ကိုပါအမေရိက ဗိုလ်လုပွဲမှာ ရင်ဆိုင်တွေ့ဆုံမယ့် အသင်းဖော်ဟောင်း နေမာ နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆို လာခဲ့တဲ့ မက်ဆီ

ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်း ၂ ဦး ဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ တောင်အမေရိက ရဲ့ အမြင့်ဆုံး ဖလား ဖြစ်တဲ့ ကိုပါ အမေရိက ဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင် ကြရ တော့မှာပါ ။ လီယွန်နယ် မက်ဆီ ရဲ့ အာဂျင်တီးနား ဟာ ယမန်နေ့ က ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ် မှာ ၃ – ၂ နဲ့ အနိုင် ရခဲ့ပြီး ပီရူး ကို ၁ – ၀ နဲ့ အနိုင် ရခဲ့တဲ့ အိမ်ရှင် ဘရာဇီး နဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

ဒီပွဲဟာ လီယွန်နယ် မက်ဆီ အတွက် အလွန် အရေးပါသလို အာဂျင်တီးနား အတွက်လည်း ၁၉၉၃ ခုနှစ် ပြိုင်ပွဲ ပြီးကတည်းက ဝေးကွာ နေတဲ့ ကိုပါ အမေရိက ဖလား ကို ပြန်လည် ရယူဖို့ နောက်တစ်ကြိမ် အခွင့်အရေး ဖြစ်လာခဲ့ ပါတယ် ။

myan789

မက်ဆီ နဲ့ နေမာ တို့ ဟာ ဘာစီလိုနာ အသင်းမှာ အတူ တွဲ ကစားခဲ့ပြီး လာလီဂါ ၊ ချန်ပီယံလိဂ် ၊ ကိုပါဒယ်ရေး ဖလား အပါအဝင် ဖလား ၆ လုံးအောင်ပွဲကို ရယူနိုင်ခဲ့ကြ ပါတယ် ။ လက်ရှိ မှာတော့ နေမာ က PSG မှာ ကစားနေပြီး မက်ဆီ ကတော့ ဇူလိုင်လ ၁ ရက်နေ့မှာ ဘာစီလိုနာ နဲ့ စာချုပ်ကုန်ဆုံးကာ အသင်းလက်မဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

နေမာ ဟာ ပီရူး ကို အနိုင်ရပြီး ကိုပါ ဗိုလ်လုပွဲ တက်ရောက် အပြီးမှာ မိတ်ဆွေဟောင်း မက်ဆီ ရဲ့ အာဂျင်တီးနား နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင် ဆုံတွေ့ လိုပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။ အခု တဖန် မက်ဆီ ကလည်း သူတို့ နဲ့ ဖလား အဆုံးအဖြတ်ပွဲကို ကစားမယ့် ဘရာဇီး အသင်းနဲ့ နေမာ တို့ အကြောင်းကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“နေမာ ပါတဲ့ ဘရာဇီး နဲ့ ရင်ဆိုင်ရမှာက တကယ်ကို ခက်ခဲ မှာပါ ။ သူတို့ရဲ့ အရည်အသွေး တွေကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက် ထားပါတယ် ၊ နေမာ ရဲ့ တစ်ကိုယ်တော် စွမ်းဆောင်နိုင်မှု ကိုလည်း မေ့ထားလို့ မရပါဘူး”

“ကျွန်တော့ အတွက်တော့ နိုင်ငံ အသင်းနဲ့ တစ်စုံ တစ်ခုကို အောင်မြင်နိုင်ဖို့ ဟာ အလိုအရှိဆုံး ဆန္ဒ ပါပဲ ။ အာဂျင်တီးနား အသင်း အတွက် ကစားပေးနေတဲ့ အချိန်မှာ အရာအားလုံးကို ပေးဆပ် ထားခဲ့တာပါ ။ ဒီအသင်း နဲ့ ဆုဖလား ရဖို့ အတွက် အမြဲတမ်း တိုက်ပွဲ ဝင်ခဲ့ပါတယ်”

“ကိုပါ အမေရိက မှာ ကျွန်တော်တို့ ရှုံးတာတွေ ရှိတယ် ၊ နိုင်တာတွေလည်း ရှိပါတယ် ။ ပြိုင်ပွဲ တစ်ခုတိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာ ခဲ့ကြပြီး ဒီနှစ် အစုအဖွဲ့ က အောင်ပွဲ ရဖို့ တကယ်ထိုက်တန် ပါတယ်” လို့ မက်ဆီ က ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် မက်ဆီ က ကိုလံဘီယာ နဲ့ ပွဲမှာ ပင်နယ်တီ ၃ လုံးကို ကာကွယ်ပြီး သူရဲကောင်း ဖြစ်ခဲ့တဲ့ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက် ကိုလည်း ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

“ပင်နယ်တီ ဆိုတာ ထီထိုးသလို ပါပဲ ၊ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှု အပြည့်အ၀ ရှိနေခဲ့ ကြပါတယ် ။ ကျွန်တော်တို့ ဂိုးပေါက်ကို စံပြ တစ်ယောက်က စောင့်ရှောက် နေတာပါ ။ အနည်းဆုံး ၂ လုံးလောက်တော့ သူ ( မာတီနက် ) ပုတ်ပြ နိုင်လိမ့်မယ်လို့ ကျွန်တော် တွေးထားခဲ့ ပါတယ် ။ ကျွန်တော့ အတွေးတွေကို သူ စိတ်မပျက် စေခဲ့ပါဘူး” လို့ မက်ဆီ က မာတီနက် ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ကိုပါအမေရိက ပြိုင်ပွဲမှာ ၄ ဂိုး သွင်းယူ ထားပြီး ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နေသလို ဖန်တီးမှု လည်း အများဆုံး ပြုလုပ် ထားခဲ့ ပါတယ် ။ မက်ဆီ ဟာ အာဂျင်တီးနား ရဲ့ ပွဲစဉ်တိုင်း လိုလိုမှာ အကောင်းဆုံး ကစားသမား ဆုကို ရရှိထားခဲ့ တာကြောင့် ဒီနှစ် ပြိုင်ပွဲရဲ့ Player of the Tournament ဆုကို ရရှိဖို့ ထိပ်ဆုံးက ရေပန်းစား နေခဲ့တယ်လို့လည်း သိရှိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular