‘ ကာရာဘောင် ဟာ ချန်ပီယံလိဂ်တော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် ၄နှစ်ဆက် ဖိုင်နယ် တက်နိုင်ခဲ့တာ က အားရဖို့ ကောင်းပါတယ် ‘ – ဂွာဒီယိုလာ

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပွဲမှာ မန်ချက်စတာ မြို့ခံ ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် – မန်ချက်စတာ စီးတီး ထိပ်တိုက် တွေ့ဆုံမှုမှာ အိမ်ရှင် မန်ယူနိုက်တက် တို့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ကြုံခဲ့ရတဲ့ ဆီမီးဖိုင်နယ် ကျိန်စာဆိုး ကို ပြန်လည် ချေဖျက်နိုင်ခဲ့ခြင်း မရှိပဲ ၊ ၀ – ၂ နဲ့ အရှုံးပေးခဲ့ရပါတယ် ။

ဒီ ၂သင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြဖူးပြီး ၊ မန်စီးတီး ကပဲ ၂ကျော့ပေါင်း မှာ အနိုင်ရကာ ၊ ဖိုင်နယ် သို့ တက်ရောက် နိုင်ခဲ့ပါတယ် ။ ဒီ တကြိမ်မှာတော့ အင်္ဂလန် ပြည်တွင်း ကိုဗစ် ကူးစက်မှု များနေရုံမက ၊ စည်းမျဉ်း ပြောင်းလဲမှုကြောင့် ဆီမီးဖိုင်နယ် ကို တကျော့သာ ကျင်းပခဲ့ပါတယ် ။

myan789

တဖက်မှာ မန်စီးတီး အသင်း ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေတဲ့ ကစားသမား တချို့ကြောင့် ၊ လူမစုံခဲ့ပေမယ့် ၊ ခါးသီးတဲ့ ဒါဘီ ပြိုင်ဖက် ကို အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ သက်တောင့်သက်သာ အနိုင်ယူပြခဲ့ပါတယ် ။ မန်စီးတီး အသင်း ဟာ ဒီ သွင်းဂိုး ၂ဂိုးကို ဒုတိယပိုင်း အစ နဲ့ ပွဲပြီးခါနီး တွေမှာ ရရှိခဲ့တာ ဖြစ်ပါတယ် ။

တည်ကန်ဘော တွေကနေ ရရှိခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်ခဲ့ပေမယ့် ၊ မန်စီးတီး ဟာ ဒီပွဲကို ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့တာ ငြင်းနိုင်စရာ မရှိပါဘူး ။ ဒါဟာ မန်စီးတီး အတွက် ကာရာဘောင် ဖလား ဗိုလ်လုပွဲသို့ နောက်ဆုံး ၄နှစ်ဆက် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။

ယခင် က သမိုင်းမှာ လီဗာပူး တသင်း ကသာ ၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ် အတွင်း ဒီ လိဂ်ဖလား ဗိုလ်လုပွဲ ကို ၄ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ဖူးတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်း ဟာ ၄ကြိမ်ဆက် ကာရာဘောင် ဖလား ချန်ပီယံ ဖြစ်ဖို့အတွက် လက်တကမ်း အကွာမှာ ရောက်နေပါပြီ ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ မန်စီးတီး နဲ့ အတူ သမိုင်း တလျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလား ဆွတ်ခူးချင်နေတဲ့ ဂွာဒီယိုလာ က ကာရာဘောင် ဟာ ချန်ပီယံလိဂ် မဟုတ်ပေမယ့် ၊ ဖိုင်နယ် ၄နှစ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်း ကိုတော့ အရမ်း အားရမိတဲ့ အကြောင်း အခုလိုပဲ ဂုဏ်ယူ ဝင့်ကြားစွာ ပြောခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” အသင်း အတွင်းမှာ အောင်ပွဲတွေ အတွက် မှန်ကန်တဲ့ စိတ်ဓာတ် ခံယူချက် ရှိရင် ၊ ကျွန်တော် တို့ဟာ အံ့သြဖွယ် မှတ်တမ်းကောင်း တွေကို ဖန်တီးနိုင်ကြပါတယ် ။ ကာရာဘောင် ဖလား ဟာ ချန်ပီယံလိဂ် ဖလား မဟုတ်တာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ဖိုင်နယ် ကို ၄နှစ် တက်ရောက်နိုင်ခဲ့တာ က လုံးဝ အံ့သြဖွယ်ပါ ။ ”

” ဒီ အသင်း ရဲ့ အရည်အသွေး အပေါ် ကျွန်တော် အရမ်း ကျေနပ် အားရမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ မန်စီးတီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ စတင်ပုံ လေးလံ နှေးကွေးခဲ့ပေမယ့် ၊ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲဆက် ကိုတော့ အနိုင်ရထားခဲ့ပါတယ် ။

ဂွာဒီယိုလာ ကတော့ ရာသီကြို ပြင်ဆင်မှု အချိန် နည်းပါးခဲ့ခြင်း ဟာ ၎င်းတို့ရဲ့ ဒီနှစ် ဘောလုံး ရာသီ စတင်ပုံ ကို ထိခိုက်စေတယ် လို့ ယုံကြည်နေကာ ၊ အခုအခါမှာတော့ ၎င်းတို့ဟာ ပုံစံကောင်း တရပ် ကို ပြန်လည် တည်ဆောက်ဖို့ အနေအထားကောင်း တရပ်မှာ ရှိနေပြီ လို့လည်း ဖွင့်ဟလာပါတယ် ။

ဂွာဒီယိုလာ က ” တည်ငြိမ်မှု နဲ့ ဆိုင်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ရာသီကြို ပြင်ဆင်မှု မရှိခဲ့ပါဘူး ။ ဒီအတွက်ကြောင့် ကျွန်တော် တို့ဟာ ပုံမှန် ရစ်သမ် ပြန်ရဖို့ အချိန် အနည်းငယ် လိုအပ်တာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ လိုချင်တဲ့ ပုံစံ ကို ရောက်လာပြီ လို့ ဆိုရမှာပါ ။ ”

” ကာရာဘောင် ဖလား ဗိုလ်လုပွဲ က လာမယ့် အပတ် မဟုတ်ပါဘူး ။ ဒီတော့ ဒီ ဗိုလ်လုပွဲ အတွက် ကြံ့ခိုင်မှု အနေအထား အရ အကောင်းဆုံး ပုံစံ မှာ ရှိနေမှာပါ ။ ဖိုင်နယ် မှာ တွေ့မယ့် တော့တင်ဟမ် ဟာ ထိပ်တန်း ကလပ် တသင်း ဖြစ်ပေမယ့် ၊ လောလောဆယ် မှာ ဒီပွဲ အကြောင်း မတွေးသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular