ချဲလ်ဆီးကနေ ထွက်ခွာဖြစ်ခဲ့ရင် ၊ ရူဒီဂါ ပြောင်းရွှေ့နိုင်တဲ့ တသင်းတည်းသော ကလပ်ရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ရီယို ဖာဒီနန်

ချဲလ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ တလခန့်က အကယ်ဒမီထွက် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ကို ၄နှစ်ခွဲ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက် ၊ အခြား စီနီယာ နောက်ခံလူတွေကို ဆက်တိုက် သက်တမ်း ထပ်တိုးနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပါတယ် ။

အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်လို့ ၊ ကလပ်ဖက်က ၎င်းတို့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ် ။

myan789

အသက် ၂၈နှစ် အရွယ် ၊ ဂျာမန် လက်ရွေးစင် ခံစစ်မှူး ရူဒီဂါ ဆိုရင် ထိုနောက်ခံလူတွေ အနက် အသင်းနဲ့ စာချုပ်သစ် အစောဆုံး ဆွေးနွေးနေသူ ဖြစ်ပေမယ့် ၊ အခုအချိန် အထိ ၎င်းကို သက်တမ်းတိုးနိုင်ဖို့ သဘောတူညီမှု မရသေးပါဘူး ။

သို့ပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ စာချုပ်သစ် ကိစ္စ အတွက် စိတ်မပူဖို့ကို ပရိသတ်တွေထံ မက်ဆေ့ချ် ပေးထားပါတယ် ။ တဖက်မှာ ၎င်းဟာ ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ ၊ ရီးရဲလ်မက်ဒရစ် အစရှိတဲ့ ဥရောပ အင်အားကြီး အသင်းတွေရဲ့ အာရုံစိုက်မှုကို ရနေတာကြောင့် ၊ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ကို အချိန်ဆွဲနေတဲ့ပုံလည်း ပေါ်ပါတယ် ။

လစာ ကိစ္စကလည်း စာချုပ်သစ် ဆွေးနွေးမှု မှာ အတားအဆီး တခု ဖြစ်နေပေမယ့် ၊ ဘာကြောင့် စာချုပ်သစ် ကိစ္စ က နှောင်းနှေးနေသလဲ ဆိုတာကိုတော့ ကာယကံရှင် ဖြစ်တဲ့ ရူဒီဂါ ကိုယ်တိုင် က အသိဆုံး ဖြစ်ပါလိမ့်မယ် ။ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ကတော့ ရူဒီဂါ ဟာ ဘိုင်ယန်မြူးနစ်ကြောင့်သာ မဟုတ်ရင် ၊ ချဲလ်ဆီး က ထွက်ခွာဖြစ်မယ်လို့ မထင်ကြောင်း အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ရူဒီဂါရဲ့ နေရာမှာ ကျွန်တော်သာဆို ချဲလ်ဆီးနဲ့ပဲ ဆက်လက် လက်တွဲဖြစ်မှာပါ ။ ခင်ဗျား ဟာ ချဲလ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခွင့် ရှိသလို ၊ ဥရောပ ပြိုင်ပွဲမှာ အမြင့်မားဆုံး အနေအထားနဲ့ ပြိုင်ဆိုင်ခွင့် ရမှာ ဖြစ်တာကြောင့် ၊ ကျွန်တော်သာ သူ့နေရာမှာဆို စာချုပ်သစ်မှာ လက်မှတ်ထိုးမှာပါ ။ ”

” တူချယ် ဟာ ချဲလ်ဆီးကို ရောက်လာပြီး ၊ ကစားသမားတိုင်းရဲ့ ကံကြမ္မာကို အကြီးကြီး ပြောင်းလဲစေခဲ့ပါတယ် ။ သူတို့ဟာ လက်ရှိ ဥရောပ ချန်ပီယံပါ ။ ပြီးခဲ့တဲ့ စနေနေ့က လက်စတာနဲ့ ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပြီး ၊ သူတို့ဟာ ရင်ဆိုင်ရ လုံးဝ ခက်ခဲတဲ့ အသင်း တသင်း ဖြစ်တယ် ဆိုတာ ပြသခဲ့ပါတယ် ။ ”

” ရူဒီဂါ ဟာ ကစားသမား ဘဝ တလျှောက် အကောင်းဆုံး ဘောလုံး ကစားခြင်းကို ရရှိနေပါတယ် ။ ကစားသမား တယောက် အနေနဲ့ ခင်ဗျား ဟာ အခု အနေအထားကို ပြောင်းလဲချင်ပါ့မလား ။ တခြား ကလပ် တသင်းသင်းဆီ ပြောင်းပြီး ၊ ကိုယ့်ရဲ့ ကံကြမ္မာကို စမ်းသပ်ချင်သေးလား ။ ”

” ကျွန်တော် ကတော့ လက်ရှိမှာ ဘိုင်ယန်မြူးနစ် တသင်းလောက်ပဲ ရူဒီဂါကို ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ် ။ ဘိုင်ယန် ဟာ ကလပ် တသင်းအားဖြင့် ချဲလ်ဆီးထက် ပိုသာနေတယ်လို့ ထင်ပါတယ် ။ အကယ်၍ ဘိုင်ယန်ကို သူ ပြောင်းခဲ့ရင် ၊ အဲဒီမှာ ပြည်တွင်းလိဂ် ချန်ပီယံ ဖြစ်ခွင့် ရှိသလို ၊ ချန်ပီယံလိဂ် ဖလားကိုလည်း စိန်ခေါ်ခွင့် ရှိပါလိမ့်မယ် ။ ”

” အပြောင်းအလဲ ၊ အခြေအနေ အတက်အဆင်း များနေတဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာတို့ဆီလည်း သူ ပြောင်းမယ့်ပုံ မပေါ်ပါဘူး ။ နောက်ပြီး လက်ရှိ အနေအထားမှာလည်း သူတို့ဟာ ချဲလ်ဆီးထက် နောက်ကျကျန်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular