ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် – ချယ်လ်ဆီး (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးကွင်းမှာ ဘိုင်ယန်မြူးနစ်ကစားသွားတာ လွယ်လွယ်ကူကူပဲ။ ဘိုင်ယန် မြူးနစ်ရဲ့ ကစားပုံက ဂိုးရလွယ်ပြီး အဆင်ပြေတဲ့နည်းလမ်းနဲ့ ဂိုးတွေရသွားတာလည်းတွေ့ ရတယ်။ ချယ်လ်ဆီးတိုက်စစ်က ဘိုင်ယန်ကို ခြိမ်းခြောက်ဖို့ ခက်သလို၊ ခံစစ်ကလည်း အ သင်းရဲ့ဒီရာသီအားအနည်းဆုံး ပြဿနာဖြစ်နေတယ်။
ဘိုင်ယန်မြူးနစ်ပဲ နိုင်ပွဲဆက်ဦးမှာ ဖြစ်ပြီး (၂-၀)လောက်တော့ ဖြစ်ဦးမယ်။

ဘာစီလိုနာ – နာပိုလီ (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဘာစီလိုနာက ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေဆိုရင် ရလဒ်ကောင်းလေ့ရှိပါတယ်။ လက်ရှိနာပိုလီက ပြီးခဲ့တဲ့နှစ်ပိုင်းတွေ တုန်းက နာပိုလီလို မဟုတ်ဘူးဆိုရင်တောင် ဘာစီလိုနာ အားလျော့သွားတာက ပိုသိသာတယ်။ နှစ်သင်းစလုံး အားလျော့သွား တယ်လို့ ပြောရမယ့် အနေအထားမှာ Gap က အရင်လောက်မကြီးတော့ဘဲ ဂိုးပြတ်သွင်းတဲ့ပွဲမျိုးဖြစ်ဖို့ ခက်တယ်လို့လည်း ပြောရမယ်။ နာပိုလီကွင်းမှာတုန်းက (၁-၁)ကစားခဲ့တာက ဘာစီလိုနာအတွက် ကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အဲဒီပွဲမှာ နာပိုလီကစားတာက ပိုအားရစရာကောင်းတယ်။ ဒါပေမဲ့ ဂတ်တူဆိုရဲ့အသင်းမှာ အားနည်းချက်က တည်ငြိမ်မှု ပျောက်ဆုံး နေခြင်းဖြစ်ပြီး ရလဒ်တွေမငြိမ်ဘူး။ ဘာစီလိုနာမှာ ဘူးစကွက်စ်နဲ့ ဗီဒယ်လ်တို့ ပွဲပယ်ခံထားရတာကတော့ နာပိုလီ အတွက် အခွင့်အရေးပဲလို့ဆိုရမယ်။ ဆယ်တီယန်ရဲ့အသင်းက ဝေဖန်မှုတွေခံနေရပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ် ကောင်းလာပြီး မက်ဆီကလည်း ဘာစီလိုနာနဲ့ နာပိုလီတို့ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် နေရာမှာ ဆက်ရှိနေဦးမှာ ဖြစ် တယ်။
ကွာတားဖိုင်နယ်တက်ဖို့အတွက် ဘာစီလိုနာက အားသာနေဆဲဖြစ်ပြီး မက်ဆီ ဦးဆောင်တဲ့ ဘာစီလိုနာက (၂-၀၊ ၂-၁)လောက် နဲ့ အနိုင်ယူသွားဖို့များတယ်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular