ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့်တက်ရန် စစ်မှန်သောစိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ် ပြောကြား

၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အေဂျက်စ်၊ နာပိုလီ၊ ရိန်းဂျားစ် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ပြီးနောက် လီဗာပူးလ်အနေဖြင့် နောက်တစ်ဆင့်တက်ရန် စစ်မှန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု အသင်းနည်းပြ ယာဂန်က လော့ပ်က ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်ကပြုလုပ်သည့် ချန်ပီယံလိဂ်မဲခွဲပွဲတွင် လီဗာပူးလ်အသင်းသည် နယ်သာလန်ကလပ် အေဂျက်စ်၊ အီတလီ ကလပ် နာပိုလီ၊ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းတို့နှင့်အတူ အုပ်စု(A) ၌ကျရောက်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် အင်္ဂလိပ်ကလပ်များထဲတွင် အကျပ်တည်းဆုံးအုပ်စု၌ ကျရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်နည်းပြ ကလော့ပ်က အုပ်စုအဆင့် ပွဲစဉ်တိုင်းမှာ ခက်ခဲမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရန်မှာ မိမိတို့အသင်းအတွက် စစ်မှန်သောစိန်ခေါ်မှုဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

“ကျွန်တော်တို့အသင်း ကျရောက်နေတဲ့ ချန်ပီယံလိဂ်အုပ်စုနဲ့ပတ်သက်လို့ ကျွန်တော် ပထမဆုံးပြောနိုင်တာကတော့ စစ်မှန်တဲ့ စိန်ခေါ်မှုဖြစ်တယ်ဆိုတာပါပဲ။ အသင်းတိုင်းက အရည်အချင်းရှိသလို သမိုင်းကြောင်းတွေလည်း ရှိကြပါတယ်။ ဒီတော့ ကျွန်တော် တို့အုပ်စုမှာ ပါဝင်တဲ့အသင်းတိုင်းက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ကောင်းတဲ့အရာကတော့ ကျွန်တော်တို့မှာလည်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိန်ခေါ် မှုတွေကို အကောင်းဆုံးရင်ဆိုင်ဖို့ ကြိုးစားသွားမှာပါ။ အခုလို အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲမှာ လွယ်ကူတယ်ဆိုတာ ဘာမှမရှိပါဘူး”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုချန်ပီယံလိဂ်အုပ်စု(A) တွင် ပါဝင်သည့်အသင်းများအနက် အေဂျက်စ်၊ နာပိုလီတို့နှင့် ယခင်က တွေ့ဆုံဖူးသော်လည်း ရိန်းဂျားစ်အသင်းနှင့်မူ တစ်ခါမျှ ဆုံတွေ့ဖူးခြင်းမရှိကြောင်း သိရှိရသည်။ ထို့ပြင် လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စကော့တလန်ကလပ် အသင်းများနှင့် ဆုံဖူးခြင်းမရှိဘဲ ရိန်းဂျားစ်နှင့် တွေ့ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်များကို စက်တင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၂ ရက်အတွင်း အပြီးကစားမည်ဖြစ်သည်။ လီဗာပူူးလ်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ရီးယဲလ်မက်ဒရစ် အသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular