ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

ဒိုင်နမိုကိဗ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ဝဝး၁၅ နာရီ)
ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်နေရာအတွက်ပါ သေချာပြီးသားအနေအထားဖြစ်ပြီး ဒိုင်နမိုကိဗ်ကတော့ ဒီပွဲနိုင်မှ မျှော်လင့်ချက်ငွေ့ငွေ့ကျန်မယ့် အနေအထားဖြစ်တယ်။ ပထမအကျော့တုန်းက ဘိုင်ယန်မြူးနစ်ကွင်းမှာ ဂိုးပြတ်ခဲ့ပြီး ခြေစွမ်းပိုင်းကလည်း တော်တော်လေးကွာခြားခဲ့တာ တွေ့ရတယ်။ ဘိုင်ယန်မြူးနစ်က ခြေမှန်နေပြီး အထူးသဖြင့် ချန်ပီယံလိဂ်မှာ ပိုကောင်းပါတယ်။ ဘိုင်ယန်မြူးနစ်ကိုပဲ ကြိုက်တယ်။

ဗီလာရီးယဲလ် – မန်ယူ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ဝဝး၁၅ နာရီ)
မန်ယူက ဒီအုပ်စုမှာ ရမှတ် (၇)မှတ်နဲ့ ဦးဆောင်နေပြီး ဗီလာရီးယဲလ်နဲ့ အုပ်စုဗိုလ်လုရမယ့် အနေအထားဖြစ်တယ်။ ဒါပေမဲ့ အတ္တလန်တာအသင်းကလည်း နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်အားကောင်းနေပြီး ယန်းဘွိုင်းစ်နဲ့ပွဲမှာ အမှားမလုပ်ခဲ့ရင် ဒီပွဲက ဘယ်လိုရလဒ်ထွက်ထွက် အခွင့်အရေးယူမှာဖြစ်တယ်။ နှစ်သင်းစလုံး အနိမ့်ဆုံးသရေတစ်မှတ် လိုအပ်နေပြီး ရှုံးလို့မဖြစ်တဲ့ အခြေအနေလည်းဖြစ်နေတယ်။ နည်းပြအပြောင်းအလဲနဲ့ မန်ယူ ဗီလာရီးယဲလ်ကွင်းမှာ အလွန်ဆုံးသရေလောက်ပါပဲ။

myan789

ယန်းဘွိုင်းစ် – အတ္တလန်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
ယန်းဘွိုင်းစ်ရော အတ္တလန်တာပါ မျှော်လင့်ချက်ရှိပါသေး တယ်။ ဒါပေမဲ့ အတ္တလန်တာက ပိုကောင်းတဲ့အခြေအနေမှာ ရှိတယ်။ ပထမအကျော့ ရှုံးခဲ့တုန်းက ယန်းဘွိုင်းစ် ခြေစွမ်းသာပြီး အခွင့်အရေးတွေ ပိုရခဲ့တယ်။ ဒါ့အပြင် အဲဒီအချိန်တုန်းက အတ္တလန်တာ ခြေစွမ်းကျဆင်းနေပြီး အားနည်းနေချိန်လည်း ဖြစ်တယ်။ ယန်းဘွိုင်းစ်ရဲ့ အိမ်ကွင်းခြေစွမ်းက မဆိုးပေမဲ့ အခုချိန်မှာတော့ အတ္တလန်တာပဲ ကြိုက်တယ်။

ဘာစီလိုနာ – ဘင်ဖီကာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
ဇာဗီရဲ့ ပထမဆုံးပွဲမှာတော့ ဒါဘီပြိုင်ဘက် အက်စ်ပန်ညို အသင်းကို အနိုင်ရခဲ့တယ်။ ဒီပွဲကလည်း ဘာစီလိုနာအတွက် အရေးကြီးတဲ့ပွဲဖြစ်တယ်။ ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်နေရာ သေချာနေတဲ့အနေအထားမှာ ဘာစီလိုနာအတွက် အဓိကပြိုင်ဘက်က ဘင်ဖီကာဖြစ်ပြီး ပထမအကျော့တုန်းကလည်း ဘာစီလိုနာ ဂိုးပြတ်ရှုံးထားတဲ့အသင်းဖြစ်နေတယ်။ ဒီပွဲပြီးရင် ဘိုင်ယန်မြူးနစ်ကွင်းမှာ သွားကစားရမှာဖြစ်လို့ ဒီပွဲမှာကတည်းက (၃)မှတ်ယူပြီး အပြတ်ဖြတ်ထားရမယ့်ပွဲစဉ်ပါ။ ဘာစီလိုနာ ကပ်နိုင်မယ်။

ဆီဗီလာ – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
ဆီဗီလာက အံ့သြစရာကောင်းလောက်အောင် အုပ်စုတွင်း အောက်ဆုံးနေရာကို ရောက်နေတာတွေ့ရတယ်။ ဒါပေမဲ့ အုပ်စုထိပ်ဆုံးက အသင်းနဲ့တောင် (၄)မှတ်ပဲ ကွာနေသေးသလို၊ တခြားအသင်းတွေနဲ့လည်း အမှတ်သိပ်မကွာလို့ ဆီဗီလာ မျှော်လင့်ချက်ရှိပါသေးတယ်။ အိမ်ကွင်းမှာသာ ဝုလ်ဖ်ဘတ်ကို သရေလောက်ပဲ ကစားနိုင်ရင်တော့ ယူရိုပါလိဂ်ပဲ မျှော်လင့်သင့်တော့တယ်။ ဆီဗီလာကို ကြိုက်တယ်။

လိုင်လီ – ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
အုပ်စုတွင်း ဒုတိယနေရာနဲ့ ထိပ်ဆုံးနေရာက အသင်းနှစ်သင်းရဲ့ပွဲစဉ်ဖြစ်တယ်။ ဒီအုပ်စုမှာက သူတို့နှစ်သင်းအပြင် ဝုလ်ဖ်ဘတ်နဲ့ ဆီဗီလာတို့ပါ မျှော်လင့်ချက်ရှိနေသေးပြီး ဘယ်ပွဲမှ အမှားမခံတာကို တွေ့ရတယ်။ ဒါ့အပြင် အုပ်စုဗိုလ်နေရာလုပွဲကလည်း ရှိနေသေးလို့ နှစ်သင်းစလုံး ခြေကုန်ထုတ်ကစားရမယ့် အနေအထားဖြစ်တယ်။ လက်ရှိခြေစွမ်းအရတော့ လိုင်လီကွင်းဆိုပေမဲ့ သရေလောက်ပဲဖြစ်လိမ့်မယ်။

ချယ်လ်ဆီး – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
ပထမအကျော့တုန်းက ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းမှာ ဂျူဗင်တပ်စ်က အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ ဂျူဗင်တပ်စ် သွင်းယူခဲ့တဲ့ဂိုးက အုပ်စုပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းပေးခဲ့ရတဲ့ တစ်ဂိုးတည်းသောပေးဂိုးလည်းဖြစ်တယ်။ ချယ်လ်ဆီးရဲဲ့ ခံစစ်၊ ကစားပုံ၊ ယုံကြည်မှုက အခုအချိန်မှာ အမြင့်ဆုံးအနေအထားကို ရောက်နေပြီလို့ ပြောနိုင်တယ်။ အသင်းလိုက်ကစားဟန်ရော၊ ကစားကွက်ပါ ဂျူဗင်တပ်စ်ထက် ပိုကောင်းတယ်။ လက်ရှိ ဂျူဗင်တပ်စ်က အယ်လီဂရီနဲ့အတူ တဖြည်းဖြည်း အထိုင်ကျလာပြီး ပို ကောင်းလာတာမှန်ပေမဲ့ ချယ်လ်ဆီးကစားတာ ပိုစနစ်ကျပြီး စိတ်ချရတယ်လို့ ပြောနိုင်တယ်။ ချယ်လ်ဆီး အိမ်ကွင်းလည်းဖြစ်ပြီး အုပ်စုဗိုလ်နေရာအတွက် အရေးပါတဲ့ပွဲဖြစ်နေလို့ ချယ်လ်ဆီးကို ပဲကြိုက်တယ်။

မာလ်မို – ဇင်းနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ကတော့ မရှိတော့ဘူး။ ဒါပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အုပ်စုတတိယနေရာကို လုရဦးမှာဖြစ်တယ်။ ပထမအကျော့တုန်းက ဇင်းနစ်ကွင်းမှာ မာလ်မိုကို ဂိုးပြတ်သွင်းခဲ့ပြီး ခြေစွမ်းလည်း တော်တော်လေးကွာပါတယ်။ ဒီပွဲမှာလည်း မာလ်မိုက အနိုင်ရခဲ့ရင်တောင် ဇင်းနစ်ကို ကျော်တက်နိုင်ဖို့မလွယ်ကူဘူး။ ဇင်းနစ်က ဖိအားမရှိတဲ့အနေအထားဖြစ်ပြီး အဝေးကွင်းဆိုပေမဲ့ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဇင်းနစ်ကို ကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular