ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

ဇင်းနစ် – ဒေါ့မွန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ဝဝး၂၅ နာရီ)

ဇင်းနစ်က UEFA Coefficient အမြင့်ဆုံးနိုင်ငံတွေထဲက အသင်းတစ်သင်းအနေနဲ့ ဒီအုပ်စုမှာ ခေါင်အဖြစ် သတ်မှတ်ခံရတယ်။ အုပ်စုကလည်း အရမ်းကျပ်တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ဒီအုပ်စုမှာတောင် သူတို့ သိသိသာသာအားနည်းနေတာ တွေ့ရတယ်။ ဒေါ့မွန်က ပထမအကျော့တုန်းက အိမ်ကွင်းမှာ အနိုင်ကစားခဲ့တယ်။ ဒီပွဲကလည်း အုပ်စုဗိုလ်နေရာအတွက် အနိုင်ကစားရဦးမယ့်ပွဲဖြစ်တယ်။ ဒေါ့မွန်သာ သရေကျပြီး လာဇီယို နိုင်သွားရင် အုပ်စုဗိုလ်နေရာ လွှဲပေးလိုက်ရမှာဖြစ်လို့ ဒီလိုအမှားမျိုးကို ဒေါ့မွန် ကျူးလွန်လိမ့်မယ်လို့ မထင်ဘူး။ ဒေါ့ မွန် (၂-၁၊ ၃-၁) ရလဒ်တွေ ယူဖို့များတယ်။

myan789

လာဇီယို – ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ဝဝး၂၅ နာရီ)

ဘရုဂေးက မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ လာဇီယိုကွင်းမှာ အနိုင်ကစားနိုင်ခဲ့ရင် အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်လို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရနေ တုန်းပဲလို့လည်း ပြောရမယ်။ ဒါပေမဲ့ ကစားရမှာက အီတလီမြေ ဖြစ်နေတယ်။ ဒါ့အပြင် လာဇီယိုက အသင်းကောင်းတစ်သင်းလည်းဖြစ်တယ်။ ဒီအုပ်စုမှာ အားအကောင်းဆုံးလို့ ပြောနိုင်တဲ့ ဒေါ့မွန်နဲ့ နှစ်ပွဲမှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေကစားခဲ့တယ်။ အုပ်စုတွင်း ရှုံးပွဲမရှိသေးတာလည်း တွေ့ရတယ်။ ဒါကြောင့် လိုအပ်နေတဲ့သရေအတွက် စိတ်ပူစရာမလိုသလို နိုင်ပွဲလည်းယူမှာပါ။

ချယ်လ်ဆီး – ခရက်စ်နိုဒါ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး လူစုံထုတ်ဖို့ ခက်ပါတယ်။ ချယ်လ်ဆီးက အုပ်စုက နောက်တစ်ဆင့်တက်ရုံတင်မဟုတ်ဘဲ အုပ်စုဗိုလ်နေရာအတွက်ပါ သေချာသွားခဲ့ပြီးပြီ။ ခရက်စ်နိုဒါကလည်း ယူရိုပါ လိဂ်ကို ဆင်းကစားဖို့ သေချာသွားပြီးပြီ။ လက်ရှိအနေအထားအရ ချယ်လ်ဆီးရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံရောက်နေတယ်။ ပြိုင်ပွဲအစုံမှာ ရှုံးပွဲမရှိတာ တော်တော်ကြာပြီ။ တိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးမှုတွေကလည်း အားကောင်းတယ်။ ခံစစ်လည်း ငြိမ်လာတယ်။ လူစုံမထုတ်ဖို့က သေချာပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီး အားကောင်းဆဲပဲ။ ဂိုးပြတ်နိုင်ဖို့များတယ်။

ရန်းစ် – ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

ဒီအုပ်စုက ပွဲစဉ် (၅)အပြီးမှာပဲ အုပ်စုတွင်း အဆင့် (၁၊ ၂၊ ၃၊ ၄) ရပ်တည်မှုတွေ လုံးဝသေချာသွားတဲ့ ရှားရှားပါးပါး အုပ်စုတစ်ခုဖြစ်တယ်။ ဒါကြောင့် ချယ်လ်ဆီးပွဲလိုပဲ ဒီပွဲလည်း ဘာအတွက်မှမဟုတ်ဘဲ ဂုဏ်သိက္ခာအတွက်သာ ကစားရမယ့်ပွဲမျိုး ဖြစ်တယ်။ ရှေ့ကိုဆက်သွားရမယ့် ဆီဗီလာအတွက် ဒီပွဲအပေါ် အာရုံစိုက်မှုက ပိုနည်းနိုင်ပြီး ရန်းစ်ကတော့ နောက်ဆုံးပွဲမှာ သိက္ခာဆယ်ဖို့ ကြိုးစားတာပဲရှိမယ်။ ခြေစွမ်းပိုင်းကတော့ ဆီဗီလာကို မမီပြန်ဘူး။ ဒါကြောင့် ဒီပွဲက သရေကျသွားဖို့ များတယ်။ ဂိုးလည်း နည်းနိုင်တယ်။

ဘာစီလိုနာ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

ပထမအကျော့တုန်းက အသင်းကြီးနှစ်သင်း၊ မက်ဆီ-စီ ရော်နယ်လ်ဒိုတို့အကြား အပြန်အလှန် Poke လုပ်ခဲ့ကြသေးတယ်။ စီရော်နယ်လ်ဒိုကတော့ Covid ကြောင့် မကစားနိုင်ခဲ့ဘူး။ ဘာစီလိုနာက ဂျူဗင်တပ်စ်ကွင်းမှာ အနိုင်ကစားသွားခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရဆိုရင် ဘာစီလိုနာ သာတယ်လို့လည်း ပြောလို့မရဘူး။ ခြေညီပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဥရောပအောင်မြင်မှုကိုသာ မျှော်လင့်ထားရင် ခြေပျက်နေတဲ့ ဘာ စီလိုနာကို နှစ်ကျော့စလုံး ရှုံးတဲ့အခြေအနေမျိုးနဲ့တော့ လုပ်ပြနိုင်ဖို့မလွယ်ဘူး။ ပြီးတော့ ဒီပွဲမှာ အရေးကြီးတဲ့အချက်တစ်ခုက အုပ်စုဗိုလ်ရဖို့ပါ။ မဟုတ်ရင် ရှုံးထွက်အဆင့်မှာ အရမ်းခက်ခဲသွားနိုင်တယ်။ ကစားရမှာက ဘာစီလိုနာကွင်းဆိုပေမဲ့ လက်ရှိခြေအရဆိုရင် ဂျူဗင်တပ်စ်ကို ပိုကြိုက်တယ်။

ဒိုင်နမိုကိဗ် – ဖယ်ရန်ဗာရို့စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံးအတွက် ဒီရာသီ ဥရောပပွဲစဉ်တွေမှာ အရေးအကြီးဆုံးပွဲလို့တောင် ပြောရမယ်။ ပွဲစဉ် (၅)အပြီးအထိ သူ တို့အချင်းချင်း သရေကျခဲ့တဲ့ပွဲကလွဲပြီး ဘာစီလိုနာကိုရော၊ ဂျူ ဗင်တပ်စ်ကိုရော ဒုက္ခမပေးနိုင်ခဲ့ဘဲ သရေတစ်မှတ်စီ ယူခဲ့ရတာချင်းလည်း တူတယ်။ ပထမအကျော့သရေပွဲကြောင့် ဒိုင်နမိုကိဗ်က အားသာနေသလို၊ အဝေးဂိုးတွေလည်း ရထားတာကြောင့် အခြေအနေက အရမ်းအခက်ကြီးတော့ မဟုတ်ဘူး။ ဖယ်ရန်ဗာရို့စ်အတွက်တော့ ဒီပွဲက ဒီရာသီအတွက် နောက်ဆုံးပွဲဖြစ်မှာပါ။ ဒိုင်နမိုကိဗ်ကိုပဲ ကြိုက်တယ်။

လိုက်ပ်ဇစ် – မန်ယူ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

မန်ယူ အိမ်ကွင်းမှာတုန်းက (၅-၀)နဲ့ အပြတ်အသတ် အဖြေထွက်ခဲ့တဲ့ပွဲဖြစ်ပြီး မန်ယူအသင်းရဲ့ အားကောင်းတဲ့ တန်ပြန်တိုက်စစ်၊ Transition Play ကို လိုက်ပ်ဇစ် ခံစားခဲ့ရတယ်။ လက်ရှိခြေစွမ်းအရဆိုရင်လည်း မန်ယူအသင်းရဲ့ရလဒ်တွေက အရမ်းကောင်းနေပြီး၊ ခြေစွမ်းပိုင်းကလည်း ထိပ်တန်းအဆင့်ပုံစံမျိုး ပြန်မြင်လာရတယ်။ ပြဿနာက မန်ယူအသင်းရဲ့ချန်ပီယံလိဂ်ရလဒ်ပိုင်းပဲ။ နောက်ဆုံး (၁၀)ပွဲမှာ (၆)ပွဲတောင် ရှုံးခဲ့တယ်။ ဒီရာသီမှာလည်း ပုံစံကောင်းပြရင် ဘယ်အသင်းကိုမှ ကြောက်စရာမလိုအောင်ကောင်းပေမဲ့ အားနည်းတဲ့ပွဲတွေဆိုရင်လည်း ထိန်းမရအောင် ပျက်သွားတတ်တယ်။ လိုက်ပ်ဇစ်ရဲ့Current Formက မန်ယူလောက်တောင် အားမကောင်းပါဘူး။ ပထမအကျော့တုန်းကလည်း ဂိုးပြတ်ရှုံးထားတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ခြေစွမ်းပိုင်းမှာ မန်ယူထက် ပိုတည်ငြိမ်တာတွေ့ရတယ်။ PSG ကို ကစားခဲ့တဲ့ နှစ်ပွဲက ခြေစွမ်းမျိုးက မန်ယူအတွက် စိုးရိမ်စရာပဲ။ မန်ယူလိုတာ တစ်မှတ်ပါပဲ။ ဒါပေမဲ့ ခက်ခက်ခဲခဲ ယူရလိမ့်မယ်။ သရေကျသွားနိုင်ခြေတော့ ရှိပါတယ်။

PSG – ဘာရှက်ဆီဟီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၉ ရက် နံနက် ၂း၃၀ နာရီ)

လိုက်ပ်ဇစ်နဲ့ မန်ယူတို့ သရေကျပြီး၊ PSG က ဒီပွဲကို ရှုံးရင် PSG အုပ်စုအဆင့်ကနေ ကျန်ခဲ့မှာဖြစ်တယ်။ ဒါပေမဲ့ ဒီလိုအမှားမျိုးကို PSG ကျူးလွန်စရာအကြောင်း မရှိပါဘူး။ တကယ် လိုအပ်တဲ့အချိန်မှာ နေမာ၊ ဘာပေတို့က ဘာတွေလုပ်နိုင်သလဲဆိုတာ မန်ယူနဲ့ပွဲမှာ သက်သေပြခဲ့ပြီးပြီ။ ဒီပွဲက အများကြီးစဉ်းစားနေစရာပွဲမျိုးလည်း မဟုတ်ဘူး။ ဘာရှက်ဆီဟီက အုပ်စုက ထွက်ပြီးသား၊ မျှော်လင့်ချက်မဲ့ အသင်းတစ်သင်းအနေနဲ့ အားထုတ်မှုရှိတော့မှာ မဟုတ်သလို၊ တကယ်ခြေကုန်ထုတ်ကစားရင်လည်း အဆင့်အတန်းက အရမ်းကွာခြားပါတယ်။ PSG အနိုင်ကစားမယ်။ အုပ်စုနောက်ဆုံးပွဲကို ဂိုးပြတ်သွင်းပြီး၊ အုပ်စုဗိုလ်နေရာပါ ယူသွားလိမ့်မယ်။ 

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular