ချယ်လ်ဆီးတိုက်စစ်ကစားသမား ဇီယာ့ရှ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် အေစီမီလန်အသင်း ဆွေးနွေးနေ

စီးရီးအေချန်ပီယံ အေစီမီလန်အသင်းသည် ချယ်လ်ဆီးတိုက်စစ်ကစားသမား ဇီယာ့ရှ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူရန် ဆွေးနွေးနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

အေစီမီလန်အသင်းသည် အသက် ၂၉ နှစ်အရွယ်ရှိ မော်ရိုကိုလက်ရွေးစင်တိုက်စစ်ကစားသမား ဇီယာ့ရှ်အား ခေါ်ယူရန် ကာလရှည်ပစ်မှတ်ထားခဲ့ပြီး ယခင်က ခေါ်ယူနိုင်ခြင်း မရှိသော်လည်း ယခုအခါ အရခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ ဇီယာ့ရှ်သည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် ၃၃ သန်းဖြင့် ပြောင်းရွှေ့ လာခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူ ဖြစ်သည်။

myan789

Tuttomercatoweb ၏ ဖော်ပြချက် အရ ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ၁၂ နှစ် ကြာဝေးကွာနေသည့် စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် အေစီမီလန်အသင်းသည် မော်ရိုကိုတိုက်စစ်ကစားသမား ဇီယာ့ရှ်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေး နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်း သည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဇီယာ့ရှ်ကို ရောင်းထုတ်ရန်ဆန္ဒရှိနေပြီး အေစီမီလန်အသင်းအား အပြီးသတ်ခေါ်ယူခွင့်ပါဝင်သည့် အငှားစာချုပ်ဖြင့် ခေါ်ယူစေလိုနေကြောင်း သိရှိရသည်။ သို့သော် ဇီယာ့ရှ်၏ တစ်နှစ်လစာမှာ ပေါင် ၅ သန်းရှိသည့်အတွက် စိတ်ပူစရာဖြစ်သော်လည်း နှစ်ဖက်အသင်းများ အဖြေရှာရန် စီစဉ်နေကြောင်းလည်း Tuttomercatoweb က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်မရသဖြင့် စိတ်ပျက်နေသည့် ဇီယာ့ရှ်သည် ယခင်က အဆက်အသွယ်ရှိဖူးသည့် အေစီမီလန်အသင်းထံသို့ ပြောင်းရွှေ့ခွင့်ရရန် တွန်းအားပေးဖွယ်ရှိနေကြောင်းလည်း သိရသည်။ ဇီယာ့ရှ်သည် ချယ်လ်ဆီးအသင်းတွင် ကစား သည့် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၈၃ ပွဲတွင် ၁၄ ဂိုး သွင်းယူထားသည်။ သို့သော် ၎င်းင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက နည်းပြ တူဟယ်လ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၂၃ ပွဲကစား ရာတွင် ၁၀ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁၃ ပွဲ အထိ လူစားဝင်အဖြစ် ကစားခဲ့ရသည်။

ထို့ပြင် ချယ်လ်ဆီးနည်းပြ တူဟယ်လ်သည် ကွင်းလယ်တိုက်စစ်နေရာတွင် ဇီယာ့ရှ်ထက် မေဆန်မောင့်နှင့် ဟာဗက်ဇ်တို့ကိုသာ သဘောကျနေသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနွေတွင် စတာလင်၊ ဒမ်ဘီလီတို့ကို ခေါ်ယူရန် ကြိုးပမ်းနေရာ ဇီယာ့ရှ်အနေဖြင့် ပွဲကစားခွင့်ရရန် ရုန်းကန်ရဖွယ်ရှိသဖြင့် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်းလည်း Tuttomercatoweb က ဖော်ပြခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular