ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား – ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇူလိုင် ၈ ရက် နံနက် ရး၃၀ နာရီ)
အာဂျင်တီးနားနည်းပြ စကာလိုနီက အီကွေဒေါနဲ့ပွဲမှာ ၄-၃-၃ ကို ပြန်သုံးခဲ့ပြီး သူ့စိတ်ကြိုက် နဂိုအမာခံကစားသမားတွေကိုပဲ ပွဲထုတ်ခဲ့တာတွေ့ရတယ်။ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်လာပြီဖြစ်လို့ အုပ်စုပွဲတွေတုန်းကလို တစ်ပွဲချင်းအလိုက် အပြောင်းအလဲတွေလုပ်တော့မှာမဟုတ်ပေမဲ့ အာဂျင်တီးနား Line-up က အီကွေဒေါနဲ့ပွဲလူစာရင်းကို ပုံတူပွဲထုတ်တာမျိုး တော့ မဖြစ်နိုင်လောက်ဘူး။ နောက်တန်းမှာ ရိုမဲရိုး ပြန်ပါလာနိုင်ပြီး ကွင်းလယ်မှာ ဂီဒိုရိုဒရီဂွက်ဇ်နဲ့ တောင်ပံမှာ ဒီမာရီယာတို့ ပွဲထွက်ခွင့်ရတာတွေရှိလာနိုင်တယ်။ ကိုလံဘီယာကတော့ အာဂျင်တီးနားနဲ့ယှဉ်ရင် ကစားသမားပိုင်း ပိုတည်ငြိမ်တယ်။ ဒါပေမဲ့ အသင်းတိုက်စစ်က မူရီယဲလ်၊ ဇာပါတာတို့ အခုချိန်အထိ ဂိုးပေါက်မတွေ့သေးတာ အဓိကပြဿနာဖြစ်နေတယ်။ အာဂျင်တီးနားပဲ အနိုင်ရမှာပါ။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular