ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား – ဘရာဇီးလ် (မြန်မာစံတော်ချိန် ဇူလိုင် ၁၁ ရက် နံနက် ၆:၃၀ နာရီ)
တောင်အမေရိကမဟာပြိုင်ဘက် (၂)သင်းရဲ့ အတိတ်သမိုင်း၊ ကမ္ဘာ့အကောင်းဆုံး မက်ဆီနဲ့ နေမာတို့အကြား ပြိုင်ဆိုင်မှုတွေကြောင့် Superclasico de las Americas ပွဲစဉ်က ဆွဲဆောင်မှု အမြင့်ဆုံးမှာရှိနေပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းနဲ့ မေဂျာဖလား(ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက)မရဖူးသေးတဲ့ မက်ဆီနဲ့ နေမာတို့ကလည်း ဒီပြိုင်ပွဲမှာ အောင်ပွဲခံခွင့်ရဖို့ စိတ်အား အလွန်အမင်းထက်သန်နေတယ်။ မက်ဆီက အာဂျင်တီးနားအသင်းနဲ့ အိုလံပစ်၊ လူငယ်ပြိုင်ပွဲတွေမှာသာ ဆုဖလားရယူဖူးပြီး နေမာကလည်း ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားနဲ့ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွေမှာသာ အောင်မြင်မှုရရှိထားတာဖြစ်တယ်။ အခုပြိုင်ပွဲမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်း အကောင်းဆုံးပုံစံမှာ မရှိပေမဲ့ အားလုံးမျှော်လင့်ထားသလို ဗိုလ်လုပွဲအဆင့်ကိုတော့ အမှားအယွင်းမရှိ တက်ရောက်လာနိုင်ခဲ့တာဖြစ်တယ်။

ဘရာဇီးလ်နည်းပြ ထိထီအနေနဲ့ ဗိုလ်လုပွဲရောက်တဲ့အချိန်အထိ သူ့စိတ်ကြိုက် တိုက်စစ်အတွဲအဖက်ကို မရှာဖွေနိုင်ခဲ့ဘူး။ ဂျေးဇူးကလည်း ချီလီနဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် (၂)ပွဲပယ်ခံရလို့ ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်တော့ဘူး။ ထိထီအဖို့ ဆီမီးဖိုင်နယ်ပွဲ လူစာရင်းကိုပဲ ဆက်အသုံးပြုဖို့ရှိပေမဲ့ ညာတောင်ပံက အယ်ဗာတန်နေရာကိုတော့ ပြောင်းလဲမှုလုပ်လာနိုင်တယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီကတော့ ရှုံးထွက်အဆင့်ပွဲတွေမှာ သူ့ရဲ့ဦးစားပေးဖြစ်တဲ့ ၄-၃-၃ ကို ပြန်သုံးနေပြီး အပြောင်းအလဲရှိလာရင်တောင် နီကိုးလက်စ်ဂွန်ဇာလက်ဇ်၊ ဆယ်လ်ဆိုတို့ နေရာတွေလောက်ပဲ ဖြစ်နိုင်ခြေများတယ်။

myan789

ဘရာဇီးလ်အသင်းက ပြိုင်ပွဲအိမ်ရှင်ဖြစ်ပေမဲ့ ကွင်းပိတ်ကစားနေရလို့ အားသာချက်သိပ်မပိုပါဘူး။ လက်ရှိအခြေအနေမှာ လော်တာရိုမာတီနက်ဇ်၊ မက်ဆီတို့ရဲ့အာဂျင်တီးနားတိုက်စစ်က ဘရာဇီးလ်ထက်တောင် ပိုအလုပ်ဖြစ်နေသေးတယ်။ ဘရာဇီးလ်မှာ နေမာကလွဲလို့ ကျန်တဲ့သူတွေက ပုံမှန်ခြေစွမ်း အောက်ရောက်နေတယ်။ အာဂျင်တီးနားနဲ့ပဲ စွန့်စားချင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular