ချန်ပီယံကို ဂိုးပြတ်သွင်းခဲ့တဲ့ မန်စီးတီး

လီဗာပူးလ် ၁-၄ မန်စီးတီး

ဖီးလ်ဖိုဒန်က တစ်ကွင်းလုံးပတ်ကစားပြီး အကောင်းဆုံးပုံစံကို ပြသခဲ့တယ်။ သူကစားတာကို ကြည့်ရတာက ပြိုင်ဘက်အသင်းဟာ လီဗာပူးလ်ဆိုတဲ့ ကမ္ဘာကျော်အသင်းကြီးတစ်သင်းနဲ့ဆိုတဲ့ စိတ်ခံစားမှုမျိုးမဟုတ်ဘဲ ကလေးအချင်းချင်းကစားတဲ့ပွဲက လွတ်လပ်မှုမျိုးနဲ့ ကစားသွားတာကို မြင်ရတယ်။ သူလုပ်ချင်တဲ့အရာတိုင်းကို ရဲရဲတင်းတင်းလုပ်သွားခဲ့ပြီး ဖန်တီးမှုနဲ့ သွင်းဂိုးတွေကိုလည်း ပြုလုပ်ပေးခဲ့တယ်။ အ့ံသြစရာကောင်းတာကတော့ ကမ္ဘာကျော်ဂိုးသမားတစ်ဦးဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ စိတ်အချရဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်တဲ့ အယ်လစ်ဆန်ဘက်ကာရဲ့အမှားတွေဖြစ်ပြီး၊ မန်စီးတီးအသင်းရဲ့သွင်းဂိုးတွေအတွက် သူက တစ်ဖက်တစ်လမ်းက ကူညီသလိုဖြစ်ခဲ့တယ်။

myan789

ကလော့ပ်ပြောခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာနွမ်းလျမှုပြဿနာက တကယ် ကြုံတွေ့နေရတာဖြစ်ပြီး လီဗာပူးလ်ရဲ့ကစားပုံက ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးဖြစ်နေတယ်။ တည့်တည့်ပြောရရင် မန်စီးတီးရဲ့အကောင်းဆုံးပုံစံမဟုတ်ပါဘူး။ စတာလင်၊ ဖိုဒန် တို့ရဲ့ အကောင်းဆုံးပုံစံသာဖြစ်ပြီး ဂိုးတွေမြူးနေတဲ့ ဂွန်ဒိုဂန်ရဲ့ ထက်မြက်ပြီး ရဲတင်းတဲ့ နေရာယူပုံတွေက လီဗာပူးလ်ကို ထိုးနှက်သွားခဲ့ခြင်းလည်းဖြစ်တယ်။ ပထမပိုင်းမှာ စတာလင်ရဲ့ တစ်ကိုယ်တော်အစွမ်းကနေရတဲ့ ပယ်နယ်တီကို ဂွန်ဒိုဂန် ဂိုးဘားတန်းပေါ် ကျော်အောင် ကန်ခဲ့လို့ ဂိုးမရှိသရေဖြစ်နေခဲ့ပြီး၊ မန်စီးတီး တစ်ဂိုးအသာရသင့်တယ်ဆိုပေမဲ့ ခြေစွမ်းအရဆိုရင် ဒီရလဒ်က မျှတပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲက တော်တော်လေး စောင်းသွားတယ်။ လီဗာပူးလ်က တိုက်စစ်ဆင်မှုတချို့လုပ်နိုင်ခဲ့ ပေမဲ့ ပွဲချိန်အများစုက မန်စီးတီးရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ကန်ဆယ်လို၊ ဂျွန်စတုန်းစ်၊ ဒီယက်စ်၊ ဇင်ချန်ကိုတို့ အားလုံးက လီဗာပူးလ်တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ဆို့ကစားနိုင်ခဲ့တယ်။ ဂျွန်စတုန်းစ်ရဲ့နောက်ထပ် အားကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး၊ ဒီယက်စ်လည်း ပယ်နယ်တီပေးလိုက်ရတဲ့ တစ်ကြိမ်ကလွဲရင် ကစားတာကောင်းပါတယ်။ ဆာလာလက်ကို ဆွဲလို့ ပေးလိုက်ရတဲ့ ပယ်နယ်တီမျိုးမှာတော့ သူ ဆုံးဖြတ်ချက်မှားခဲ့၊ အားနည်းခဲ့တာအမှန်ပဲ။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို စတာလင်ရဲ့ဖန်တီးမှုကနေ ဖိုဒန်ကန်သွင်းရာက ပြန်ထွက်လာတာကို ဂွန်ဒိုဂန်က အနီးကပ်သွင်းယူခဲ့တာဖြစ်ပြီး၊ ဒီဂိုးမှာ Built-up လုပ်ပေးခဲ့တဲ့ စတာလင်ရဲ့ ဒီပွဲက ခြေစွမ်းဟာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရပြီလို့ ပြောနိုင်တဲ့ပုံစံမျိုးပါ။ ဒီဂိုးကို ဆာလာက (၆၃) မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့ပေမဲ့ လီဗာပူးလ်ရဲ့ တိုက်စစ်က တက်မလာဘူး။ အယ်လစ်ဆန်ရဲ့အမှားနှစ်ကြိမ်ကနေ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး၊ နှစ်ကြိမ်စလုံးက အထင်သေးစရာ ပေးပို့မှုအမှားတွေဖြစ်ပါတယ်။ ပထမအမှားမှာ နှစ်ကြိမ်တိုင်တိုင် မန်စီးတီးခြေထဲ ဘောလုံးပေးခဲ့ရာက ဂွန်ဒိုဂန်က End Product လုပ်သွားခဲ့တာဖြစ်ပြီး၊ ဒုတိယဂိုးကလည်း ဘာနာဒိုဆေးလ်ဗားခြေထဲ ဘောလုံးထည့်ပေးလိုက်လို့ ဘာနာဒိုဆေးလ်ဗား ဖန်တီးပေးတာကို စတာလင်က သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ခြေစွမ်းပြနေတဲ့ ဖိုဒန်က (၈၃) မိနစ်မှာ သွင်းယူခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular