ချဲလ်ဆီး ကစားသမား တစ်ဦးကို အထူးချီးကျူး သွားခဲ့တဲ့ လီဗာပူး နောက်ခံလူ အလက်ဇန်းဒါးအာနိုး

လီဗာပူး ညာနောက်ခံလူ ထရန် အလက်ဇန်းဒါးအာနိုးက သူဟာ ချဲလ်ဆီး အသင်းမှာ နေရာ တစ်နေရာ အခိုင်အမာ ရယူ ထားနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ရိစ်ဂျိမ်းရဲ့ စွမ်းဆောင်မှုကို သဘောကျမိတယ်လို့ ဝန်ခံ သွားခဲ့ပြီး ချဲလ်ဆီး ညာနောက်ခံလူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တွေထဲမှာ ပါဝင် နေတယ်လို့ ယုံကြည် နေပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ဒီရာသီမှာ ဝါရင့် နောက်ခံလူ အက်ပီလီကွေတာကို ကျော်ကာ ဖရန့်လမ်းပတ်ရဲ့ အသင်းမှာ နေရာ တစ်နေရာကို ရယူ နိုင်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ၄ ပွဲ ပါဝင် ကစား သွားခဲ့ပြီး ဖြစ်ပါတယ်။ ဂျိမ်းစ် နဲ့ အလက်ဇန်းဒါးအာနိုး တို့ဟာ လာမည့် နွေရာသီမှာ ကျင်းပ သွားမယ့် ယူရို ပြိုင်ပွဲမှာ အင်္ဂလန် ရဲ့ ပွဲထွက် ကစားသမား နေရာ အတွက် ပြိုင်ဆိုင်မှု ပြင်းထန် နေလိမ့်မယ်လို့ လူတော်တော်များများက ခန့်မှန်း ထားခဲ့ကြ ပါတယ်။

myan789

လီဗာပူး ညာနောက်ခံလူ ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ကစားသမား နေရာ အတွက် ပြိုင်ဘက် ချဲလ်ဆီး အသင်းရဲ့ ကစားသမား နဲ့ ပြိုင်ဆိုင်နေ ရမှုကို ကြိုဆို သွားခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုး က “သူဟာ ချဲလ်ဆီး လူငယ် အသင်းတွေမှာ ဘယ်လောက် ကောင်းအောင် ကစား ပြခဲ့သလဲ ဆိုတာကို ကျွန်တော် မှတ်မိ နေပါသေးတယ်။ Youth Cup ပြိုင်ပွဲတွေမှာ ကျွန်တော် သူ့ရဲ့ ကစားပုံကို စောင့်ကြည့် ခဲ့ဖူးပါတယ်။ အကယ်ဒမီထွက် ကစားသမားတွေ ၊ အင်္ဂလန် လူငယ် ကစားသမား တွေဟာ ချဲလ်ဆီး ပထမ အသင်းကြီးမှာ နေရာ တစ်နေရာ ရရှိဖို့ အတွက် အခက်ခဲဆုံး အသင်း တစ်သင်းလို့ ဆိုနိုင်ပါတယ်။

ရိစ်ဂျိမ်း အနေနဲ့ ချဲလ်ဆီးမှာ ဒီလို လုပ်ပြ နိုင်ခဲ့တာ ကတော့ ကျန်တဲ့ လူငယ် ကြယ်ပွင့်တွေ အတွက် statement တစ်ခု ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က အသင်းကြီးမှာ နေရာ ရလာ ခဲ့ပြီး နောက်ပိုင်း သူဘာလဲ ဆိုတာ ပြသ နိုင်ခဲ့ပါတယ်။

သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်ပြီး ခံစစ် ကစားပုံ မာကျောတဲ့ အပြင် တိုက်စစ်ကို လိုက်ပါ ကစားပုံတွေ ကလည်း တအား ကောင်းပါတယ်။ သူဟာ ပြီးပြည့်စုံတဲ့ ညာနောက်ခံလူ တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦး ဖြစ်ပါတယ်။

သူဟာာ ငယ်ရွယ်သေးတဲ့ အပြင် လေ့လာ သင်ယူစရာတွေ အများကြီး ရှိနေ ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေး နဲ့ အလားအလာ အရ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်လာ နိုင်ပါတယ်။ နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှုဟာ အမြဲတမ်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါဟာ ကျွန်တော့်ကို အမြဲတမ်း အကူအညီ ဖြစ်စေတဲ့ အရာ ဖြစ်ပြီး ကစားသမား တော်တော်များများဟာ ဒီလို နေရာ တစ်နေရာ အတွက် ပြိုင်ဆိုင်မှုကြောင့် ပိုကောင်းလာကြ ပါတယ်။

ကျွန်တော် ကတော့ ညာနောက်ခံလူ နေရာဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ နေရာ တစ်နေရာ အတွက် အရမ်း ကောင်းတဲ့ ကစားသမားတွေ အများအပြား ရှိနေ ကြပါတယ်။ ဒါ့ကြောင့် ဒါဟာ မန်နေဂျာ အတွက် အမြဲတမ်း ခေါင်းကိုက်စရာ ဖြစ်နေမှာပါ။ အင်္ဂလန်ရဲ့ ညာနောက်ခံလူ နေရာမှာ လွယ်လွယ်လေး ကစား နိုင်စွမ်း ရှိတဲ့ အပြင် အမြင့်ဆုံး အဆင့်မှာ ကစားနိုင်တဲ့ ကစားသမား ၅ ဦး ၆ ဦး ရှိနေပါတယ်။ ဒါဟာ ခက်ခဲပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular