ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ကာဗာနီ ၊ မက်ဂွားယား နဲ့ ဂရင်းဝုဒ် တို့ ပါဝင် နိုင်မလား ဆိုတာ ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက် အတွင်း PSG အသင်းကို ပြင်သစ် မြေမှာ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ အီဒင်ဆန် ကာဗာနီ နဲ့ မေဆွန် ဂရင်းဝုဒ် ၊ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား တို့ဟာ ပါဝင်ခြင်း မရှိခဲ့ကြ ပါဘူး ။

အခုတော့ ချဲလ်ဆီး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ဧည်ခံ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ကာဗာနီ ၊ မက်ဂွားယား နဲ့ ဂရင်းဝုဒ် တို့ဟာ အသင်း အတွက် ပါဝင် ကစား ပေးနိုင်ခြေ ရှိနေကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

မေဆွန် ဂရင်းဝုဒ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစားပေး ခဲ့တဲ့နောက် ခြေထောက် ဒဏ်ရာ ရရှိ နေခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ကစားခဲ့ ကြတဲ့ ပွဲစဉ် နှစ်ပွဲမှာ ပါဝင် ကစားခွင့် မရရှိခဲ့ ပါဘူး ။ ဒါ့အပြင် မက်ဂွားယား ကလည်း အပေါ့စား ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့တဲ့ အတွက် မပါဝင် နိုင်ခဲ့ ပါဘူး ။

အခြား တစ်ဖက် မှာတော့ နွေ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး ရက်စွဲ တုန်းက ယူနိုက်တက် အသင်းဆီ ရောက်လာ ခဲ့တဲ့ တိုက်စစ်မှူးသစ် အီဒင်ဆန် ကာဗာနီ ကလည်း ကွာရန်တင်း ဝင်နေခဲ့ ရတဲ့ အပြင် လုံလောက်စွာ လေ့ကျင့်မှု တွေကို မပြုလုပ် နိုင်ခဲ့သေးတဲ့ အတွက် ချန်လှပ်ထားခံ ခဲ့ရ ပါတယ် ။

အခုတော့ မာရှယ်ဟာ ပွဲပယ် ခံထား ရတာ ဖြစ်တဲ့ အတွက် ဂရင်းဝုဒ် မပါဝင် ခဲ့ရင်တောင် ကာဗာနီက ယူနိုက်တက် အတွက် ပထမဆုံး ပွဲစဉ် ကစားပေးရဖို့ နီးစပ်တဲ့ အနေအထား တစ်ရပ် ပိုင်ဆိုင် နေခဲ့ ပါတယ် ။ အခုတော့ ဆိုးလ်ရှား က သူတို့ သုံးဦးလုံး ကြံ့ခိုင်မှု အပြည့် နဲ့ ပါဝင် နိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော် ကတော့ သူတို့ သုံးဦးလုံး အသင်းက ရွေးချယ်မယ့် ကစားသမား စာရင်းမှာ ပါဝင် လာကြဖို့ မျှော်လင့် နေပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ ဒီနေ့ မနက်မှာ လေ့ကိင့်ရေး အစီအစဉ် တွေကို လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ဟုတ်ပါတယ် ၊ သူတို့ တွေဟာ ပါဝင် နိုင်ဖို့ အခွင့်အလမ်း ကိုယ်စီ ပိုင်ဆိုင် ထားကြ ပါတယ် ”

” ကျွန်တော်တို့ ဆီမှာ ခြားနားတဲ့ အကြောင်းပြချက် နှစ်ခု ရှိနေ ပါတယ် ။ အီဒင်ဆန် ကတော့ လုပ်ဆောင် ခဲ့တဲ့ လေ့ကျင့်ရေး တွေ အပေါ် မူတည်ပြီး အကောင်းဆုံး လုပ်ပြ နိုင်ဖို့ ဆန္ဒ ရှိနေပါတယ် ။ သူဟာ အသင်း အတွက် အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် ပေးနိုင်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ လို့ ခံစား နေရ ပါတယ် ” လို့ ဆိုးလ်ရှား က ဖြေကြား သွားခဲ့ ပါတယ် ။

ဒီတစ်ပါတ် အတွင်း သတင်းတွေ ကတော့ ယူနိုက်တက် အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ဟာ လေ့ကျင့်ရေး အစီအစဉ်ကို အချိန်မှန် လာရောက်ခြင်း မရှိဘူးလို့ ဖော်ပြ ခဲ့ကြ ပါတယ် ။ ဆိုးလ်ရှား ကတော့ သူ့ရဲ့ အသင်းသား ဖက်က ကာကွယ်စကား ဆိုလိုက်ပြီး သတင်းသမား တွေက ပစ်မှတ်ထားနေကြတယ် လို့ ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ရဲ့ အသင်းမှာ ကစားသမား တွေကို ခေါ်ယူရေး နဲ့ ပတ်သက်လို့ ခမ်နားတဲ့ မှတ်တမ်းကောင်း ၊ ရိုးရာ ဓလေ့ နဲ သမိုင်းကြောင်းတွေ ရှိနေ ခဲ့တယ် လို့ တွေးမိ ပါတယ် ။ အဲ့တာက ကစားသမား တွေဟာ အရင် ကတည်းက ကောင်းမွန်တဲ့ အမူအကျင့် တွေကို ပိုင်ဆိုင် ထားကြောင်း ပြသ နေခဲ့ခြင်း ပါပဲ ”

” ကျွန်တော်တို့ ကစားသမား တွေကို ယုံကြည်တယ် ၊ သူတို့ ဘာတွေလဲ ဆိုတာကို ပြသဖို့ပဲ လိုအပ်ခဲ့ ပါတယ် ။ မေဆွန်ကလည်း အသင်း ရဲ့ လူငယ် စီမံကိန်း ကနေ ရောက်ရှိ လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အံ့ဖွယ် ကောင်းတဲ့ အရာ တွေကို လုပ်ဆောင် ပြထား နိုင်ခဲ့ ပါတယ် ”

” သူဟာ သေချာပေါက် အကောင်းဆုံး ဆက်လုပ် ပြနိုင်ပါလိမ့် ဦးမယ် ။ လက်ရှိ အချိန်မှာ သူဟာ သတင်းသမား တွေရဲ့ ပစ်မှတ် ထားခံ နေရတဲ့ အနေအထား ပိုင်ဆိုင် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ အလုပ် လက်တွဲ လုပ်ရတာ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ကစားသမားလေး တစ်ဦး ပါပဲ ” လို့ ဆိုးလ်ရှား က ကာကွယ် စကား ဆိုသွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular