ခရာစနိုဒါ နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲက ဆယ်ကျော်သက် ချဲလ်ဆီး ကြယ်ပွင့် ၂ဦး ရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးခဲ့တဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ရုရှား ကလပ် ခရာစနိုဒါ အသင်း ကို ပွဲချိန် ၂၄ မိနစ်မှာ ရမ်မီ ကာဘယ်လာ ရဲ့ သွင်းဂိုး ကို စတင် ခွင့်ပြုခဲ့ရပေမယ့် ၊ ၄မိနစ် အကြာမှာ တမ်မီ အေဘရာဟမ်ကြောင့် ရလာတဲ့ ပင်နယ်တီ ကန်ခွင့် ကို ဂျော်ဂျင်ဟို က အမှားအယွင်း မရှိ အဆုံးသတ်ခဲ့လို့ ၊ သရေ တမှတ် နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

၂သင်းလုံး ဟာ ကိုယ်လိုချင်တဲ့ ပစ်မှတ်တွေ ကို ပြီးခဲ့တဲ့ အပတ် ကတည်းက စွမ်းဆောင် ထားနိုင်ခဲ့တဲ့ အတွက် ၊ ဒီပွဲဟာ အဖြည့် သဘောမျိုး ကစားခဲ့တာ မှန်ပေမယ့် ၊ ခရာစနိုဒါ ဖက်ကတော့ လူစုံတက်စုံ အသုံးပြုသွားတာ ကို တွေ့ရပါတယ် ။

myan789

အိမ်ရှင် ချဲလ်ဆီး ကတော့ အဓိက ပွဲထွက် ကစားသမားတွေကို ဒဏ်ရာ ထပ်မရစေချင်တဲ့ အတွက် စနေနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် ကို ၃ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှ ပွဲထွက်စာရင်း ကို ၁၀ နေရာ အထိ အပြောင်းအလဲ လုပ်ကာ ၊ ပွဲထုတ်ခဲ့ပါတယ် ။

ဒီပွဲမှာ အကယ်ဒမီထွက် ဆယ်ကျော်သက် ကစားသမား ၂ဦး ဖြစ်တဲ့ စကော့တလန် ကွင်းလယ်လူ ဘီလီ ဂီလ်မာ နဲ့ အင်္ဂလန် ယူ ၁၉ တောင်ပံ ကစားသမား ဖော်စတီနို အန်ဂျိုရင် တို့ ဒီရာသီ ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ကို ရရှိခဲ့ပါတယ် ။

ဘီလီ ဂီလ်မာ ကတော့ ဒီပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ကတည်းက နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ပွဲထုတ် အသုံးပြုမှာ ဖြစ်လို့ ၊ Line-up မှာ ပါလာတာ မဆန်းပေမယ့် ၊ အန်ဂျိုရင် ကတော့ လမ်းပတ် ရဲ့ surprise တခု ဖြစ်ခဲ့ပါတယ် ။

အထူးသဖြင့် တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ဟာကင် ဇီယက်ချ် နဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ တံကောက်ကြော ဒဏ်ရာ အသီးသီး ရထားချိန် မှာ အခြား တောင်ပံ ကစားသမား တဦး ဖြစ်တဲ့ ခရစ်တီယန် ပူလီဆစ် ကိုပါ တခုခု မဖြစ်စေဖို့ အန်ဂျိုရင် ကို အသုံးပြုခဲ့တဲ့ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ် ။

လမ်းပတ် က ” ဘီလီ ဟာ ဒဏ်ရာ က ပြန်လာပြီးနောက် ၊ ဒီနေ့ည ပွဲမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူ့ကို ပွဲထွက်စာရင်း မှာ ပြန်လည် အသုံးပြုခဲ့ရလို့ ၊ သက်တောင့်သက်သာ ရှိတယ် လို့ ခံစားခဲ့မိပါတယ် ။ သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း အမြဲတမ်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပါတယ် ။ ”

” ဒဏ်ရာ က အမြန် ပြန်လာနိုင်ဖို့ ကုသမှုတွေ စနစ်တကျ ခံယူခဲ့သလို ၊ ဒီနေ့ည ပွဲမှာ ပွဲထွက်ခွင့် ရဖို့ ထိုက်တန်တယ် လို့လည်း ကျွန်တော် ထင်ပါတယ် ။ မနှစ်က စကစားခဲ့တုန်းက ခြေစွမ်းမျိုး သူ ပြန်ရလာဖို့ ကျွန်တော် မျှော်လင့်ထားသလို ၊ အခုထက်လည်း ပိုကောင်းလာဖို့ ရှိပါသေးတယ် ။ ”

” တီနို ( အန်ဂျိုရင် ) ကတော့ ဒီပွဲမှာ စီနီယာ အသင်း မှာ ပါဝင်လို့ ရလောက်တဲ့ အရည်အသွေးမျိုး ကို ထုတ်ပြသွားခဲ့ပါတယ် ။ အထူးသဖြင့် ဘောလုံး စွမ်းရည် နဲ့ ပတ်သက်ပြီး သူ ပြသသွားခဲ့တာတွေပေါ့ ။ ဘောလုံး ထိန်းချုပ်ရာမှာ ၊ ခန္ဓာကိုယ်ကာပြီး နေရာယူတာ အတော်လေး သေသပ်ပါတယ် ။ ”

” အထူးသဖြင့် တောင်ပံ တိုက်စစ် နေရာအတွက် ကျွန်တော်တို့မှာ ဒဏ်ရာ ပြဿနာတွေ ရှိနေချိန် ၊ သူ က အစားဝင် ကစားပေးလို့ ရကြောင်း ကို ပြသခဲ့ပါတယ် ။ ကျွန်တော်တို့နဲ့ အတူ ပိုပြီး လေ့ကျင့်လေလေ ၊ အရည်အသွေး က ပိုပြီး တိုးတက် ကောင်းမွန်လာလေလေပါပဲ ။ ဒါဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ခွင့် ဖြစ်ပြီး ၊ ပွဲစတာနဲ့ သူဟာ တဖြည်းဖြည်း နဲ့ တိုးတက်လာတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular