ကာရာဘောင်း ဖလားကို ဆွတ်ခူးဖို့ မျှော်လင့်နေကြောင်း ပြောလိုက်ပြီး အသင်းဖော်တစ်ဦးကို အမွှမ်းတင် ချီးကျူးလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ကာရာဘောင် ဖလား ၊ ကွာတား ဖိုင်နယ် ပွဲစဉ်အဖြစ် ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲ ပရီးမီးယားလိဂ် ပြိုင်ဖက် ဖြစ်တဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ ရပြီး နောက်ကျ မိနစ် သွင်းဂိုး တွေနဲ့ အတူ 0 – 2 ဆိုတဲ့ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ပွဲစဉ် စတင်ကတည်းက အဲဗာတန် အသင်းကို ဖိအားပေး တိုက်စစ်ဆင် ကစားရင်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးမရ နိုင်ခဲ့ကြ ပါဘူး ။ ပွဲချိန် 16 မိနစ်မှာ ကာဗာနီ က မြေမကျဘော ကန်ခဲ့ပေမယ့် အိုလ်ဆန် က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။

myan789

ဒါ့အပြင် ပွဲချိန် 34 မိနစ်မှာ လီဝင်ရဲ့ ခေါင်းတိုက်ဘောကို ဟန်ဒါဆန် ဖမ်းယူ နိုင်ခဲ့ သလို နှစ်မိနစ် အကြာမှာ ပေးခဲ့ ရတဲ့ ဆီဂတ်ဆန် ရဲ့ အလန်းစား ဖရီးကစ် ကန်ချက်ကို အင်္ဂလန် လက်ရွေးစင်က အံ့ဖွယ် ပုတ်ထုတ် ကာကွယ် သွားနိုင် ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ဂိုးမပေးခဲ့ ရတာပဲ ဖြစ်ပါတယ်

အဲ့ဒီနောက် ပွဲချိန် 67 မိနစ်မှာ ဆိုးလ်ရှားက မာရှယ် ၊ ရပ်ရှ်ဖို့ တို့ကို ထည့်သွင်း ခဲ့ပြီး တိုက်စစ်မြှင့်တင် ကစားသွားခဲ့ ပါတယ် ။ ပွဲချိန် 88 မိနစ် မှာတော့ မက်ဂွားယားက မာရှယ်ဆီကို တိုက်ရိုက် ဘောလုံး ပေးပို့ခဲ့ပြီး မာရှယ်က ကာဗာနီဆီ ထပ်ဆင့် ပေးခဲ့ရာ ဥရုဂွေး လက်ရွေးစင်က ဂိုးဧရိယာထိပ်မှ ဘယ်ခြေနဲ့ အပြင်းကန်ခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 96 မိနစ်မှာ ရပ်ရှ်ဖို့က မာရှယ်ဆီ ဘောလုံး ထိုးပေးခဲ့ရာ ပြင်သစ် လက်ရွေးစင်က ဘောလုံး လက်ခံယူပြီး အသင်း အတွက် အနိုင် သေချာစေမယ့် ဒုတိယမြောက် ဂိုးကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင် ခဲ့ကြ ပါပြီ ။

အဆိုပါ နိုင်ပွဲ အပြီးမှာတော့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကစားပေးမယ် ဆိုရင် ဆုဖလား ဆွတ်ခူးဖို့ မျှော်လင့် နေမှာ ဖြစ်ကြောင်း ပြောကြားရင်း ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့လိုက် ပါတယ် ။

” ခင်ဗျားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးနေမယ် ဆိုရင် ဆုဖလားတွေကို ဆွတ်ခူးဖို့ မျှော်လင့် နေမှာပါပဲ ။ ဒီနှစ်ရဲ့ ပထမဆုံး ပြိုင်ပွဲမှာ ကျွန်တော်တို့တွေ ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပါပြီ ။ အခုတော့ ပွဲကြီးပွဲကောင်း တွေကို အနိုင် ကစားပြီး ဆုဖလား ကိုင်မြှောက်ဖို့လိုအပ် နေပါပြီ ”

” ဂွတ်ဒီဆင် ပါ့ခ် က လာရောက် ကစားဖို့ အမြဲတမ်း ခက်ခဲတဲ့ နေရာ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ ဒီပွဲမှာတော့ ပြိုင်ဖက် အသင်း တွေက ပရိသတ် အင်အား ပိုင်ဆိုင် နိုင်ခဲ့ကြပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီး နိုင်ခဲ့ကြ ပါတယ် ။ အဆုံးသတ်မှာ ကျွန်တော်တို့တွေဟာ နိုင်ပွဲနဲ့ ထိုက်တန် ခဲ့ကြပါတယ် ။ ပင်နယ်တီ အထိ မရောက်ခဲ့တဲ့ အတွက် ပျော်ရွှင်မိ ပါတယ် ”

” ဒါဟာ တစ်ကယ့် ကောင်းမွန်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။ ကျွန်တော်တို့ ပွဲစဉ်ကို အကောင်းဆုံး စတင် နိုင်ခဲ့ကြတယ်လေ ။ ပွဲချိန် မိနစ် 20 လောက် ကတည်းက ကျွန်တော်တို့တွေ ဦးဆောင် နိုင်ခဲ့သင့် ပါတယ် ။ ကျွန်တော် တို့ဟာ အခွင့်အရေးကောင်း တွေကို 3 ၊ 4 ကြိမ် အထိ ရရှိခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ အဆုံးသတ် ပိုပြီး ကောင်းမွန်ခဲ့သင့် ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော်တို့ အကောင်းဆုံး ပုံစံနဲ့ ပွဲစဉ်ကို ဆက်လက် ကစားခဲ့ကြပြီး ဖိအားပေး နိုင်ခဲ့ကြ ပါတယ် ” လို့ မက်ဂွားယား က ပွဲစဉ် အပေါ် မှတ်ချက် ပေးရင်း အဖွင့်ဂိုး သွင်းယူပေး ခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီကို ဆက်လက် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ နောက်ထပ် အခွင့်အရေးတွေ ရနိုင် လိမ့်မယ်လို့ ကျွန်တော် ခံစားခဲ့ရ ပါတယ် ။ အီဒင်ဆန် ကာဗာနီဟာ တစ်ကယ့်ကို အဆုံးသတ် ကောင်းမွန်ခဲ့ပါတယ် ။ သူဟာ အားနည်းတဲ့ ခြေထောက်နဲ့ ဂိုးသွင်းပြ ခဲ့တာပါ ။ သူဟာ လေ့ကျင့်ရေး ကွင်းထဲ ခြေထောက် နှစ်ချောင်းလုံး နဲ့ ဂိုးသွင်း နိုင်ဖို့ ကြိုးစား နေခဲ့တာကို ကျွန်တော်တို့ နေ့စဉ် မြင်တွေ့ခဲ့ကြ ပါတယ် ”

” သူဟာ အသေးစား ဒဏ်ရာ ရရှိ နေခဲ့လို့ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက အသင်း အတွက် မပါဝင် နိုင်ခဲ့တာပါ ။ သူ့ကို အခုလိုမျိုး ကျွန်တော်တို့ရဲ့ အနားမှာ ပြန်လည် မြင်တွေ့ရတာ တစ်ကယ့်ကို ကောင်းမွန်လှ ပါတယ် ။ သူဟာ တစ်ကယ့် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ပါပဲ ” လို့ မက်ဂွားယား က ချီးကျူး စကား ဆိုသွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular