ချိန်ရွယ်ခဲ့တာ တီယာဂို ဖြစ်ပေမယ့် ၊ ညီဖြစ်သူ ရာဖင်ဟာ နဲ့သာ ကျေနပ်လိုက်ရတဲ့ PSG

လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမား တီယာဂို နဲ့ လက်ရှိ PSG ကွင်းလယ် ကစားသမား ရာဖင်ဟာ တို့ဟာ ညီအစ်ကိုတွေ ဖြစ်ပြီး ၊ ဘရာဇီး ဘောလုံးသမားဟောင်းကြီး မာဇင်ဟို ရဲ့ သားတွေ ဖြစ်ပါတယ်။

1994 ကမ္ဘာ့ဖလား ဆုရှင် မာဇင်ဟို ဟာ ဘရာဇီး ဘောလီဘော ကစားသမား တစ်ဦးဖြစ်သူ ဗလာရီယာ အယ်ကန်တရာ နဲ့ အိမ်ထောင်ကျကာ အဆိုပါ သားနှစ်ယောက် ကို မွေးဖွားခဲ့ပေမယ့် ၊ တီယာဂို ကတော့ စပိန် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ကစားလျှက်ရှိကာ ၊ ရာဖင်ဟာ က ဘရာဇီး လက်ရွေးစင် အသင်းကိုပဲ ရွေးချယ် ထားခဲ့ပါတယ်။

myan789

သူတို့နှစ်ယောက် ဟာ 2005-2006 ဝန်းကျင်လောက်မှာ ဘာစီလိုနာ အသင်းရဲ့ နာမည်ကျော် အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ ကို ရောက်ရှိလာခဲ့ကြပြီး ၊ အဲဒီ ကနေ တဆင့် ကမ္ဘာ့ ဘောလုံး စင်မြင့်ထက်ကို တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာတော့ ဘိုင်ယန် မြူးနစ် ကနေ ထွက်ခွာဖို့ သေချာ သလောက် ရှိနေတဲ့ တီယာဂို ကို PSG အသင်း ကိုလဲ လိုချင်ပါတယ်။ ဒါကြောင့် အားကစား ဒါရိုတ်တာ လီယိုနာဒို ဟာ ၊ ကစားသမားတွေ ရဲ့ ဖခင်လဲဖြစ် ၊ အေးဂျင့်အဖြစ် ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ မာဇင်ဟို ထံ ချဉ်းကပ်ကြည့်ခဲ့ပါတယ်။

သို့သော် တီယာဂို ဟာ လီဗာပူး နဲ့ ကြိုတင် သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ေ၀ဝါးသွားခဲ့ပြီး ၊ နောက်ပိုင်းမှာ မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုကနေ ညီဖြစ်သူ အယ်ကန်တရာ ကို ခေါ်ယူသွားခဲ့တာ ဖြစ်တဲ့အကြောင်း မာဇင်ဟို ကိုယ်တိုင်က အခုလို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“ ကျနော် နဲ့ လီယိုနာဒို က ယခင် ကတည်းက အဆက်အသွယ်တွေ ရှိပြီး ၊ အပြောင်းအရွှေ့ ကိစ္စတွေ ပြောခဲ့ပါတယ်။

သူ့ဘက်က လိုချင်တာ က တီယာဂို ကိုပါ။ ဒါပေမယ့် တစ်ဖက်မှာ ကျနော့် သားအကြီးကောင်က လီဗာပူး ကို ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရယူထားပြီးသား ဖြစ်နေတယ်လေ။

ဒါနဲ့ နောက်ပိုင်းမှာတော့ ကျနော်တို့ စကားဝိုင်းထဲကို ရာဖင်ဟာ ရောက်လာပါတယ်။ အစောပိုင်း သူ့ရဲ့ အစီအစဉ်တွေထဲမှာ ရာဖင်ဟာ ကို ခေါ်ယူဖို့ လုံး၀ မပါခဲ့ပါဘူး။

ကျနော့် အထင်ပြောရရင် ရာဖင်ဟာ ကိုတော့ ခေါ်ယူလို့ ရနိုင်တဲ့ အကြောင်း သူ သဘောပေါက်သွားတော့ ၊ လေးလေးနက် စဉ်းစားကြည့်ခဲ့ဟန် တူပါတယ်။ ပြီးတော့ သူ့က ကျနော့်ဆီကို ပြန်ဆက်သွယ်ပြီး ရာဖင်ဟာ အကြောင်းပဲ ပြောကြမယ် ဆိုပြီး ဦးတည်လာခဲ့တာပါ။

အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ လှုပ်ရှားရတာ အရမ်း ပင်ပန်းပါတယ်။ ဒါပေမယ့် အားလုံးက အဆင်ပြေပြေ နဲ့ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့တယ်ဗျာ။ ကျနော်ဖြင့် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး စိုးရိမ်နေခဲ့တာပါ။

ဘုရားသခင် ရဲ့ ကျေးဇူးတော်ကြောင့်လို့ ပြောရမှာပါပဲ။ အပြောင်းအရွှေ့ မပိတ်သိမ်းမီ 6 နာရီ အလိုလောက်မှာ ၊ ကိစ္စအားလုံးကို အဆုံးသတ် နိုင်ခဲ့ပါတယ်” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

ရာဖင်ဟာ ဟာ လက်ရှိ အချိန်မှာတော့ PSG အတွက် 5 ပွဲ အထိ ပါဝင် ကစားပေးထားပြီးပြီ ဖြစ်ပေမယ့် ၊ တီယာဂို က လီဗာပူး အတွက် 2 ပွဲသာ ပါဝင် ကစားပေးရသေး ပါတယ်။

သူဟာ အစောပိုင်းမှာ ဗိုင်းရပ် ကူးစက်ခံရလို့ အနားယူလိုက်ရသလို ၊ အဲဒီ စိန်ခေါ်မှုကို ကျော်လွှားနိုင်ပြန်တော့လဲ အဲဗာတန် ကစားသမား ရစ်ချာလီဆွန် ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ဒဏ်ရာ ရရှိသွားကာ နောက်တစ်ကြိမ် အနားယူနေခဲ့ရသူပါ။

ဒီတစ်ပတ်မှာ ကစားမယ့် မန်စီးတီး နဲ့ ပွဲမှာတော့ အသင်းရဲ့ ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာလိမ့်မယ်လို့ ယူဆရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular