ဂရီးလစ်ရှ် မန်စီးတီးအသင်းသို့ ဗြိတိန်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဖြင့် ရောက်ရှိတော့မည်ဟု Goal.com ဖော်ပြ

အက်စတွန်ဗီလာအသင်းမှ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်သည် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဖြင့် ရောက်ရှိတော့မည်ဖြစ်ပြီး အပြောင်းအရွှေ့မှာ ရက်ပိုင်းအတွင်း အပြီးသတ်မည်ဖြစ်သည်ဟု Goal.com က အတိအလင်းဖော်ပြခဲ့သည်။

မန်စီးတီးအသင်းသည် ဂရီးလစ်ရှ်ကိုခေါ်ယူရန်အတွက် ဇူလိုင်လကုန်တွင် တရားဝင်ကမ်းလှမ်းခဲ့ပြီး ဂရီးလစ်ရှ်သည် စာချုပ်လက်မှတ်ရေးထိုးရန်အတွက် မန်ချက်စတာမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

myan789

နာမည်ကြီးအားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက မန်စီးတီးအသင်းသည် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ဗီလာအသင်းနှင့်တိုက်ရိုက်ဆွေးနွေးမှုများ စတင်ခဲ့ပြီး သောကြာနေ့တွင် ဗီလာအသင်းထံ တရားဝင်ကမ်းလှမ်းခဲ့သည်ဟု သူ၏ Facebook တွင် ရေးသားခဲ့သည်။

ယခုအခါတွင် ဂရီးလစ်ရှ်၏အပြောင်းအရွှေ့အတွက် အပြီးသတ်လုနီးပါးဖြစ်နေပြီး မကြာမီ လက်မှတ်ထိုးလိမ့်မည်ဟု ယုံကြည်ရကြောင်းလည်း ရိုမာနိုက မှတ်ချက်ပြုခဲ့သည်။

အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် မန်စီးတီးအသင်းက ငြင်းဆန်ခဲ့ပြီး လာမည့်စနေနေ့တွင် ကစားမည့် လက်စတာ-မန်စီးတီး ကွန်မြူနတီဒိုင်းပွဲမတိုင်မီ အပြောင်း အရွှေ့အပြီးသတ်ဖွယ်ရှိကြောင်း သိရသည်။

ဂရီးလစ်ရှ်၏ပြောင်းရွှေ့ကြေးမှာ ၂၀၁၆ ခုနှစ်တွင် ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်း ခေါ်ယူခဲ့စဉ် ပေးချေခဲ့ရသည့် ပေါင် (၈၉) သန်းကိုကျော်ဖြတ်ကာ ဗြိတိန်စံချိန်သစ် ဖြစ်လာမည်ဖြစ်ပြီး မန်စီးတီးအသင်းအတွက်လည်း ပြီးခဲ့သည့်နှစ်နွေရာသီက ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်စ်ကို ခေါ်ယူစဉ်က ကုန်ကျခဲ့သည့် ပေါင် (၆၂)သန်းကိုကျော်ဖြတ်ကာ အသင်းစံချိန်သစ် ဖြစ်လာမည်ဖြစ်သည်။

ဂရီးလစ်ရှ်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁၆) ရက်ကမှ ဗီလာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး ယင်းစာချုပ်အရ လက်ရှိတွင် တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀) ရရှိနေသူ ဖြစ်သည်။

ဗီလာအသင်းသည် အသင်းခေါင်းဆောင်ဖြစ်သူ ဂရီးလစ်ရှ်အား ဆက်လက်ထိန်းသိမ်းထားရန်အတွက် လစာငွေတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း မန်စီးတီး၏ကမ်းလှမ်းမှုကို မတားဆီးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

အသက် (၂၅) နှစ်အရွယ်သာရှိသေးသူ ဂရီးလစ်ရှ် သည် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး သတင်းများတွင်ဖော်ပြချက်အရ တစ်ပတ်လစာ ပေါင် (၃၆၀၀၀၀) အထိ ရဖွယ်ရှိနေသည်။

ယင်းငွေပမာဏမှာ မန်ယူဂိုးသမား ဒီဟေးယား၊ မန်စီး တီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားတို့ပြီးနောက် ပရီးမီးယားလိဂ်တွင် တတိယအမြင့်ဆုံးလစာဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular