပူးဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ခါဘက်ကို ခေါ်ယူဖို့ အတွက် ရှော်ကေး အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အီတလီ outlet Calcio Mercato က လီဗာပူး အနေနဲ့ တူရကီ လက်ရွေးစင် အတွက် ယူရို ၂၅ သန်း ဝန်းကျင် ပေးချေ နိုင်မယ် ဆိုရင် အန်ဖီးကို ခေါ်ယူလို့ ရနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။ သို့ပေမယ့်လည်း ထိပ်တန်း အဆင့်မှာ ခါဘက်ရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် ၎င်းဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ်တော့ မဟုတ်နိုင်ပါဘူး။

၂~ အူပါမက်ကာနို
မန်ချက်စတာယူနိုက်တက် ၊ အာဆင်နယ် ၊ လီဗာပူး တို့ဟာ ရက်ဘူးလိုက်ပ်ဇစ် စတား ဒါးယော့ အူပါမက်ကာနိုကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေကြ ပါတယ်။ အသက် ၂၂ နှစ် အရွယ် ပြင်သစ် ကစားသမားဟာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဗဟို နောက်ခံလူ တစ်ဦး အဖြစ် ကိုယ့်ကိုကိုယ် တည်ဆောက် နိုင်ခဲ့ပါတယ်။

အူပါမက်ကာနိုရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၃၈ သန်းပဲ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် ဒီသဘောတူညီချက်ဟာ လာမည့် ၂၀၂၁ နွေရာသီ ကျမှသာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူး အသင်း အနေနဲ့ ရာသီဝက်မှာ ၎င်းကို ခေါ်ယူသွားချင်တယ် ဆိုရင် ရက်ဘူးလိုက်ပ်ဇစ်ကို စာချုပ်ဖျက်သိမ်းကြေး အပြင် အပိုထပ်ဆောင်း ပြောင်းရွေ့ကြေး ပေးချေ သွားရမှာ ဖြစ်ပါတယ်။

၃~ဒေးဗစ်အလာဘာ
အလာဘာဟာ ဘယ်နောက်ခံလူ တစ်ဦး အဖြစ် ကစားသမား ဘဝကို စတင် ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဥရောပ ရဲ့ အကောင်းဆုံး ဗဟို နောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် ပုံစံပြောင်း နိုင်ခဲ့ပါတယ်။ အလာဘာဟာ ဒီရာသီကုန်မှာ ဘိုင်ယန်မြူးနစ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အပြင် ဘွန်ဒက်လီဂါ ကလပ် ဘက်ကလည်း စာချုပ်သစ် အတွက် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းလိုက်တယ်လို့ ကြေငြာ ခဲ့တာကြောင့် ဒါဟာ သြစတီးယား လက်ရွေးစင် အတွက် ဘိုင်ယန် ကစားသမား ဘ၀ နောက်ဆုံး ရာသီ ဖြစ်လာတော့မှာပါ။

ဘိုင်ယန်မြူးနစ်ဟာ အလာဘာလို ကစားသမားမျိုးကို ရာသီကုန်မှာ အလွတ် ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုတာထက် ဇန်နဝါရီမှာ ၎င်းကို ရောင်းချကာ ငွေကြေး ရှာဖွေ သွားဖို့လည်း စိတ်ကူး ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးဟာ လက်ရှိ အချိန်မှာ ခံစစ်ပိုင်း ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့ နေရတာကြောင့် ဘိုင်ယန် အတွက် အကောင်းဆုံး ဝယ်လက် ဖြစ်နိုင်ပြီး ၎င်းအတွက် ဘိုင်ယန်တို့ လက်ခံလောက်တဲ့ ဈေးနဲ့ ရအောင် ညှိနှိုင်းသွားဖို့တော့ လိုအပ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular