ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၆) (ဒုတိယနေ့ပွဲစဉ်များ) ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် – မာလ်မို (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
ဂျူဗင်တပ်စ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးကို ဂိုးပြတ် ရှုံးသွားခဲ့လို့ အုပ်စုဒုတိယနေရာ ရောက်သွားခဲ့တယ်။ ဒီပွဲနိုင်ရင် တောင် အုပ်စုဗိုလ်နေရာ မသေချာတဲ့အနေအထားလည်းဖြစ် တယ်။ ဒါပေမဲ့ ဒီပွဲကို အနိုင်ကစားပြီး ချယ်လ်ဆီး ခြေအချော် ကို စောင့်ရမှာပါ။ မာလ်မိုက ဒီအုပ်စုရဲ့ အားအနည်းဆုံးအသင်း လည်းဖြစ်ပြီး အဝေးကွင်းမှာလည်း ချယ်လ်ဆီးနဲ့ ဇင်းနစ် နှစ် သင်းစလုံးကို (၄)ဂိုးပြတ် ရှုံးထားပါတယ်။ ဂျူဗင်တပ်စ် ဂိုးပြတ် အနိုင်ကစားလိမ့်မယ်။

ဇင်းနစ် – ချယ်လ်ဆီး (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
ဇင်းနစ်က ပထမအကျော့ ချယ်လ်ဆီးအသင်းရဲ့ကွင်းမှာ တုန်းက အကြိတ်အနယ်ကစားခဲ့ပြီး ဂိုးတစ်ဂိုးတည်းနဲ့ ကပ်ရှုံး ခဲ့တယ်။ ဒီအုပ်စုမှာ အသင်းကြီး (၂)သင်းနဲ့ ကစားခဲ့တဲ့ပွဲတိုင်း မှာ အကြိတ်အနယ်ကစားနိုင်ခဲ့တာလည်း တွေ့ရတယ်။ အခု လည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ချယ်လ်ဆီးကို ဒုက္ခပေး နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ချယ်လ်ဆီးကတော့ ဂျူဗင်တပ်စ်နဲ့ အုပ် စုဗိုလ်နေရာ အပြိုင်လုနေရတဲ့အနေအထားဖြစ်လို့ နိုင်ပွဲမဖြစ် မနေ ယူရမှာပါ။ ချယ်လ်ဆီး ကပ်နိုင်သွားမယ်ထင်တယ်။

myan789

ဘိုင်ယန်မြူးနစ် – ဘာစီလိုနာ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဘိုင်ယန်မြူးနစ်က လက်ရှိ ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်သလို၊ ဒီအုပ်စုရဲ့ အကောင်းဆုံးဆိုတာကိုလည်း လွယ် လွယ်ကူကူ ပြသခဲ့တယ်။ ဘာစီလိုနာအသင်းရဲ့ကွင်းမှာ အပြတ်အသတ် နှိပ်ကွပ်ပြခဲ့ပြီး ဒီပွဲအတွက်လည်း ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို အင်အားပြည့်သာ ကစားမယ်ဆိုရင် မနိုင်စရာမရှိဘူး။ ဒါပေမဲ့ ဒီပွဲအပေါ် ဘိုင်ယန်မြူးနစ် ဘယ်လောက်အထိ အာရုံစိုက်မလဲဆိုတာက ဒီပွဲအတွက် အဖြေဖြစ်တယ်။ ဘာစီလိုနာက ဇာဗီလက်ထက်မှာ တိုးတက်မှု အနည်းငယ်မြင်ရတာက လွဲရင် ထင်သလောက်ဖြစ်မလာသေးဘူး။ အသင်းလိုက်ကစားပုံ တိုးတက်လာပေမဲ့ ထိရောက်မှု၊ ကျစ်လျစ်မှု၊ လွှမ်းမိုးနိုင်စွမ်း တွေမှာ လိုနေသေးတယ်။။ ဘိုင်ယန်မြူးနစ်ကလည်း အမှတ်မလိုလို့ ဘာစီလိုနာ သရေလောက်တော့ ရနိုင်ပါတယ်။

ဘင်ဖီကာ – ဒိုင်နမိုကိဗ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဘင်ဖီကာက ဒီပွဲမှာ အနိုင်ရခဲ့ရင် အုပ်စုဒုတိယနေရာ အတွက် မျှော်လင့်ချက်အများကြီးရှိပါတယ်။ ဘာစီလိုနာနဲ့ (၂) မှတ်ကွာနေပေမဲ့ ဘာစီလိုနာသာ ဘိုင်ယန်မြူးနစ်ကွင်းမှာ သရေ လောက်ပဲရခဲ့ရင် ဘင်ဖီကာက Head to Head အသာနဲ့ အုပ်စု ဒုတိယနေရာကို ယူနိုင်မှာဖြစ်တယ်။ ဒီရာသီ ဒိုင်နမိုကိဗ်ရဲ့ ခြေ စွမ်းနဲ့ ရလဒ်ပိုင်းကလည်း စိတ်ပျက်စရာဖြစ်ပြီး အုပ်စုတတိယ နေရာတောင် မှန်းလို့မရတဲ့အနေအထားဖြစ်နေတယ်။ အိမ်ရှင် ဘင်ဖီကာ အနိုင်သေချာတယ်။

မန်ယူ – ယန်းဘွိုင်းစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
မန်ချက်စတာယူနိုက်တက်က ဒီအုပ်စုမှာ အုပ်စုဗိုလ် နေရာ သေချာသွားခဲ့ပါပြီ။ ပထမအကျော့တုန်းက ယန်းဘွိုင်းစ် အသင်းကို ရှုံးခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခက်အ ခဲတွေ့ခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြနိုင်ခဲ့တယ်။ ယန်းဘွိုင်းစ်ကတော့ အုပ်စုတတိယနေရာအတွက် အတ္တလန် တာကို အမီလိုက်ရမယ့် အနေအထားဖြစ်တယ်။ ဒါပေမဲ့ မန်ယူ အိမ်ကွင်းမှာ နိုင်ပွဲပြန်ယူပြီး လက်စားချေပါမယ်။

အတ္တလန်တာ – ဗီလာရီးယဲလ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
အတ္တလန်တာက ဒီပွဲနိုင်ရင် အုပ်စုဒုတိယနေရာ ရလိမ့် မယ်။ လက်ရှိခြေစွမ်းအရလည်း ဗီလာရီးယဲလ်ကို အတ္တလန် တာ ကျော်ဖြတ်နိုင်စွမ်းရှိပါတယ်။ မန်ယူအသင်းကို ကစားခဲ့တဲ့ ခြေစွမ်းတွေအရဖြစ်စေ၊ ဒီနှစ်သင်းရဲ့ ပထမအကျော့ ဆုံတွေ့ မှုအရဖြစ်စေ အတ္တလန်တာက ပိုကောင်းပြီး ပိုအရည်အသွေး မြင့်တဲ့ ခြေစွမ်းကို ပြသနိုင်တယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ အတ္တလန်တာကို ကြိုက်တယ်။

ဆာလ်ဇ်ဘာ့ဂ် – ဆီဗီလာ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ခွင့်ရဖို့အတွက် အပြိုင်ဖြစ်နေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ပွဲဖြစ်ပြီး အတ္တ လန်တာ-ဗီလာရီးယဲလ်ပွဲ အနေအထားမျိုးပါပဲ။ ရက်ဒ်ဘူးလ်ရဲ့ လက်ရှိခြေစွမ်းက ဆီဗီလာထက်တောင် ပိုအားကောင်းတဲ့အ နေအထားဖြစ်ပြီး ပထမအကျော့ ဆီဗီလာကွင်းမှာတုန်းက လည်း ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ သရေကစားနိုင်ခဲ့တာကို တွေ့ ရတယ်။ ဒီပွဲလည်း အိမ်ရှင်ဖြစ်လို့ အနိမ့်ဆုံးသရေပါပဲ။

ဝုလ်ဖ်ဘတ် – လိုင်လီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဝုလ်ဖ်ဘတ်က ဒီအုပ်စုမှာ အနိုင်ရမှ နောက်တစ်ဆင့်တက် ဖို့ မျှော်လင့်ခွင့်ရှိတော့မှာဖြစ်ပြီး လိုင်လီကတော့ ဒီပွဲသာ သရေ ဆိုရင် အုပ်စုဒုတိယနေရာ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဝုလ်ဖ်ဘတ်ရဲ့မျှော်လင့်ချက်ကို လိုင်လီက ဖျက်ဆီးရမယ့်အနေ အထားလည်းဖြစ်တယ်။ အုပ်စုကတက်ဖို့ သေချာသလောက်နီး ပါးဖြစ်နေပေမဲ့ သရေတောင် အကျခံလို့မရတဲ့အခြေအနေလည်း ဖြစ်နေတယ်။ ဒါပေမဲ့ သရေကျသွားနိုင်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular