ချန်ပီယံ ဖြစ်ရုံနဲ့ မာန်မတက်နေပါနဲ့ ‘ – သူနဲ့ စကားများခဲ့တဲ့ လီဗာပူး နည်းပြ အဖွဲ့ဝင်တွေကို တည့်ဖြဲလိုက်တဲ့

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒီနှစ် ဘောလုံး ရာသီ အတွက် ချန်ပီယံ ဖြစ်ပြီးသား လီဗာပူး အသင်း ကို အန်းဖီးလ် မှာ ၅ – ၃ နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ သရေ တမှတ် ရရုံနဲ့ လာမယ့် ရာသီ အတွက် ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့် ကို ရရှိမှာ ဖြစ်ပေမယ့် ၊ အခုတော့ နောက်ဆုံး အပိတ်ပွဲ အထိ ချဲလ်ဆီး တို့ တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ် ။

တဖက်မှာ လီဗာပူး အသင်း ဟာ ချန်ပီယံ ဖြစ်သွားပြီး ဆိုပေမယ့် ၊ အိမ်ကွင်း နောက်ဆုံးပွဲ ကို အနိုင် ရလဒ် နဲ့ ပိတ်သိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လည်း အတောင့်တင်းဆုံး ပွဲထွက် ကစားသမား စာရင်း ကို အသုံးပြုပြီး ချဲလ်ဆီး အသင်း ကို ရင်ဆိုင်ခဲ့ရာ မျှော်လင့်ထားတဲ့ အနိုင်ရလဒ် နဲ့ အဆုံးသတ်ပြီး ဖလားမြှောက်နိုင်ခဲ့ပါတယ် ။

myan789

အပြန်အလှန် သွင်းဂိုး တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းခဲ့သလို ၊ တကယ်တမ်း ပွဲရဲ့ အကြိတ်အနယ် ရှိခဲ့တဲ့ အခိုက်အတန့် တွေကလည်း အများအပြားပါပဲ ။ လီဗာပူး အသင်း ရဲ့ အဖွင့်ဂိုး ဖြစ်တဲ့ နာဘီ ကီတာ ရဲ့ အဝေး ကန်ချက် ကလည်း လှပ ကောင်းမွန်ခဲ့သလို ၊ အလက်ဇန္ဒား အာနိုး ရဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက် ကလည်း အံ့သြဖွယ် ဖြစ်ခဲ့ပါတယ် ။

သို့ပေမယ့် ဒီ တိုက်ရိုက် ဖရီးကစ် မတိုင်မီ မှာ ချဲလ်ဆီး ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ လီဗာပူး တောင်ပံ ကစားသမား ဆာဒီယို မာနေး ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင် အန်ဒရေ မာရင်နာ က ဖရီးကစ် ကန်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒီ အနေအထား မှာ ကိုဗာဆစ် ဟာ ဘောလုံး ကိုပဲ ရည်ရွယ်ဖျက်ထုတ်ခဲ့သလို ဘောလုံးလည်း ထိခဲ့ပေမယ့် ဒိုင် က ဖရီးကစ် ကန်ခွင့်ပေးခဲ့တာကြောင့် ကွင်းထဲရှိ ချဲလ်ဆီး အသင်းသား တချို့ ဟာ ဒိုင် အပေါ် စောဒက တက်ခဲ့ကြသလို ၊ ကွင်းဘေးစည်း မှာ ရှိနေခဲ့တဲ့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် နဲ့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ် အပါအဝင် တခြား နည်းပြ အဖွဲ့ဝင်တွေနဲ့ စကားများမှု တွေ ဖြစ်ခဲ့ပါတယ် ။

ဒီအကြောင်း နဲ့ ပတ်သက်ပြီး ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ လမ်းပတ် က ” ကျွန်တော့ အမြင် အရတော့ ကိုဗာဆစ် ရဲ့ ဖျက်ထုတ်မှု က ပြစ်ဒဏ်ဘော မဟုတ်ပါဘူး ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ အနေအထား တွေနဲ့ ဆန့်ကျင်ခဲ့တဲ့ အရာတွေ အများကြီး ရှိပါတယ် ။ ”

” ဒါပေမယ့် ဒီအကြောင်းကြောင့် ယာဂင် ကလော့ပ် နဲ့ ကျွန်တော် ပြဿနာ ဖြစ်ခဲ့ကြတာ မဟုတ်ပါဘူး ။ သူဟာ ဒီရာသီ လီဗာပူး အသင်း ကို အကောင်းဆုံး ဦးဆောင် လမ်းညွှန်ပေးနိုင်ခဲ့သူပါ ။ နည်းပြ ခုံတန်း က တချို့လူတွေကို ကျွန်တော် ရည်ညွှန်းချင်တာပါ ။ ”

” ဒီ ပြစ်ဒဏ်ဘောမျိုး ဟာ ခင်ဗျား က ချန်ပီယံ အသင်း ဖြစ်နေသလို ၊ ဒီပွဲကို နိုင်နေတဲ့ အသင်း ဖြစ်လို့ ကိစ္စ သိပ်မရှိပေမယ့် ၊ ကျွန်တော်တို့ အတွက် နစ်နာပါတယ် ။ လီဗာပူး အသင်း အပေါ် ကျွန်တော် လေးစားပါတယ် ။ ဒါပေမယ့် တခါလောက် ချန်ပီယံ ဖြစ်ရုံနဲ့ မာန်မတက်နေပါနဲ့ ။ ဒါဟာ ကျွန်တော် ထောက်ပြချင်တဲ့ အချက်ပါပဲ ။ ”

” ဒါပေမယ့် ဖြစ်ပြီးတာ က ဖြစ်ပြီးသွားပါပြီ ။ အကြိတ်အနယ် ရှိတဲ့ ပွဲတပွဲ မှာ ခင်ဗျား ဟာ စိတ်ခံစားချက် အရ အရမ်း ပြင်းထန်နေသလို ၊ ဒါရဲ့ အကျိုးဆက်ကြောင့်ပဲ ဒီလို စကားများတာတွေ ဖြစ်ခဲ့ရတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ဒီ ရှုံးပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ဆုံး အပိတ်ပွဲစဉ် အထိ ကြိုးစားရမှာ ဖြစ်ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ကစားမယ့် ဝုလ်ဗ် နဲ့ ပွဲမှာ ချဲလ်ဆီး တို့ အနိမ့်ဆုံး သရေ တမှတ် ရမှသာ ချန်ပီယံလိဂ် ဝင်ခွင့် ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး လမ်းပတ် က ” ဒီပွဲဟာ ကျွန်တော်တို့ အတွက် အရမ်း ကို ကြီးကျယ်လာမှာပါ ။ ဒီ အခြေအနေ ကို ကျွန်တော်တို့ နားလည်ပြီးသားပါ ။ အခုအချိန် အထိ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကျွန်တော်တို့မှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိပါသေးတယ် ။ ”

” ဒါကြောင့်မို့ ဝုလ်ဗ် နဲ့ ပွဲမှာ ရလဒ်ကောင်း တခု စွမ်းဆောင်ပြနိုင်ဖို့ လိုပါတယ် ။ ကျွန်တော် တို့ လိုချင်တဲ့ အဆင့်အတန်း ကို ရောက်ချင်ရင် အဲ့ဒီ နေရာ နဲ့ ညီမျှတဲ့ ဖိအားဒဏ် ကိုလည်း ရင်ဆိုင်နိုင်ရပါမယ် ။ ဒီနေ့ အရှုံး ရလဒ် ကို ပြန်ကုစားပြီး တနင်္ဂနွေနေ့ ပွဲကို ချီတက်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular