ချန်ပီယံလိဂ်အပေါ် အများကြီး မျှော်လင့်မထားပါဘူးလို့ ဖွင့်ဟပြောဆိုလာတဲ့ မော်ရီဇီယို ဆာရီ

ယူဗင်တပ် အသင်း နည်းပြကြီး မော်ရီဇီယို ဆာရီ က သူ ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အသင်း အပေါ် အများကြီး မျှော်လင့် မထား မိပါဘူး လို့ ယမန်နေ့ ညက ကစား ခဲ့တဲ့ ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ၁၆ သင်းဆင့် ရှုံးထွက် ဒုတိယ အကျော့ အဖြစ် ပြင်သစ် ကလပ် လိုင်ယွန် ကို အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ပြီး အနိုင် ရပေမယ့် စည်းမျဉ်း အရ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။

ယူဗင်တပ် အတွက် တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်ဒို က ၂ ဂိုးစလုံး ကို သွင်းယူ ပေးခဲ့ ပေမယ့် လိုင်ယွန် က အဝေးကွင်း မှာ ၁ ဂိုး သွင်းပြီး ၂ – ၁ နဲ့ ပွဲပြီး စေခဲ့တာ ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ( ၂ – ၂ ) ဖြစ်ချိန်မှာ အဝေးဂိုး စည်းမျဉ်း နဲ့ ယူဗင်တပ် တို့ အရေးနိမ့် ခဲ့ရ တာပဲ ဖြစ်ပါတယ် ။

myan789

ပွဲ အပြီး Sky Sport Italia နဲ့ အင်တာဗျုး ဖြေကြား ချိန်မှာတော့ ဆာရီ က သူ့ အသင်းဆီကနေ အများကြီး မျှော်လင့် မထားကြောင်း နဲ့ ကစားပုံ ကောင်းမွန် ခဲ့ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် နည်းနည်းပဲ မျှော်လင့် ထားပါတယ် ၊ ဒီညနေ ကစားပုံ က ကောင်းခဲ့ ပါတယ် ။ ပွဲအစ မှာ ပင်နယ်တီ ပေးခဲ့ရ ပေမယ့် နောက်ကလိုက်ပြီး အနိုင်ရ အောင် ပြန် ကစားနိုင်ခဲ့ ပါတယ် ။ ၄-၅ ကြိမ်လောက် လည်း ဂိုး ရနိုင်အောင် ဖန်တီးနိုင်ခဲ့ တာပါ”

“တကယ်လို့ အသင်းသားတွေ အနေနဲ့ ဒီပြိုင်ပွဲ ကနေ ထွက်ရလို့ စိတ်ဓါတ် မကျဘူး ဆိုရင်တော့ ကျွန်တော် သူတို့ရဲ့ ကစားပုံ နဲ့ ခံယူချက် အပေါ် အရမ်း ကျေနပ် မိမှာ ပါပဲ ။ ပထမ အကျော့ ရလဒ်ကြောင့် ထွက်ခဲ့ ရတာ ကံဆိုး ပါတယ် ။ တိတိ ကျကျ ပြောရရင် ပထမ အကျော့ရဲ့ ပထမပိုင်း ကြောင့်ပါ ။ ဒါကြောင့် အခု ကစားပုံ ကောင်းလျက် နဲ့ ထွက်ခဲ့ရတာ ပါပဲ”

“ဒီနှစ် ထဲမှာ ကျွန်တော်တို့ အရမ်းကြီး ပုံစံကောင်း မရခဲ့ကြ ပါဘူး ။ မျှော်မှန်း ထားတဲ့ ရည်မှန်းချက်တွေ လည်း မပြည့်ခဲ့ ပါဘူး ။ အခု နားရက်တွေ ရောက်လာ ပါပြီ ၊ အားပြန်မွေးပြီး ရာသီသစ် အတွက် ပြင်ဆင်မှုတွေ စလုပ် ရတော့ မှာပါ” လို့ ဆာရီ က ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းရဲ့ ဥက္ကဌ အက်ဂါနယ်လီ ကတော့ နည်းပြ ဆာရီ ကို ထောက်ခံ စကား ပြောဆို သွားပေမယ့် လာမယ့် ရာသီမှာ ဒီလို အနေအထားမျိုး ထပ်ဖြစ် မလာဖို့ သွယ်ဝိုက် သတိပေး စကားလည်း ပြောဆို သွားခဲ့ ပါတယ် ။

“ဒီရာသီ က ချိုသလိုလို ချဉ်သလိုလို ပါပဲ ။ ပွဲတွေ ပြန်စချိန် မှာ ၉ ပွဲဆက်တိုက် နိုင်ပြီး ပုံစံကောင်း ပြခဲ့ သလို သမိုင်း မှတ်တမ်းတွေ လည်း ရေးထိုး နိုင်ခဲ့ ပါတယ် ။ ဒီ မှတ်တမ်းထဲမှာ မော်ရီဇီယို ဆာရီ ရဲ့ အမည်လည်း ပါခဲ့ ပါတယ် ။ ဘာမှ မဟုတ်တဲ့ အသင်းနည်းပြ ဘ၀ နဲ့စခဲ့ပြီး စကူဒက်တို ဖလားကို ကိုင်မြှောက် နိုင်သူ အထိ ဖြစ်လာခဲ့ တာပါ ။ သူ့အတွက် တကယ် ပျော်စရာ ကောင်းတဲ့ ရာသီ ဖြစ်မှာ အသေအချာပါပဲ”

“ချန်ပီယံလိဂ် က ထွက်ရတာ ကတော့ ကျွန်တော်တို့ ကို စိတ်ပျက် စေခဲ့တာ အသေအချာပါပဲ ။ ဘာလို့လည်း ဆိုတော့ ဒါဟာ အသင်းရဲ့ နံပါတ် ၁ ရည်မှန်းချက် ဖြစ်နေလို့ပါ ။ ဘာတွေ ဆက်လုပ် မယ်ဆိုတာ ကိုတော့ လာမယ့် ရက် အနည်းငယ် အတွင်း ဆုံးဖြတ် မှာပါ ။ နည်းပြ နဲ့ ကစား သမားတွေ အပေါ်တော့ အပြည့် အ၀ ယုံကြည် ထားပါတယ်” လု့ိ ပွဲအပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ၂ ကြိမ်သာ ရခဲ့ဖူးပြီး ၁၉၉၅ ခုနှစ် က နောက်ဆုံး ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီ နောက်ပိုင်းမှာ ဗိုလ်လုပွဲ ကို ၃ ကြိမ် တက်ရောက် နိုင်ခဲ့ ပေမယ့် ၃ ကြိမ်စလုံး ဒုတိယ ဆု နဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular