ကီပါ နဲ့ မန်ဒီ အကြား က ဆက်ဆံရေး အခြေအနေ ကို ပြောပြလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ခံစစ် က ပေးဂိုး ၅၄ဂိုး အထိ ရှိခဲ့တဲ့ အတွက် ၊ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ခံစစ် အတွက် အားဖြည့်မှု ၄ခု အထိ ပြုလုပ်ခဲ့ပါတယ် ။ ဒီအထဲမှာ ၃ဦး က လက်ရှိ ပွဲထွက် ၁၁ယောက် နေရာမှာ ပါဝင်လျက် ရှိပါတယ် ။

အသိသားဆုံး အပြောင်းအရွှေ့ လှုပ်ရှားမှု ၃ခု ဖြစ်ပြီး ၊ ဂိုးသမား နေရာ အတွက် ဖြည့်တင်းမှု က ခံစစ် တကြောင်းလုံး ရဲ့ အရည်အသွေး နဲ့ ယုံကြည်မှု ကို ပိုပြီး မြင့်တက်စေခဲ့ပါတယ် ။ ရန်းနက်စ် အသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်း နဲ့ ရောက်လာတဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄ဂိုးသာ ရှိထားပါတယ် ။

myan789

ဒါ့အပြင် ၎င်း ပွဲထွက်ခွင့် ရတဲ့ ပွဲတိုင်း ချဲလ်ဆီး အသင်း ရဲ့ ခံစစ် ကစားပုံ က ကျစ်လျစ်မှု ရှိခဲ့ကာ ၊ ပေးဂိုး တဂိုးထက် ပိုတဲ့ပွဲ တပွဲမှ မရှိခဲ့ပါဘူး ။ ၎င်းမတိုင်ခင် ကတော့ ယုံကြည်မှု ပျောက်ဆုံး နေခဲ့တဲ့ ကီပါ ကို ဆောက်သမ်တန် နဲ့ အိမ်ကွင်းပွဲမှာ နေရာပေးခဲ့ဖူးပေမယ့် ၊ ပေးဂိုး ၃ဂိုး ခွင့်ပြုခဲ့ရပြီးနောက် အရန်ခုံမှာ တောက်လျှောက် ထိုင်ခဲ့ရပါတယ် ။

ယနေ့ည ခရာစနိုဒါ နဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်မှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ကမ္ဘာ့ ကြေးအကြီးဆုံး ဂိုးသမား ကီပါ ကို ပွဲထွက်ခွင့် ပြန်ပေးတော့မှာ ဖြစ်ပါတယ် ။ ဒီပွဲဟာ ၁၆ သင်း အဆင့် ကို အုပ်စုဗိုလ် နဲ့ တက်ရောက်သွားတဲ့ ချဲလ်ဆီး အသင်း အဖို့ အရေးမကြီးတော့ပါဘူး ။

ဒါ့အပြင် ရုရှား ကလပ် ခရာစနိုဒါ အသင်း ဟာလည်း အဆင့် ၃ နေရာ နဲ့ ယူရိုပါလိဂ် ကစားခွင့် ကို ရသွားပြီ ဖြစ်လို့ ၊ ဒီပွဲဟာ ၂သင်းလုံး အတွက် အဖြည့်သဘောမျိုးသာ ဖြစ်လာဖို့ ရှိပါတယ် ။ ၂သင်းလုံး အရန် ၊ လူငယ်တွေနဲ့ ဝန်းရံလာမယ့် အချိန် ကီပါ အတွက် ကိုယ့်ရဲ့ ယုံကြည်မှုတွေ ပြန်လည် မြှင့်တင်ဖို့ အခွင့်အခါ သင့်တုန်း ကြိုးစားရပါတော့မယ် ။

ကီပါ ဟာ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှု ကို သိပ်မရထားတဲ့ အတွက် ဝါရင့် ဂိုးသမား ဝီလီ ကာဘယ်လာရို အနောက်မှာသာ ရှိနေပြီး ၊ ယနေ့ည ပွဲကနေ ၎င်းဟာ နည်းပြ ရဲ့ ယုံကြည်မှု ကိုလည်း ပြန်ရှာရမှာ သေချာပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လမ်းပတ် က အရင် နန်းကျဘုရင် ဂိုးသမား ကီပါ နဲ့ လက်ရှိ ပွဲထွက် ဂိုးသမား မန်ဒီ အကြား က ဆက်ဆံရေး အကြောင်း ကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လမ်းပတ် က ” ကီပါ ဟာ အသင်းသား အားလုံး ရဲ့ အားပေး ထောက်ခံမှု ကို ရရှိထားဆဲပါ ။ ဒါကို ကျွန်တော် မြင်ထားပါတယ် ။ ဂိုးသမား တွေရဲ့ လေ့ကျင့်ရေး အစီအစဉ် က သီးသန့် ဖြစ်ပေမယ့် ၊ တခါတလေ မှာ သူတို့ လေ့ကျင့်ပုံ တွေကို သွားကြည့် ဖြစ်ပါတယ် ။ သူတို့ အားလုံး ဟီလာရီယို ( ဂိုးနည်းပြ ) နဲ့ အတူတကွ လေ့ကျင့်ကြပါတယ် ။ “

” ဒါပေမယ့် အဝေးက ကြည့်နေတဲ့ အနေအထား မှာတောင် သူတို့ ၂ယောက် ၊ တယောက် ကို တယောက် ပံ့ပိုးပေးနေတာ ကို ခံစားရပါတယ် ။ နောက်ပြီး အသင်း တသင်း မှာ ဂိုးသမား ဟာ တယောက်တည်း ရှိတာမဟုတ်လို့ ၊ ပုံစံကောင်း တရပ်မှာ ရပ်တည်နေဖို့ ၊ တယောက် ကို တယောက် တွန်းအားပေးရတာတွေ ရှိပါတယ် ။ “

” ကီပါ နဲ့ ပတ်သက်ပြီး ကျွန်တော် အားရ ကျေနပ်မိပါတယ် ။ သူ့ရဲ့ တုန့်ပြန်မှုတွေက သိသာ ထင်ရှားမှု ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က ပြိုင်ပွဲစုံ နောက်ဆုံး ၁၆ ပွဲဆက် ရှုံးပွဲ မရှိထားရာမှ ၊ ၁၀ပွဲ အထိ အနိုင်ရထားခြင်း နဲ့ ပတ်သက်ပြီး သူတို့ရဲ့ နိုင်ပွဲ ရအောင် နည်းလမ်း ကြံဆ ကစားပုံ ကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့ဟာ နောက်ပိုင်း ပွဲတွေမှာ Clean Sheet တချို့ ထိန်းသိမ်းနိုင်ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အပေါင်း လက္ခဏာ ဆောင်ခြင်း တရပ် ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီရာသီ အစပိုင်း မှာ ခံစစ် က ပေးဂိုး များနေခဲ့တာ က အဓိက ပြဿနာ တရပ် ဖြစ်ခဲ့လို့ပါ ။ “

” ဒါပေမယ့် ဒီလို Clean Sheet တွေ စွမ်းဆောင်နိုင်ဖို့ ကျွန်တော် တို့ဟာ တည်ငြိမ်တဲ့ ပုံစံ ကို ထိန်းသိမ်းထားရပါတယ် ။ ပရီးမီးယားလိဂ် မှာ Clean Sheet ရဖို့ မလွယ်ဘူး ဆိုတာ ခင်ဗျားလည်း နားလည်မှာပါ ။ လိဒ်စ် နဲ့ ပွဲမှာ ပွဲအစ မိနစ် အနည်းငယ် အတွင်း ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းခဲ့ပေမယ့် ၊ ပြိုင်ဖက် က အခွင့်အရေး တကြိမ် ကနေ ဂိုးသွင်းသွားခဲ့ပါတယ် ။ “

” ဒီတော့ ပြောင်းပြန် ရှုထောင့် အနေနဲ့ ကြည့်ရင် ဒါဟာ ကျွန်တော်တို့ အတွက် စမ်းသပ်မှုကောင်း တရပ် ဖြစ်ခဲ့ပါတယ် ။ လတ်တလော အသင်း ရဲ့ ကစားပုံ နဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျမိတဲ့ အချက် တချက် က အသင်းသား တွေဟာ ယုံကြည်မှု အပြည့် နဲ့ ပွဲချဉ်ကပ်ပုံ မှာ တစိုက်မတ်မတ် ကြိုးစား ကစားကြတာပါပဲ ။ “

” ဒါကို ကျွန်တော်တို့ ဆက်လက် တည်ဆောက်သွားရမှာပါ ။ မနှစ်က ကျွန်တော် တို့ဟာ အခွင့်အရေး များများ ဖန်တီးနိုင်တဲ့ ပွဲတချို့ မှာတောင် ဂိုးမသွင်းနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ် ။ နောက်ပြီး ခံစစ် ကလည်း ပေးဂိုးတွေ မကြာခဏ ခွင့်ပြုခဲ့ရပါတယ် ။ ဒါဟာ ဒီရာသီ အတွင်း ကျွန်တော်တို့ ပိုတိုးတက်လာဖို့ မျှော်လင့်ထားတာတွေ ဖြစ်ပါတယ် ။ လောလောဆယ် အလုပ် ဖြစ်နေတာ မှန်ပေမယ့် ၊ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေ ရပ်တန့်လိုက်လို့ မဖြစ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular