ချန်ပီယံ လီဗာပူးလ်အသင်းအား ပွဲအရေအတွက်တူ၊ ရမှတ်တူဖြင့် ဖိအားပေးနိုင်ခဲ့ပြီးနောက်ချန်ပီယံဆုအတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့ပြီဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ချီးကျူး

မန်ယူအသင်းအနေဖြင့် ချန်ပီယံ လီဗာပူးလ်အသင်းအား ပွဲအရေအတွက်တူ၊ ရမှတ်တူဖြင့် ဖိအားပေးနိုင်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း နည်းပြဖြစ်သူ ဆိုးလ်ရှားက ချီးကျူးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပွဲစဉ် ၁၇ ပထမဆုံး နေ့အဖြစ် သောကြာနေ့က ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်းအတွက် ဂိုးများကို မာစီယဲလ် နှင့် ဘရူနိုဖာနန်ဒက်စ်(ပယ်နယ်တီ) တို့က သွင်းယူပေးခဲ့ပြီး ဗီလာအသင်းအတွက် ထရာအိုရေးက သွင်းယူပေးခဲ့သည်။

myan789

မန်ယူအသင်းသည် ၁၀ ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး ပွဲကျန်တစ်ပွဲကျန်ရှိချိန်တွင် ၁၆ ပွဲ ကစား၊ ၁၀ ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံး၊ ၃၃ မှတ်ဖြင့် တနင်္လာနေ့ကစားမည့် ဆောက်သမ်တန်-လီဗာပူးလ်ပွဲမတိုင်မီ လီဗာပူးလ်အသင်းအား ပွဲအရေအတွက်တူ၊ ရမှတ်တူဖြင့် ဖိအားပေးနိုင်ခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့လုပ်နေတာတွေအတွက် ပျော်ရွှင်ရပါတယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာကို ပြနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ ပိုပိုပြီး အသားကျလာသလို ပိုပိုပြီးတော့ အင်အားတောင့်တင်းလာပါပြီ။ လိဂ်ပြိုင်ပွဲနဲ့ ဒီရာသီက တော်တော်လေးခက်ခဲလာပြီလို့ ကျွန်တော်ထင်ပါတယ်။ အံ့အားသင့်စရာကောင်းတဲ့ရလဒ်တွေလည်း တွေ့နေရတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။ Project Restart စတင်ကတည်းက ကျွန်တော်တို့က တည်ငြိမ်မှုရှိနေတာပါ။ ပွဲစဉ်တစ်ပွဲအနိုင်ရတိုင်း ရှေ့ကိုတစ်လှမ်းတိုးနိုင်တာပါပဲ။ ပထမဆုံး အဖွင့်ပွဲက အရေးကြီးသလို ရာသီပိတ် နောက်ဆုံးပွဲကလည်း အရေးကြီးပါတယ်။ ပွဲတွေအားလုံးရဲ့ အရေးပါမှုက အတူတူပါပဲ။ ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ် ကစားပုံကိုတော့ သဘောမကျပါဘူး” ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular