ခြင်္သေ့ပြာတို့ ဒီရာသီ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ရှာတွေ့ခဲ့တဲ့ ဖူလ်ဟမ် ၀ – ၂ ချဲလ်ဆီးပွဲမှ ချဲလ်ဆီး ကစားသမားများရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၇ရဲ့ နောက်ဆုံးပွဲမှာ ချဲလ်ဆီး အသင်းဟာ အနောက်လန်ဒန်ဒါဘီ ပြိုင်ဖက် ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ ပထမပိုင်းမှ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ရသွားပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ် ။

ဂိုးသမား – ရောဘတ် ဆန်းချက်ဇ် ( Rating – 7 )

myan789

ဘောလုံး တကြိမ် မှားပေးခဲ့ပေမယ့် ၊ ဖူလ်ဟမ်ဖက်က အပိုင်အခွင့်အရေး တကြိမ်ကို ဆန်းချက်ဇ် တယောက် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ် ။ ပွဲချိန် အများစုမှာတော့ ယင်းစပိန်သား တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့ပါတယ် ။

နောက်တန်း – မာ့ခ်ကူကူရယ်လာ ( Rating – 9 ) ၊ အိတ်ဆဲလ် ဒီဆာဆီ ( Rating – 6 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 7 ) ၊ လီဗိုင်း ကိုဝဲလ် ( Rating – 8 )

၂ပွဲဆက် ၄ယောက်တန်း ခံစစ်နဲ့ ပြန်လည် ချဉ်းကပ်လာတဲ့ ပိုချက်တီနိုဟာ ညာနောက်ခံလူ နေရာမှာ revive ပြန်ဖြစ်နေတဲ့ ကူကူရယ်လာကို ဆက်လက် နေရာပေးခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ၊ ၄င်းဟာ ဒီပွဲမှာ Man of the Match ဆုနဲ့ ထိုက်တန်တဲ့ ကစားပုံမျိုး ပြသသွားတာ တွေ့ရပါတယ် ။

အထူးသဖြင့် နဂို ညာနောက်ခံလူ ၂ဦးလုံး ဒဏ်ရာ ၊ ပွဲပယ်ပြစ်ဒဏ်တွေ ထိနေတဲ့အချိန် ကူကူရယ်လာဟာ ရင့်ကျက်တဲ့ တုန့်ပြန်မှုမျိုး ပြသနိုင်ခဲ့ကာ ၊ တပွဲလုံး အမှားမရှိသလောက် နည်းခဲ့သလို ၊ ပထမပိုင်း အတွင်း ဝီလီယံကို tactical foul လုပ်ကာ အဝါကတ်ယူသွားတဲ့ နေရာမှာလည်း ၄င်းရဲ့ ပါးနပ်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ဘယ်နောက်ခံလူနေရာ ထွက်ကစားခဲ့တဲ့ ကိုဝဲလ်လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ မူဒရစ်ရဲ့ အဖွင့်ဂိုးမှာ ယင်းအင်္ဂလန်လူငယ်လေး လှလှပပ ဖန်တီးမှု လုပ်ပေးခဲ့သလို ၊ ခံစစ်မှာလည်း သူ့ရဲ့ နဂို အားသန်တဲ့ နေရာ မဟုတ်သည့်တိုင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားပြသွားခဲ့ပါတယ် ။

ဗဟိုခံစစ် အတွဲကတော့ ပထမပိုင်းမှာ အလုပ်မရှုပ်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ရဖို့ အရှိန်တင်ခဲ့တဲ့ အိမ်ရှင်ကြောင့် အနည်းငယ် အလုပ်များခဲ့ပါတယ် ။ အထူးသဖြင့် သီယာဂို ဆေးလ်ဗားဟာ မှန်ကန်တဲ့ ဘောလုံးတားဆီးမှု ၊ လူကပ်ကစားတာတွေ လုပ်နိုင်ခဲ့ပါတယ် ။ ဒီဆာဆီကတော့ သာမန်အဆင့် ခြေစွမ်းသာ ပြသနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – အန်ဇို ဖာနန်ဒက်ဇ် ( Rating – 7 ) ၊ မွိုက်ဆက်စ် ကိုင်စီဒို ( Rating – 9 ) ၊ ကော်နာ ဂေါ်လဂါ ( Rating – 8 )

ပုံမှန် ကွင်းလယ်အတွဲကို ပြန်လည် အသုံးပြုလာတာ ဖြစ်ပေမယ့် ၊ ဒီပွဲမှာ ချဲလ်ဆီး ကွင်းလယ်က နားလည်မှု အတော်လေး ပြည့်လာခဲ့ကာ ၊ စည်းချက်ညီညီနဲ့ အတိုပေးဘောတွေ လုပ်နိုင်ခဲ့သလို ၊ တိုက်စစ်ကိုလည်း အခွင့်အခါသင့်သလို ဖန်တီးမှုအချို့နဲ့ ပံ့ပိုးပေးခဲ့ပါတယ် ။

အထူးသဖြင့် ကိုင်စီဒိုဟာ နောက်ပိုင်းပွဲတွေမှာ သူ့ရဲ့ sharpness ပြန်ရလာတာကြောင့် ပြီးခဲ့တဲ့ ရာသီက ဘရိုက်တန်နဲ့ အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရှာဖွေလို့လာပါတယ် ။ ကွင်းလယ်အား ပြိုင်ဆိုင်ရာမှာ ၄င်းရဲ့ တဦးချင်း အရည်အသွေးတွေက အခရာကျခဲ့ပါတယ် ။ အဖွင့်ဂိုးကို စတည်ပေးနိုင်ခဲ့ပါတယ် ။

အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ပေးခံထားရတဲ့ ဂေါ်လဂါကလည်း ကျစ်လျစ်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ၊ ဦးဆောင်အမိန့်ပေးမှု များများစားစား မလုပ်နိုင်သေးပေမယ့် ၊ ၄င်းရဲ့ မခိုမကပ် ကစားပြနိုင်မှု ၊ မိနစ် ၉၀ အပြည့် ဆာလောင်မှု မလျော့ကျသွားတာတွေက ပိုချက်တီနို ယင်းကော့ဘ်ဟမ်းအကယ်ဒမီထွက်ကို ဘာကြောင့် အသင်းခေါင်းဆောင် တာဝန်ပေးထားလဲ ဆိုတာ မြင်တွေ့ရစေမှာ ဖြစ်ပါတယ် ။

အလားတူ အန်ဇိုဟာလည်း ကွင်းလယ်ကို ဆက်လက် ဦးဆောင်မှု ပေးနေဆဲ ဖြစ်ကာ ၊ press တွေကိုလည်း မငြီးမငြူလုပ်ပေးနေဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့် ၄င်းအနေနဲ့ အခွင့်အရေးကောင်း ၂ကြိမ် ရတဲ့အချိန် ဂိုးပေါက်ထဲ အဆုံးမသတ်နိုင်ခဲ့တာက ချဲလ်ဆီးကို ဒုတိယပိုင်း အတွင်း သက်တောင့်သက်သာ မရှိစေခဲ့ပါဘူး ။

တိုက်စစ် – ကိုးလ်ပါလ်မာ ၊ အာမန်ဒို ဘရိုဂျာ ၊ မစ်ခ်ဟိုင်းလို မူဒရစ် ( Rating – 8 )

ဒီရာသီ ပိုချက်တီနိုရဲ့ နောက်ထပ် တိုက်စစ်ပွဲထုတ်မှုအသစ် ဖြစ်ပေမယ့် ၊ ဒီအတွဲဟာ အန္တရာယ် အရှိဆုံး မဟုတ်ရင်တောင် အတော်လေး အရှိန်ကောင်းတဲ့ တိုက်စစ်တွဲဖက်မှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ ၄င်းတို့ရဲ့ ငယ်ရွယ်လျင်မြန်မှုက ပြိုင်ဖက် ခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

ကိုယ်စီသွင်းဂိုး ရခဲ့တဲ့ မူဒရစ် ၊ ဘရိုဂျာတို့သာ နေရာယူပုံ အနည်းငယ် ပိုကောင်းမယ် ၊ အဆုံးသတ် အနည်းငယ် ပိုသေချာမယ်ဆိုရင် ချဲလ်ဆီးတို့ ဒီထက်တောင် ဂိုးပြတ်အနိုင်ရခဲ့မှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ဘရိုဂျာ အတွက် တနှစ်ကြာမှာ ချဲလ်ဆီး အတွက် ပထမဆုံး ဂိုးရခဲ့တာ ဖြစ်သလို ၊ မူဒရစ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်တာကြောင့် ပရိသတ်တွေကတော့ အတိုင်းထက်အလွန် ဝမ်းမြောက်နေကြပါတယ် ။

ဒုတိယ ဦးဆောင်ဂိုးမှာ အဓိကကျခဲ့တဲ့ ပါလ်မာကတော့ ကစားခွင့် ရတိုင်းမှာ ပရိသတ်တွေ အားရတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ၄င်းရဲ့ ဘောလုံးအမြင်စူးရှမှု ၊ press လုပ်နိုင်မှု ၊ ကြိုးစားအားထုတ်မှုတွေက အမှန်တကယ် အသိအမှတ်ပြုရမယ့် အရာတွေ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – အီယန် မတ်ဆင် ( Rating – 7 ) ၊ ရာဟင်း စတာလင် ၊ လက်စ်လေ အူဂိုချူကူ ( Rating – 5 ) ၊ နွန်နီ မက်ဒူးကီ ၊ အဲလက်စ် မားတို့စ် ( N/A )

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular