ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

PSG – ကလပ်ဘရုဂေး(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ဝဝး၁၅ နာရီ)
PSG က အုပ်စုဒုတိယနေရာ သေချာသွားပြီဖြစ်ပြီး ဒီပွဲက အရေးမကြီးတဲ့ပွဲလည်းဖြစ်တယ်။ ကလပ်ဘရုဂေးကတော့ အုပ်စုတတိယနေရာအတွက် လိုက်ပ်ဇစ်နဲ့ အပြိုင်လုရမယ့်အနေအထားဖြစ်ပြီး သရေတစ်မှတ်ဆိုရင်လည်း မျှော်လင့်ချက် ရှိပါတယ်။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ PSG ကို သရေခံကစားခဲ့တဲ့ပွဲက ခြေစွမ်းပိုင်းလည်း ကောင်းပါတယ်။ ဒါပေမဲ့ PSG ကွင်းမှာတော့ PSG ပဲ နိုင်ပွဲရမှာပါ။

လိုက်ပ်ဇစ် – မန်စီးတီး(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ဝဝး၁၅ နာရီ)
မန်စီးတီးက အုပ်စုဗိုလ်နေရာကို လွတ်လွတ်ကျွတ်ကျွတ် ရယူနိုင်ခဲ့ပြီး လိုက်ပ်ဇစ်ကတော့ ကလပ်ဘရုဂေးနဲ့ အုပ်စုတတိယနေရာအတွက် အပြိုင်လုရဦးမှာဖြစ်တယ်။ နှစ်သင်းစလုံး ရလဒ်တူဆိုရင် လိုက်ပ်ဇစ်က Head to Head အသာစီး ယူထားပြီးဖြစ်တယ်။ အိမ်ကွင်းမှာ မန်စီးတီးကို သရေလောက်ကစားနိုင်ရင် ကလပ်ဘရုဂေး မျှော်လင့်ချက် မရှိလောက်တော့ပါဘူး။ ခြေစွမ်းအရလည်း လိုက်ပ်ဇစ် သရေမျှော်လင့်နိုင်ပါတယ်။

myan789

ပေါ်တို – အက်သလက်တီကို(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
ပေါ်တိုက နိုင်ရင် အုပ်စုဒုတိယ သေချာတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ကစားရမယ့်အခြေအနေလည်းဖြစ်နေတာကြောင့် ပေါ်တိုက အားသာချက်ရှိပါတယ်။ အက်သလက်တီကိုရဲ့ ဒီရာသီခြေစွမ်းက အားရစရာမရှိလို့ ပေါ်တို သရေနဲ့ အနိုင်ပဲ။

အေစီမီလန် – လီဗာပူးလ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
မရဏအုပ်စုလို့ သတ်မှတ်ထားတဲ့ ဒီအုပ်စုမှာ မထင်မှတ်ထားလောက်အောင်ပဲ လီဗာပူးလ်က (၅)ပွဲကစား၊ (၅)ပွဲ အနိုင်ယူပြီး အုပ်စုကို အပြတ်အသတ်ဦးဆောင်ခဲ့တယ်။ ကျန်(၃)သင်းမှာ ပေါ်တိုက (၅)မှတ်၊ အေစီမီလန်၊ အက်သလက်တီကိုတို့က (၄)မှတ်စီရထားပြီး အုပ်စုဒုတိယနဲ့ တတိယနေရာတွေအတွက် ဘာမှပြောလို့မရသေးတဲ့ အနေအထားဖြစ်တယ်။ လီဗာပူးလ်က အမှတ်မလိုတော့ဘူးဆိုပေမဲ့ ပေါ်တိုနဲ့ကစားခဲ့တဲ့ ပွဲစဉ်(၅)ကတည်းကလည်း အမှတ်မလိုဘဲ အနိုင်ကစားခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီပွဲကတော့ အေစီမီလန်ကွင်းဖြစ်နေလို့ အေစီမီလန် မျှော်လင့်ချက်ရှိတယ်။ လီဗာပူးလ်ကိုလည်း အရန်ကစားသမားအများအပြားနဲ့ မြင်ရဖို့ရှိတယ်။ အေစီမီလန်ကို ကြိုက်တယ်။

ဒေါ့မွန် – ဘက်ဆစ်တက်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
ဒီအုပ်စုရဲ့ခေါင်အသင်းအဖြစ် သတ်မှတ်ထားတဲ့ ဒေါ့မွန်က အုပ်စုတတိယနေရာ သေချာသွားခဲ့ပြီ။ ဒီပွဲမှာနိုင်ခဲ့လို့ စပို့တင်းလစ္စဘွန်းရဲ့အမှတ်ကိုမီခဲ့ရင်တောင် Head to Head အရ အုပ်စုတတိယနေရာမှာပဲ ရှိတော့မှာပါ။ ဘက်ဆစ်တက်ကတော့ ဒီအုပ်စုမှာ ရှက်စရာကောင်းတဲ့ ရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ပွဲတိုင်း ရှုံးထားတဲ့အသင်းလည်းဖြစ်တယ်။ ဒီပွဲမှာလည်း ဒေါ့မွန်ပဲ အလွယ်တကူအနိုင်ရလိမ့်မယ်။

အေဂျက်စ် – စပို့တင်းလစ္စဘွန်း(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
အုပ်စုဗိုလ်နေရာ သေချာပြီးသားဖြစ်တဲ့ အေဂျက်စ်နဲ့ အုပ် စုဒုတိယနေရာ သေချာထားတဲ့ စပို့တင်းလစ္စဘွန်းတို့ပွဲက စိတ် ဝင်စားစရာတော ့မရှိဘူး။ ဒါပေမဲ့ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ အေဂျက်စ်ကတော့ သူတို့ရဲ့ နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းဖို့အတွက် ဒီပွဲကိုလည်း အနိုင်ကစားချင်လိမ့်မယ်။ တိုက်စစ်မှူး ဟယ်လာကလည်း လီဝန်ဒေါစကီးနဲ့ (၉)ဂိုးစီ အပြိုင်ဖြစ်နေတဲ့အတွက် ဂိုးရဖို့ ကြိုးစားလိမ့်မယ်။ အေဂျက်စ်ပဲ နိုင်မယ်။

ရီးယဲလ်မက်ဒရစ် – အင်တာမီလန်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
အုပ်စုဗိုလ်နေရာလုရမယ့်ပွဲဖြစ်တယ်။ အင်တာမီလန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မော်ရင်ဟိုရဲ့ ရိုးမားကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့ပြီး ရလဒ်ကောင်းတွေယူနေတယ်။ ချန်ပီယံလိဂ်မှာလည်း နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြနေတာ တွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ သရေဆိုရင်တောင် အုပ်စုဗိုလ်နေရာ သေချာပါတယ်။ လက်ရှိခြေစွမ်းကလည်း မဆိုးပါဘူး။ ဒါပေမဲ့ အင်တာက ပိုမာကျောပြီး စုစည်းမှုရှိတယ်၊ ပထမအကျော့ခြေစွမ်းအရလည်း အင်တာကို ပိုကြိုက်တယ်။

ရှက်တာဒိုးနက် – ရှာရစ်ဖ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၈ ရက် နံနက် ၀၂း၃၀ နာရီ)
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူကရိန်းအင်အားကြီးနှစ်သင်းစလုံးရဲ့ ရုန်းကန်ရပုံက မယုံနိုင်စရာဖြစ်တယ်။ အထူးသဖြင့် ရှက်တာဒိုးနက်က ပိုအံ့သြစရာကောင်းတယ်။ အသင်းကြီးနှစ်သင်းကို ဒုက္ခမပေးနိုင်ခဲ့သလို၊ ရှာရစ်ဖ်ပါတဲ့ အုပ်စုမှာတောင် အုပ်စုတတိယနေရာ မျှော်လင့်ခွင့်မရှိတဲ့အခြေအနေ ဖြစ်သွားတယ်။ ရှာရစ်ဖ်က ပထမအကျော့ အိမ်ကွင်းမှာတုန်းက ရှက်တာဒိုးနက်ကို အနိုင်ကစားခဲ့ပြီး ဒီပွဲမှာတော့ ဂုဏ်သိက္ခာအတွက် ရှက်တာဒိုးနက် အနိုင်ကစားပါလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular