‘ ကျွန်တော်တို့ ပြန်လာမှာပါ ‘ – ချန်ပီယံလိဂ် က ထွက်ခွာခဲ့ပြီးနောက် လာမယ့် ရာသီမှာ ပိုကောင်းတဲ့ ပုံစံ ပြသဖို့ ချဲလ်ဆီး ပရိသတ် တွေကို ကတိပေးလိုက်တဲ့

မနေ့ည က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် တပွဲ မှာ ဂျာမန် အင်အားကြီး ဘိုင်ယန်မြူးနစ် အသင်း ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကို အိမ်ကွင်း မှာ သက်တောင့်သက်သာ ကစားပြီး ၄ – ၁ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ ၂ကျော့ပေါင်း ရလဒ် ၇ – ၁ နဲ့ ကွာတားဖိုင်နယ် အဆင့် သို့ တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမတိုင်ခင် ကတည်းက ဘိုင်ယန်မြူးနစ် အသင်း ဟာ ကွာတားဖိုင်နယ် သို့ တက်ရောက်ဖို့ သေချာသလောက် ရှိနေခဲ့ပေမယ့် ၊ မိမိတို့ အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာ မှာ အခြား ပြိုင်ဖက် အသင်းတွေကို သူတို့ဟာ ဘယ်လောက် အထိ ပြီးပြည့်စုံတဲ့ အသင်း ဖြစ်ကြောင်း ဒီပွဲမှာ ထပ်မံ ပြသနိုင်ခဲ့ပါတယ် ။

myan789

ချဲလ်ဆီး ဖက်က ကြည့်ရင်တော့ ဒီနှစ် ဘောလုံး ရာသီ အတွက် ဒီ ကစားသမား အင်အား နဲ့ ဒီမျှပဲ လို့ ပြောရမှာ ဖြစ်ပါတယ် ။ နဂို ကတည်းက လူစုံတက်စုံ အနေအထား မှာတောင် အတွေ့အကြုံပိုင်း အရ အားနည်းနေတဲ့ အသင်း ဖြစ်ပြီး ၊ ဒဏ်ရာရ ကစားသမား တွေ ပုံလာတဲ့ အတွက် ဒီပွဲ မကစားခင် ကတည်းက ရှုံးဖို့ အခွင့်အလမ်း ပိုများခဲ့ပါတယ် ။

ဂုဏ်သိက္ခာပိုင်း အရ ကြိုးစားခဲ့တာတွေတော့ တွေ့ခဲ့ရပေမယ့် ၊ ခံစစ် ကစားပုံ က အတော်လေး စိတ်ပျက်ဖို့ ကောင်းခဲ့ပြီး ၊ ဘိုင်ယန် ကို ၄ဂိုးပဲ ခွင့်ပြုခဲ့ရတာ ချဲလ်ဆီး တို့ ကံကောင်းတယ် လို့ ဆိုနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ချဲလ်ဆီး လူငယ် ကစားသမား တွေ အနေနဲ့ ဒီနှစ် ဘောလုံး ရာသီ ကနေ ကြီးမားတဲ့ သင်ခန်းစာ တွေ ရသွားလောက်ပါပြီ ။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ကစားသမား တွေရဲ့ ကြိုးကြိုးစားစား ကစားပုံ က မဆိုးခဲ့ပေမယ့် ၊ ဂိုးပြတ် ရှုံးပွဲကိုတော့ မနှစ်မြို့ကြောင်း နဲ့ လာမယ့် ရာသီ မှာ ပိုကောင်းတဲ့ ပုံစံ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို တဖန် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့ အတွက် ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ် လို ချန်ပီယံလိဂ် အတွေ့အကြုံ ရင့်ကျက်ပြီးသား အသင်းကြီး တသင်း နဲ့ ရင်ဆိုင်ရတာ ဟာ ကောင်းတဲ့ လေ့ကျင့်မှု တခုပါပဲ ။ လက်ရှိ ကျွန်တော်တို့ အသင်း မှာ ဒီရာသီမှာမှ စီနီယာ အသင်း အတွက် ပထမဆုံး ကစားခွင့် ရတဲ့ ကစားသမားတွေ အများကြီးပါပဲ ။ ”

” ကျွန်တော် တို့ ဘယ်လို အဆင့်အတန်းမျိုး ရောက်ချင်လဲဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် ။ လာမယ့် ရာသီ မှာ ကျွန်တော် တို့ ပြန်လာမယ် ဆိုတာကို ယုံကြည်ပါတယ် ။ ဒီနေ့ပွဲမှာ အသင်းသား တွေရဲ့ ကစားပုံ က အဆင်ပြေပါတယ် ။ ဒီလို ပြောဖို့ကလည်း ၄ – ၁ နဲ့ ရှုံးခဲ့တာဆိုတော့ အကောင်းဖက်ချည်း ချပြနေလို့ မရပါဘူး ။ ”

” ရလဒ်ပိုင်း အရတော့ ကျွန်တော် မပျော်ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ အဖွင့် ၂ဂိုး စပေးလိုက်ရပြီးနောက် ချေပဂိုး တဂိုး နဲ့ ပြန်လာဖို့ ကြိုးစားခဲ့ပါသေးတယ် ။ ဒီနေ့ ပွဲမှာ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အား နဲ့ ပြိုင်ဖက် အသင်း အင်အား နဲ့ ယှဉ်ကြည့်မယ် ဆိုရင် ကျွန်တော် တို့ဆီမှာ ကောင်းတဲ့ အရာ များစွာကို ခင်ဗျားတို့ တွေ့ရမှာပါ ။ ”

” တချိန်တည်းမှာပဲ အားနည်းချက် တချို့လည်း ကျွန်တော်တို့မှာ ရှိနေပါတယ် ။ ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေ ဆိုရင် တဦးချင်း စွမ်းဆောင်ရည် အားနည်းမှုတွေကြောင့် လို့ ပြောရပါမယ် ။ ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာ ဒီလို အမှားမျိုး ကျူးလွန်မိမယ် ဆိုရင် ပြိုင်ဖက် ရဲ့ အဆုံးသတ်မှု ကို ခံရမှာပါ ။ ”

” ဒါဟာ တိုးတက်မှု ခြေလှမ်းတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ် ။ ဒီလို ပေးဂိုးတွေ များနေတာ ဟာ ချဲလ်ဆီး အသင်း ရဲ့ အဆင့်အတန်း အမှန် မဟုတ်ပါဘူး ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မစတင်မီမှာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား လို့ ဆိုရမယ့် အီဒင် ဟာဇတ် ကို ဆုံးရှုံးခဲ့ရပါတယ် ။ ”

” ဘယ်သူကမှ ကျွန်တော်တို့ကို ဒီရာသီ ကို အဆင့် ၄ နေရာနဲ့ အဆုံးသတ်နိုင်မယ် လို့ မထင်ထားကြပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ လာမယ့် ရာသီ မှာ အဆင့် ၄ နေရာ နဲ့ ကျေနပ်နေမှာ မဟုတ်ပါဘူး ။ အခုအချိန် ဟာ ရာသီသစ် မစတင်မီ ဘယ်နေရာမှာ တိုးတက်ဖို့ လိုနေလဲ ဆိုတာ စဉ်းစားရမယ့် အချိန် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular