ချဲလ်ဆီး အတွက် ပထမဆုံး ပွဲထွက်ခွင့် မှာ ပထမဆုံး သွင်းဂိုး နဲ့ ထူူးရှယ် ခြေစွမ်းပြခဲ့တဲ့ ဇီယက်ချ် ရဲ့ ခရာစနိုဒါ နဲ့ ပွဲက စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးခဲ့တဲ့

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ တပွဲမှာ ချဲလ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အတွေ့အကြုံ အလွန့်အလွန် နည်းပါးတဲ့ ရုရှား ကလပ် ခရာစနိုဒါ အသင်း ကို ဒုတိယပိုင်း အတွင်း မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ အတူ ရုရှားမြေ မှာ ၄ဂိုးပြတ်သွင်းပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း မှာ ဒီပွဲမှာ အဖွင့်ဂိုး ကို ပထမပိုင်း ၃၇ မိနစ် မှာ အင်္ဂလန် ကြယ်ပွင့် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဆီကနေ ရရှိခဲ့တာ ဖြစ်ပေမယ့် ၊ ဒီဂိုး ဟာ ပြိုင်ဖက် ဂိုးသမား ရဲ့ ဆိုးရွားတဲ့ လက်စွမ်းကြောင့် ရခဲ့တဲ့ ဂိုးလို့ ပြောရင် မမှားနိုင်ပါဘူး ။

myan789

နောက်ထပ် ဦးဆောင်ဂိုးတွေ မရခင် အထိ ချဲလ်ဆီး အသင်း ရဲ့ ကစားပုံ က အားရစရာ မရှိခဲ့ပေမယ့် ၊ လူစားဝင် ကစားသမား တွေက ချဲလ်ဆီး ကို အကျိုးပေးခဲ့တယ် ပဲ ပြောရမှာပါ ။ မေဆင်မောင့် ၊ ခရစ်တီယန် ပူလီဆစ် ၊ အန်ဂိုလို ကန်တေ တို့ ဝင်လာပြီး နောက်ပိုင်း ပွဲကို ပိုမို ထိန်းချုပ်နိုင်ခဲ့ကာ ၊ ဦးဆောင်ဂိုး ၃ဂိုးပါ ထပ်ရခဲ့ပါတယ် ။

ဒီအထဲမှာ အထူး ခြေစွမ်းပြခဲ့သူ က ချဲလ်ဆီး အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ မော်ရိုကို တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ပဲ ဖြစ်ပါတယ် ။ ဇီယက်ချ် ဟာ ဒီပွဲမှာ သူ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ၊ အားရစရာ ဘောလုံး ပေးပို့ပုံ ၊ လုပ်အားနှုန်းတွေနဲ့ ပေးဆပ်နိုင်ခဲ့ပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ Man of the Match ခြေစွမ်းမျိုး ပြနိုင်ခဲ့တဲ့ ဇီယက်ချ် ကို အထူး ချီးမွမ်းခန်း ဖွင့်သွားခဲ့ကာ ၊ အနာဂတ် မှာလည်း ဇီယက်ချ် ဆီကနေ ပိုကောင်းတဲ့ စွမ်းဆောင်ရည် တွေ ထပ်မံ မြင်တွေ့ရနိုင်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဒီနေ့ပွဲမှာ ဟာကင် ရဲ့ ခြေစွမ်း က အရမ်း အရမ်းကို ကောင်းပါတယ် ။ သူဟာ ဒီမတိုင်ခင် က ချဲလ်ဆီး အသင်း အတွက် ဒီရာသီ ပွဲထွက်ခွင့် တကြိမ်တခါ မှ မရထားသေးသလို ၊ ချဲလ်ဆီး ကို မရောက်လာခင်တုန်းက နယ်သာလန်လိဂ် က မတ်လမှာ ရပ်နားခဲ့လို့ ၊ အဲ့ဒီ ကတည်းက သူဟာ ဘောလုံး ကောင်းကောင်း မကစားခဲ့ရပါဘူး ။ ”

” ဒီတော့ ဒီ အခြေအနေ အားလုံးပေါင်းပြီး ဒီနေ့ပွဲက သူ့ရဲ့ ခြေစွမ်း ကို သုံးသပ်ရရင် အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ် ။ ဟာကင် ကို တကယ်ပွဲတွေမှာ ကြံ့ခိုင်မှု အပြည့် နဲ့ အသုံးပြုနိုင်ဖို့ ကို အရင်ကတည်းက စိတ်လှုပ်ရှားနေခဲ့တာပါ ။ ဒီနေ့ အချိန်မျိုး မရောက်လာခင် အထိ သူ့ကို ပြည့်ပြည့်ဝဝ အသုံးပြုခွင့် မရခဲ့လို့ ၊ အားမလို အားမရတော့ ဖြစ်ခဲ့မိပါတယ် ။ ”

” ဒဏ်ရာ အခြေအနေ က ဟာကင် ကို ပွဲထုတ် အသုံးပြုဖို့ ကျွန်တော် တို့ကို တားမြစ်ခဲ့ပါတယ် ။ ဒါပေမယ့် လေ့ကျင့်ရေး အစီအစဉ် များစွာ ကို ကျွန်တော်တို့ မြင်တွေ့ထားရပြီး ဖြစ်တဲ့ အတွက် သူ ဘယ်လို အရည်အသွေးမျိုး ပိုင်ဆိုင်ထားတယ် ဆိုတာ ကျွန်တော်တို့တွေ သိထားပြီးသား ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ဘောလုံး လက်ခံ ကစားရာမှာ အတော်လေး ကျွမ်ကျင် ပိုင်နိုင်တဲ့ ၊ ဘောလုံး စကေး ကောင်းတဲ့ ၊ ဖန်တီးနိုင်စွမ်း ၊ အဆုံးသတ်နိုင်စွမ်းအား ကောင်းတဲ့ တိုက်စစ် ကစာသမား တဦး ကို ပိုင်ဆိုင်ထားရမှန်း အစောကတည်းက သိထားခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲမှာ ခုနက ကျွန်တော် ပြောခဲ့တဲ့ သူ့ရဲ့ အရည်အသွေး မြောက်မြားစွာ ကို မြင်တွေ့ခဲရတာပါ ။ ကျွန်တော် တို့ဟာ တိုက်စစ်ပိုင်း က သူ လုပ်ဆောင်ရမယ့် အလုပ် အတွက် ခေါ်ယူထားပါတယ် ။ ”

” လူတွေကတော့ သူ့ကို မေ့ကောင်းမေ့နေကြနိုင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ သူ့ကို ဇန်နဝါရီ အပြီးကတည်းက ခေါ်ယူထားခဲ့တာ ဖြစ်သလို ၊ ဒီရာသီ အစောပိုင်း ကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရလို့ပါ ။ ဒီနေ့ပွဲမှာတော့ သူ ဒီ အသင်း မှာ ရှိသေးတယ် ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular