ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို လီဗာပူးလ် တက်ရောက်ခဲ့ပြီး

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) ပထမနေ့မှာတော့ လီဗာပူးလ်အသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး နိုင်ပွဲစရခဲ့တဲ့ အင်တာမီလန်အသင်းကတော့ နောက်တစ်ဆင့်တက်ရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်နေဆဲဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ အေဂျက်စ်ပွဲမှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ အနိုင်ရပြီး အုပ်စုပထမနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ပွဲထွက်စာရင်းမှာ ဖေမီနိုကို အရန်ခုံမှာ ထားခဲ့ပြီး တိုက်စစ်မှာ ဆာလာ၊ မာနေ၊ ဂျိုတာကို အသုံးခဲ့ကာ ဂိုးသမားနေရာမှာတော့ ကယ်လီဟာကို အသုံးပြုခဲ့တာပါ။ အေဂျက်စ်ကတော့ တိုက်စစ်မှာ တာဒစ်၊ နေရိစ်၊ အန်တိုနီတို့ကို အသုံးပြုခဲ့ပြီး လူစုံတက်စုံနဲ့ လီဗာပူးလ်ကို ရင်ဆိုင်ခဲ့တာပါ။

myan789

ပွဲအစပိုင်းမှာ လီဗာပူးလ် ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပေမဲ့ တိုက်စစ်ပိုင်းက မာနေ၊ ဆာလာတို့ အသုံးချနိုင်ခဲ့ခြင်းမရှိလို့ ဂိုးမရခဲ့သလို၊ ကာတစ်ဂျုံးစ်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

လီဗာပူးလ်တို့ ပွဲအစပိုင်းမှာ ဖိကစားခဲ့ပေမဲ့ ပထမပိုင်းမှာ အေဂျက်စ်က ပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့တာပါ။ အေဂျက်စ်အသင်း ရရှိတဲ့ အခွင့်အရေးတွေကို ကလာဆန် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ မာရာအူအီရဲ့ ကန်ချက်ကိုလည်း လီဗာပူးလ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးအပြန်အလှန်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေ အပြန်အလှန်ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းဂိုးရသွားခဲ့တာက အိမ်ရှင် လီဗာပူးလ်ဖြစ်ပြီး ပွဲချိန် (၅၈)မိနစ်မှာ နီကိုဝီလျံစ်ရဲ့ ဖန်တီးပေးမှုကနေ ကာတစ်ဂျုံးစ်က အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ အေဂျက်စ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ ဂိုးသွင်းခွင့် ပိုရခဲ့တာက လီဗာပူးလ်ဖြစ်ပြီး ဆာလာ၊ ဖေမီနို၊ မာနေတို့ ဖြုန်းတီးခဲ့လို့သာ ဂိုးထပ်မရခဲ့တာပါ။

အေဂျက်စ်ကတော့ တိုက်စစ်မှာ ဂိုးသွင်းမယ့် မရှိသလို၊ လီဗာပူးလ်ဂိုးသမား ကယ်လီဟာကလည်း ကာကွယ်မှုတချို့ ပြုလုပ်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ (၁-၀)ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပထမနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်အုပ်စု (D)မှာ လီဗာပူးလ်က (၁၂)မှတ်နဲ့ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ရောက်ခဲ့တာဖြစ်ပြီး အတ္တလန်တာ (၈ မှတ်)နဲ့ အေဂျက်စ် (၇ မှတ်)တို့က နောက်တစ်ဆင့်အတွက် အုပ်စုနောက်ဆုံးပွဲမှာ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular