ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

ခရက်စ်နိုဒါ – ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၀၀:၂၅ နာရီ)
ခရက်စ်နိုဒါက ခြေစစ်ပွဲအဆင့်တွေမှာ အင်အားသိပ်မကွာတဲ့အသင်းတွေကို ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ အုပ်စုအဆင့်မှာတော့ မလွယ်ပါဘူး။ ဒါပေမဲ ့အဖွင့်ပွဲမှာ ရန်းစ်ကို အဝေးကွင်းမှာ သရေကစားခဲ့တာတွေ့ရတယ်။ ဒီအုပ်စုက ချယ်လ်ဆီး၊ ဆီဗီလာတို့အတွက် အရမ်းတော့မခက်ဘူး။ အမှားလည်းခံပါတယ်။ သရေကစားတဲ့အထိ ချယ်လ်ဆီး အေးဆေးပါ။ ဒါပေမဲ့ ဒီလိုပွဲမျိုးကို ရှုံးသွားအောင် ကစားတာမျိုးအထိတော့ မမှားသင့်ဘူးပဲ ပြောရမယ်။ ပုံမှန်အားဖြင့်တော့ ဒီပွဲမျိုးမှာ ချယ်လ်ဆီး အနိုင်ယူဖို့ သိပ်မခက်ပါဘူး။ ဂိုးပြတ်ဖို့အထိတော့ သိပ်ယုံကြည်လို့မရဘူး။

ဘာရှက်ဆီဟီ – PSG (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၀၀:၂၅ နာရီ)
ဘာရှက်ဆီဟီက ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘား၊ လီဗာပူးလ် နောက်ခံလူဟောင်း စကာတယ်လ်၊ မန်ယူနောက်ခံလူဟောင်း ရာဖေးလ်တို့လို ကစားသမားတွေကို တူရကီ၊ ဘရာဇီးလ်၊ ပြင်သစ်တို့က အလယ်အလတ်တန်းစားတွေနဲ့ ပေါင်းစပ်ထားတဲ့အသင်းဖြစ်ပြီး တူရကီမှာတော့ နာမည်ရလာတဲ့အသင်းလို့ ပြောရမယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်နဲ့ပွဲတုန်းကတော့ ခြေကွာခဲ့သလို၊ အန်ဟယ်လီနိုရဲ့ ဂိုးနှစ်ဂိုးနဲ့ အရှုံးပေး ခဲ့ရတယ်။ အဖွင့်ပွဲမှာ မန်ယူကို ရှုံးပြီး ကျားနာခဲခဲတော့မဲ့ PSG ကို တားဆီးနိုင်စွမ်းရှိဖို့လည်း မလွယ်ပါဘူး။ PSG သေချာပေါက် အနိုင်ကစားလိမ့်မယ်။ ဂိုးလည်းပြတ်သွားနိုင်တယ်။

myan789

ဆီဗီလာ – ရန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
ဆီဗီလာက ချယ်လ်ဆီးနဲ့ ပွဲတုန်းက အဝေးကွင်းဆိုပေမဲ့ သက်သောင့်သက်သာကစားနိုင်ခဲ့တယ်။ ခြေစွမ်းနဲ့အခွင့် အရေးဖန်တီးမှု သိပ်မကွာပေမဲ့ ပိုကောင်းတဲ့အခွင့်အရေးတွေတော့ ဖြစ်ခဲ့တာတွေ့ရတယ်။ ရန်းစ်ကတော့ ခရက်စ်နိုဒါကို အနိုင်ရသင့်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမဲ့ သရေကျခဲ့တာ နှမြောစရာပါ။ ဆီဗီလာလိုအသင်းမျိုးနဲ့ တွေ့တဲ့အချိန်မှာ ခရက်စ်နိုဒါ ကို ရခဲ့တဲ့အခွင့်အရေးမျိုးတွေရဖို့လည်း ခက်ပါတယ်။ ဆီဗီလာကိုပဲ ပိုကြိုက်တယ်။

ဒေါ့မွန် – ဇင်းနစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
လာဇီယိုကို ဒေါ့မွန် ရှုံးခဲ့တာ အံ့ဩစရာပါ။ ခြေစွမ်းအရ မရှုံးသင့်ပေမဲ့ ခံစစ်က အမှားကျူးလွန်တာ၊ Set Piece ကနေ ဂိုးပေးလိုက်ရတာနဲ့ နောက်ဆုံးဂိုးကလည်း ခံစစ်ပိုင်းမလုံခြုံလို့ ဂိုးပြတ်ရှုံးခဲ့ခြင်းဖြစ်တယ်။ ခြေစွမ်းကတော့ မညံ့ပါဘူး။ ဒီလိုအမှားမျိုးတွေလည်း မကြာခဏ ကျူးလွန်လေ့ရှိတဲ့အသင်းမျိုး မဟုတ်ဘူး။ ဇင်းနစ်ကတော့ ဘရုဂေးပြီးတော့ ပြည်တွင်းမှာလည်း ကာဇန်ကို ထပ်ရှုံးခဲ့တယ်။ ဒီပွဲကတော့ ဒေါ့မွန်အတွက် နိုင်ပွဲယူမယ်၊ ဂိုးပြတ်သွင်းမယ်ဆိုတဲ့အလှည့်ပါပဲ။

ကလပ်ဘရုဂေး – လာဇီယို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
လာဇီယိုက ဒေါ့မွန်နဲ့ပွဲတုန်းကတော့ ဒေါ့မွန်ရဲ့ခံစစ်ပိုင်းအမှားတွေကို အသုံချနိုင်ခဲ့တယ်။ တိုက်စစ်ပိုင်းက Clinical ဖြစ်ခဲ့လို့ ဂိုးပြတ်နိုင်ခဲ့တယ်လို့လည်း ပြောနိုင်တယ်။ ဒါပေမဲ့ မဖြစ်မနေချီးကျူးရမှာတော့ လွှမ်းမိုးခံနေရတဲ့အချိန်မှာ စုစည်းမှုအ ပြည့်နဲ့ကစားခဲ့တဲ့ ခံစစ်၊ ခံစစ်ကို ကူညီနိုင်သလို၊ တိုက်စစ်ကိုလည်း အားဖြည့်ပေးခဲ့တဲ့ ကွင်းလယ်တွေပါပဲ။ ဒေါ့မွန်ကို နိုင်ခဲ့တဲ့ပွဲအ ပြီးမှာ ဘိုလော့ဂ်နာကိုပါ ထပ်နိုင်ပြီး လာဇီယို အရှိန်ရလာတယ်။ ဘရုဂေးလည်း မညံ့ပေမဲ့ လာဇီယို မရှုံးနိုင်ဘူးလို့ထင်တယ်။

ဂျူဗင်တပ်စ် – ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
ဒီရာသီမှာ နှစ်သင်းစလုံး ခြေမငြိမ်ဘူးပဲ ပြောရမယ်။ ဒါပေမဲ့ ခြေစွမ်းပြတဲ့ ပွဲချင်းယှဉ်ရင် ဘာစီလိုနာ ကစားတာ ပိုကြိုက်တယ်။ ညံ့တဲ့ပွဲတွေမှာတော့ နှစ်သင်းစလုံး တော်တော်ညံ့ပြီး ဂျူဗင်တပ်စ်က ပိုဆိုးပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းမကွာပေမဲ့ ခြေစွမ်းပိုင်းမှာ ဘာစီလိုနာကို ပိုကြိုက်တယ်။ ဂျူဗင်တပ်စ်ရဲ့အဓိကကစားသမား စီရော်နယ်လ်ဒိုကတော့ အင်္ဂါနေ့ နောက်ဆုံး ဆေးစစ်ချက်မှာ အခြေအနေကောင်းမှ ဒီပွဲကို ကစားမှာဖြစ်လို့ ပါဖို့ မသေချာဘူး။ စီရော်နယ်လ်ဒိုသာ မပါရင် ဒီဘားလား နေရာ ပျောက်နေတာ၊ မိုရာတာကို သိပ်ယုံကြည်လို့မရတာတွေကြောင့် ဘာစီလိုနာကို ပိုသဘောကျတယ်။ သက်ကြီးကစားသမား တွေနဲ့ ဂျူဗင်တပ်စ်ခံစစ်ပိုင်းကို အန်ဆူဖာတီ၊ ပတ်ဒရီ၊ ဒမ်ဘီလီတို့လို လူငယ်တွေက ပိုသဘောကျနိုင်သလို၊ မက်ဆီကလည်း အသင်းကို ဦးဆောင်ပုံကောင်းပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ကစားခဲ့တုန်းက တိုက်စစ်မျိုးဆိုရင်တော့ ဘာစီလိုနာ ရုန်းကန်ရလိမ့်မယ်။ ဒီပွဲက သရေကျဖို့များပါတယ်။ (၁-၁)လောက်ပဲ ဖြစ်လိမ့်မယ်။

ဖယ်ရန်ဗာရို့စ် – ဒိုင်နမိုကိဗ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံးက အဖွင့်ပွဲတွေမှာ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ကို ရှုံးခဲ့ကြတယ်။ ဒီအုပ်စုမှာ အုပ်စုဒုတိယနေရာကိုတောင်ယူဖို့ မလွယ်တဲ့အသင်းတွေဖြစ်ပြီး ယူရိုပါလိဂ်ကို သွားဖို့အတွက် အုပ်စုတတိယနေရာလုရမဲ့အသင်းတွေလည်းဖြစ်တယ်။ အစဉ်အလာအရဖြစ်စေ၊ စုဖွဲ့မှုအရဖြစ်စေ ဒိုင်နမိုကိဗ် ပိုကောင်းတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဖယ်ရန်ဗာရို့စ်ရဲ့အိမ်ကွင်းဆိုပေမဲ့ ဒိုင်နမိုကိဗ် အနိမ့်ဆုံးသရေကစားပါလိမ့်မယ်။ နိုင်ပွဲလည်း ရသွားနိုင်တယ်။ 

မန်ယူ – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက်၊ နံနက် ၂:၃၀ နာရီ)
PSG ကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တာကြောင့် မန်ယူက အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့အတွက် မျှော်လင့်ချက်ပိုအားကောင်းသွားတယ်။ တကယ်လို့ ဒီပွဲကိုသာ အနိုင်ကစားခဲ့ရင် နောက်နှစ်ပွဲက ဘာရှက်ဆီဟီနဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ အုပ်စုကနေတောင်တက်သွားနိုင်တဲ့ အနေအထားဖြစ်သွားမယ်။ ပြဿနာက မန်ယူတိုက်စစ်နဲ့ ကစားပုံကို ဘယ်လောက် ယုံကြည်လို့ရမလဲဆိုတဲ့အပိုင်းပဲ။ နယူးကာဆယ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီး နောက်ပိုင်းပွဲတွေက ရလဒ်တင်မဟုတ်ဘဲ ခြေစွမ်းပိုင်းပါ ကောင်းလာတာ သိသာပါတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်က မနှစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။ ဒီနှစ် ဘွန်ဒစ်လီဂါမှာ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ သွားနေပြီး၊ အမှတ်ပေးဇယားကို ဦးဆောင်နေတယ်။ အူပါမယ်ကာနို ဦးဆောင် တဲ့ ခံစစ်က မန်ယူခံစစ်ထက် အများကြီးပိုတည်ငြိမ်သလို၊ ဘောလုံးပိုင်ဆိုင်မှုအများကြီးနဲ့ ကစားနေတဲ့အသင်းမဟုတ်၊ မန်ယူကို တန်ပြန်တိုက်စစ်ပေးကစားမဲ့ အသင်းမျိုးလည်းမဟုတ်ဘူး။ လိုက်ပ်ဇစ်ကို ပိုကြိုက်တယ်။ 

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular