ချဲလ်ဆီး နည်းပြ ဘဝ မှာ အထောက်အကူ ဖြစ်စေမယ့် တပည့်အရင်း တဦး ရဲ့ အရေးပါပုံ ကို ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာတာ ၂ရက်သာ ရှိသေးပေမယ့် ၊ တူချယ် ဟာ မနေ့ည က ကစားခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲကို စတင် ကိုင်တွယ်ခဲ့ပြီး ၊ ဂိုးမရှိ သရေ ရလဒ်သာ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ ကျန်တဲ့ ကစားကွက် နဲ့ နည်းစနစ် အပိုင်းတွေမှာ အများကြီး အားရစရာ ကောင်းတဲ့ အချက်တွေကို ချပြနိုင်ခဲ့ပါတယ် ။

လမ်းပတ် အသုံးပြုခဲ့တဲ့ ၄ – ၃ – ၃ အထိုင်ကို ဖျက်ပြီး ၊ ၃ – ၅ – ၂ ကစားကွက် ကို တူချယ် တယောက် ချဲလ်ဆီး အသင်းသားတွေဆီ စတင် မိတ်ဆက်ပြခဲ့ပါတယ် ။ တရက်သာ လေ့ကျင့်ထားတယ် ဆိုပေမယ့် ၊ အပြောင်းအလဲ တခုမှာ နေရာ ကိုယ်စီ ပြန်ရချင်တဲ့ ကစားသမား တွေကြောင့် ဒီပွဲမှာ သေသေကြေကြေ ရုန်းကန် ကစားခဲ့ကြပါတယ် ။

myan789

ဒါ့အပြင် တူချယ် ဟာ ကစားကွက် အခင်းအကျင်း သာမက ၊ ပွဲထွက် ကစားသမား ရွေးချယ်ရာမှာလည်း လမ်းပတ် သိပ်အသုံးပြုလေ့မရှိတဲ့ စီနီယာ ကစားသမား အများစု ကိုသာ ထုတ်သုံးသွားခဲ့ပါတယ် ။ လမ်းပတ် လက်အောက်မှာ လုံးဝ ခြေစွမ်းမပြခဲ့တဲ့ ကိုင်ဟာဗက်ဇ် ဟာလည်း ဒီပွဲမှာ ပြောစရာ မရှိအောင် ကြိုးစားသွားခဲ့ပါတယ် ။

အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ဟတ်ဒ်ဆန် အိုဒွိုင်း တယောက်သာ ညာ wing-back နေရာကို ထွက်ကစားခွင့် ရခဲ့ပြီး ၊ ၎င်းဟာလည်း တူချယ် နေရာချထားပေးတဲ့ နေရာမှာ အထူး ခြေစွမ်းပြခဲ့ပါတယ် ။ သို့ပေမယ့် တူချယ် ဟာ လမ်းပတ် ရဲ့ လူယုံ ကစားသမား ဖြစ်တဲ့ မေဆင်မောင့် ကိုတော့ အရန်ခုံမှာသာ ထားခဲ့ပါတယ် ။

တဖက်မှာ တူချယ် ဟာ ဒေါ့မွန် အသင်းမှာ သူ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အမေရိကန် ကြယ်ပွင့် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကို ဒီပွဲမှာ ပွဲမထုတ်ခဲ့ဘူး ဆိုပေမယ့် ၊ ၎င်းဟာ တူချယ် ရှိနေသ၍ ချဲလ်ဆီး အသင်းမှာ ဆက်လက် တောက်ပနိုင်တယ် ဆိုတာကတော့ အာမခံချက် အပြည့် ရှိနေပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ပူလီဆစ် အကြောင်း မေးမြန်းခံရမှာတော့ ” ဟုတ်ပါတယ် ။ ဒါပေမယ့် နည်းနည်း ရယ်စရာ ဖြစ်မိတဲ့ ကိစ္ဇ တခု က ဒီ အသင်းကို ရာသီဝက် မှာမှ ရောက်လာမှန်ပေမယ့် ၊ အသင်း ဟာ ရှင်းလင်းပြတ်သားတဲ့ ပုံရိပ် တခု ကို ပိုင်ဆိုင်ထားပြီးပါပြီ ။ ”

” ကျွန်တော် ဟာ ကိုင် ( ဟာဗက်ဇ် ) ၊ တီမို ( ဗာနာ ) ၊ အန်တိုနီယို ( ရူဒီဂါ ) တို့ရဲ့ အကြောင်း ကို ကောင်းကောင်း သိထားပြီးသားပါ ။ အန်ဂိုလို ကန်တေ ဆိုရင်လည်း ကျွန်တော် ဟာ အရင် ကိုင်တွယ်ခဲ့ဖူူးတဲ့ ကလပ်တွေမှာ ခေါ်ယူဖို့ အလိုရှိခဲ့တဲ့ ကစားသမား တယောက်ပါ ။ အခုတော့ ကျွန်တော် ဟာ ခေါ်စရာတောင် မလိုပဲ ၊ ဒီ အသင်းမှာ ကျွန်တော် အရန်သင့် အသုံးပြုလို့ ရနေပါပြီ ။ နောက်ပြီး အိုလီဗီယာ ဂျရူူး ကိုလည်း ကျွန်တော် ပိုင်ဆိုင်ထားပါတယ် ။ ”

” ကျွန်တော် ဟာ ဒေါ့မွန် နဲ့ ပဲရစ်မှာ ရှိခဲ့စဉ် ၊ ပရီးမီးယားလိဂ် အကြောင်းကို နောက်ယောင်ခံ လိုက်ပြီး စောင့်ကြည့်နေခဲ့တာ ကြာပါပြီ ။ ဒီတော့ အခု ကျွန်တော် ပိုင်ဆိုင်ခွင့် ရတဲ့ ကစားသမား တွေရဲ့ လုပ်နိုင်စွမ်း ကို သေသေချာချာ ကြိုတင် သိရှိထားပြီးသားပါ ။ အက်ဇ်ပီလီကွီတာ လို ကစားသမားမျိုး ကိုယ့်ရဲ့ ရုံးခန်းထဲမှာ ခေါ်ထားလို့ ရတယ် ဆိုတာ ရိုးရိုးရှင်းရှင်း နဲ့ အံ့သြဖွယ် ကောင်းပါတယ် ။ ”

” ခရစ်တီယန် နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ၊ ကျွန်တော် ဟာ သူ့ဖက်က ဘာတွေ စွမ်းဆောင်ပေးနိုင်လဲ ဆိုတာ ကောင်းကောင်း သိထားပါတယ် ။ သူ့မှာ ကြီးမားတဲ့ ကြိုးစား အားထုတ်မှု ၊ ဇွဲလုံ့လ ရှိပါတယ် ။ ဒီနေ့ ပွဲထွက်စာရင်း မှာ ထည့်မသုံးခဲ့တာ သူ့အတွက် မျှတတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ခရစ်တီယန် ဟာ အရန်ခုံ ကနေ ထလာပြီး ၊ အသင်းအတွက် ကူညီပံ့ပိုး ပေးနိုင်မယ် ဆိုတာ ယုံကြည်လို့ ၊ ကျွန်တော် သူ့ကို ပွဲမထုတ်ခဲ့တာပါ ။ ဒီအကြောင်း အစုံအလင်လည်း သူ့ကို ရှင်းပြပြီးပါပြီ ။ တခြား အသင်းသားတွေ ဘာလုပ်ပြနိုင်လဲ ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။ ”

” ဒါပေမယ့် ခရစ်တီယန် ဟာ ကျွန်တော်တို့ အတွက် ပွဲအလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ အားထုတ်မှုမျိုး သယ်ဆောင်ပေးနိုင်တယ် ဆိုတာ သိထားပါတယ် ။ ဒီနေ့ပွဲမှာ သူဟာ ကစားခွင့် ရခဲ့တဲ့ အခိုက်အတန် အတိုအတောင်း အတွင်းမှာ အံ့သြဖွယ်ကောင်းအောင် ကစားနိုင်ခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော် ‘ အက်ဇ်ပီ ‘ ရဲ့ နာမည် ကို ခေါ်ဝေါ်ပုံ မှားခဲ့လို့ သူကတောင် ကျွန်တော့ အတွက် အမှား ပြန်ပြင်ပေးခဲ့ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular