ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လွှဲပြောင်းကျင်းပခွင့်ရရန် ဗြိတိန်အစိုးရနှင့် FA တို့ကြိုးပမ်းနေပြီး အစ္စတန်ဘူလ်သို့မသွားရန် ပရိသတ်များအား တိုက်တွန်းထား

ဗြိတိန်အစိုးရနှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဗြိတိန်၌ လွှဲပြောင်းကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေ ၂၉ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ သို့သော် တူရကီနိုင်ငံတွင် COVID-19 ရောဂါအတည်ပြုလူနာ တွေ့ရှိမှု အလွန်မြင့်တက်နေသောကြောင့် ဗြိတိန်အစိုးရက ခရီးသွားလာခွင့်တားမြစ်သည့် အနီရောင်စာရင်းတွင် တူရကီကိုထည့် သွင်းလိုက်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း အင်္ဂလန်နိုင်ငံ၌ ကျင်းပခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

myan789

ယင်းအခြေအနေနှင့်ပတ်သက်၍ သောကြာနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှက်ပ်စ်က “တူရကီကို အနီရောင်စာရင်းမှာ ထည့်သွင်းလိုက်တာကို ကျွန်တော်စိုးရိမ်ပါတယ်။ ဒီလိုထည့်သွင်းမှုကြောင့် ရိုက်ခတ်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဆိုင်ပါတယ်။ ပရိသတ်တွေအနေနဲ့ တူရကီကိုမသွားသင့်ပါဘူး။ FA ကလည်း UEFA နဲ့ ဆွေးနွေးနေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲကိုကျင်းပဖို့ ဆန္ဒရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးသားပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကိုတော့ UEFA ကပဲ ဆုံးဖြတ်မှာပါ။ ဗိုလ်လုပွဲကို အင်္ဂလိပ်ကလပ်နှစ်သင်း တက်ရောက်နေတာဖြစ်လို့ သူတို့ဘာပြောမလဲဆိုတာ ကျွန်တော်တို့ နားစွင့်နေပါတယ်။ ဗြိတိန်အနေနဲ့ ဘောလုံးပွဲ တွေကို ပရိသတ်နဲ့အတူ အောင်မြင်စွာကျင်းပထားတဲ့ မှတ်တမ်းကောင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပြိုင်ပွဲကို ကျင်းပဖို့ ကောင်းမွန်တဲ့နေရာဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကမူ ဗြိတိန်အစိုးရ၏ တောင်းဆိုမှုအတွက် လေ့့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် အပြီးသတ်ဆုံးဖြတ်ရန် အချိန်လိုအပ်ကြောင်း တုံ့ပြန်ထားသည်။ “တူရကီကို အနီရောင်စာရင်း ထည့်သွင်းလိုက်တဲ့အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ဆုံးဖြတ်ဖို့အတွက် အချိန်လိုပါတယ်” ဟု UEFA က AFP သတင်းဌာနထံ အီးမေးလ်ပို့၍ အကြောင်းကြားခဲ့သည်။

ချယ်လ်ဆီးအသင်းအားပေးသူများအဖွဲ့ကလည်း ယခုရက်သတ္တပတ်အတွင်း UEFA ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ ဗြိတိန်တွင် ကျင်းပခွင့်ပြုရန် တောင်းဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular