ဂိုးမက်ဇ်ပါ ဒဏ်ရာ ရရှိခဲ့ပြီးနောက် free agent တစ်ဦးကို ခေါ်ယူဖို့ ချိန်ဆနေတဲ့ လီဗာပူးအသင်း

လီဗာပူးဟာ အသင်းရဲ့ ဒဏ်ရာ ပြသနာ အကျပ်အတည်းကို အနည်းငယ် ပြေလျော့ သွားစေရန် အတွက် ဝက်ဖို့ဒ် နောက်ခံလူဟောင်း ဒါးယန်းမတ်ကို ခေါ်ယူဖို့ ချိန်ဆလျက် ရှိနေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ လက အဓိက နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို ဒူးကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်ထိ လက်လွှတ် သွားရဖို့ ရှိနေတဲ့ အပြင် နောက်ထပ် ဗဟို နောက်ခံလူ တစ်ဦး ဖြစ်သူ ဂျိုးဂိုးမက်ဇ် ကလည်း အင်္ဂလန် ရဲ့ လေ့ကျင့်ရေး အစီအစဉ် တစ်ခုမှာ ဒူးဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ၃ လ ပတ်ဝန်းကျင် အနားယူ သွားရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လီဗာပူးမှာ ကြံ့ခိုင်မှု ပြည့်၀ နေတဲ့ ဗဟို နောက်ခံလူ ဆိုလို့ ဂျိုရယ်မာတစ် တစ်ဦးသာ ရှိနေပြီး ၎င်းကလည်း ပြီးခဲ့တဲ့ ၁၄ လ အတွင်း လီဗာပူး အတွက် ၁၀ ပွဲကျော်အောင် ကစား ပေးခဲ့ခြင်း မရှိခဲ့တာကြောင့် စိတ်ချရတဲ့ အနေအထား ရှိသူ တစ်ဦး မဟုတ်ပါဘူး။ ကံကောင်းတာ ကတော့ ဗဟိုခံစစ်မှာ ဆင်းကစား ပေးနိုင်တဲ့ ဖာဘင်ညို ပြန်လာတော့မယ့် အရာ ဖြစ်ပြီး မာတစ် + ဖာဘင်ညို တို့ အတွဲရဲ့ back up ဆိုလို့ ရီးစ်ဝီလီယံ နဲ့ နက်ဖီးလစ် တို့လို လူငယ် ကစားသမားတွေပဲ ရှိနေကြ ပါတယ်။

myan789

ဒါ့ကြောင့်လည်း လီဗာပူးဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ယန်းမတ်ကို ကာဗာ အဖြစ် ထားရန် စဉ်းစား နေတာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် နယ်သာလန် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့လက the Hornets တို့နဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် free agent ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ယန်းမတ်ဟာ ပြီးခဲ့တဲ့ ၆ နှစ် အတွင်း အင်္ဂလန်မှာ ကျဉ်လည် ခဲ့သူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ ကြွယ်ဝတဲ့သူ ဖြစ်ပါတယ်။

Team Talk ရဲ့ ဖော်ပြချက် အရ ယန်းမတ်ရဲ့ နယ်သာလန် လက်ရွေးစင် အသင်းဖော်ဟောင်း ဖြစ်သူ ဂျီနီဝိုင်နယ်ဒန်ဟာ လီဗာပူး တာဝန်ရှိသူတွေ ထံကို ၎င်းနဲ့ ပက်သက်ပြီး ထောက်ခံချက် ပေးခဲ့တယ်လို့ သိရပါတယ်။ ဝိုင်နယ်ဒန်ဟာ ယန်းမတ် နဲ့ အတူ ဟော်လန် အတွက် ကိုယ်စားပြု ကစား ခဲ့သူ ဖြစ်ပြီး ဒီကစားသမား ၂ ဦးဟာ နယူးကာဆယ် မှာလည်း အသင်းဖော်တွေ ဖြစ်ခဲ့ ပါသေးတယ်။

ယန်းမတ်ဟာ ပြီးခဲ့တဲ့ ရာသီက ဝက်ဖို့ဒ် အတွက် ပြိုင်ပွဲစုံမှာ ၁၀ ပွဲသာ ကစားခွင့် ရခဲ့သူ ဖြစ်ပေမယ့် ညာနောက်ခံလူ နေရာမှာကော ဗဟို နောက်ခံလူ အဖြစ်ပါ ကစား ပေးနိုင်တဲ့ ၎င်းရဲ့ နေရာစုံ အသုံးပြု နိုင်တဲ့ စွမ်းရည်ဟာ လီဗာပူးကို ဆွဲဆောင် နေပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ပွဲစဉ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ယန်းမတ်ဟာ အဆိုပါ နေရာ အတွက် ကာလတို ကာဗာ လုပ်ပေး နိုင်စွမ်းလည်း ရှိပါသေးတယ်။

Free agent ဖြစ်နေတာကြောင့် လီဗာပူးတို့ ၎င်းကို ချဉ်းကပ်ဖို့ ဆုံးဖြတ် သွားခဲ့မယ်ဆိုရင် ဇန်နဝါရီထိ စောင့်နေစရာ မလိုဘဲ ချက်ချင်းပဲ အပြောင်းအရွေ့ လုပ်သွားလို့ ရနေပါတယ်။ လာမည့် ပွဲစဉ်တွေမှာတော့ လီဗာပူးဟာ ဖာဘင်ညို နဲ့ မာတစ် တို့အတွဲ ဒဏ်ရာ ပြသနာ ကင်းရှင်း နေပါစေလို့သာ ဆုတောင်း သွားရမှာ ဖြစ်ပြီး ပွဲဆက်တွေ များမယ့် အနေအထားကြောင့် ဗဟို ခံစစ် အင်အားက ဒီထက်တော့ လိုအပ် နေပါတယ်။

နောက်ဆက်တွဲ သတင်းများ အရ ကတော့ ယာဂန်ကလော့ဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ဗဟို နောက်ခံလူ တစ်ဦးကို မဖြစ် မနေ ခေါ်ယူ သွားဖို့ စီစဉ် နေတယ်လို့ သိရပြီး လက်ရှိမှာတော့ RB လိုက်ပ်ဇစ် နောက်ခံလူ အူပါမက်ကာနိုဟာ ဦးစားပေး ပစ်မှတ် အဖြစ် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular