ကာဗာနီရဲ့ စပါယ်ရှယ် အရည်အသွေး တစ်ခုကို အမွှမ်းတင်ရင်း ပွဲစဉ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဟယ်ရီ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက်တို့ ဆောက်သမ်တန် အသင်းကို အနိုင် ကစား ခဲ့တဲ့ ပွဲစဉ် အပြီးနောက် ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က တိုက်စစ်မှူး ကာဗာနီ ရဲ့ လှုပ်ရှားမှု တွေကို အထူး အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

အီဒင်ဆန် ကာဗာနီ ဆိုတာ ယူနိုက်တက်တို့ ဆောက်သမ်တန် အသင်းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် နေခဲ့စဉ် ဒုတိယပိုင်းမှာ ဝင်ရောက် ကစားရင်း ကိုယ်တိုင် 2 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီး ပေးခဲ့ကာ ယူနိုက်တက် တို့ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ စေခဲ့ ပါတယ် ။

myan789

အခုတော့ ကာဗာနီ က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နှစ်ပွဲဆက် ပုံစံကောင်း တွေကို ပြသပေးရင်း ၊ ချီးကျူးမှု တွေကို ခံယူရင်း နဲ့ ပုံမှန် ပွဲထွက် ကစားခွင့် တစ်နေရာ ရရှိသွားဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ခြေစွမ်း နဲ့ သက်သေ ပြသွား နိုင်ခဲ့ ပါပြီ ။

အခုတော့ ပွဲစဉ် အပြီး BBC နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က ကာဗာနီ ဟာ အသင်း အတွက် ဘယ်လို အရည်အသွေး တွေကို ယူဆောင် လာနိုင်ခဲ့ သလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဧရိယာ ထဲမှာ သူ့ရဲ့ လှုပ်ရှားမှု တွေက အရမ်းကို ကောင်းလှ ပါတယ် ။ ကျွန်တော် ကစားခဲ့ဖူး သမျှ ထဲမှာ လေ့ကျင့်ရေ ကွင်းထဲက သူ့ရဲ့ လှုပ်ရှားမှု တွေက အကောင်းဆုံး ပါပဲ ။ သူဟာ ပုံမှန် ရွေ့လျား ကစား နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ။ သူဟာ ဘယ်လို အရည်အသွေး ပိုင်ဆိုင်ထား သလဲ ၊ အသင်း အတွက် ဘာတွေ ယူဆောင် လာနိုင် သလဲ ဆိုတာ သိသူ တစ်ဦး ပါပဲ ”

” သူ့အတွက် အခုလိုမျိုး ပွဲထွက် ကစားခွင့်တွေ ရရှိဖို့ အရမ်းပဲ အရေးကြီးလှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ တစ်ကယ့်ကို ထိပ်တန်း ကစားသမားကောင်း တစ်ဦး ဖြစ်နေလို့ ပါပဲ ” လို့ မက်ဂွားယား က ထုတ်ဖော် ချီးကျူး သွားခဲ့လိုက်ပြီး ဆောက်သမ်တန် အသင်း နဲ့ နိုင်ပွဲ အပေါ် …

” ကျွန်တော်တို့ တွေက အခွင့်အရေး ကောင်းတွေ အများကြီး ဖန်တီး နိုင်ခဲ့ကြ ပါတယ် ။ ပထမပိုင်း အတွက် ဂိုး ရရှိ နိုင်ဖို့ အတွက် ကျွန်တော်တို့ အရမ်းကို ကြိုးစား ခဲ့ကြ ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ကျွန်တော် တို့ဟာ သူတို့ တွေကို ဆိုးရွားတဲ့ ဂိုး နှစ်ဂိုး ပေးဆောင် ခဲ့လိုက်ရ ပါတယ် ”

” ကျွန်တော်တို့ အကောင်းဆုံး ရှေ့ဆက်ဖို့ လိုတယ် ဆိုတာကို သိခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ ရရှိ ခဲ့တဲ့ အဖွင့်ဂိုးက အရမ်းကို အရေးကြီးခဲ့ ပါတယ် ။ အဲ့တာက ကျွန်တော် တို့ကို ယုံကြည်မှုတွေ ပေးစွမ်း နိုင်ခဲ့တယ်လေ ။ အီဒင်ဆန် ဂိုးတွေ သွင်းပေးခဲ့တာ ကျေးဇူးတင်စရာ ပါပဲ ”

” ကျွန်တော် တို့ရဲ့ ခံစားချက်တွေ ထူးဆန်း နေခဲ့ ပါတယ် ။ ကျွန်တော် တို့ဟာ ပထမပိုင်း အတွင်း နှစ်ဂိုး ပေးခဲ့ရ ပေမယ့် ပွဲစဉ်ထဲ ဆက်လက် ရှိနေ ကြတယ်လို့ ခံစားခဲ့ရ ပါတယ် ။ ကျွန်တော်တို့ ပြိုင်ဖက် အသင်းကို ဒုက္ခ ပေးနိုင်တယ် ဆိုတာ သိရှိ ခဲ့ကြပါတယ် ။ ပထမပိုင်း အတွင်းလည်း ကျွန်တော်တို့ အခွင့်အရေး ကောင်းတွေ ပိုင်ဆိုင်ခဲ့ ကြတယ်လေ ”

” ကျွန်တော်တို့ တိုးတက်ဖို့ လိုတယ် ၊ ပြင်းအား အပြည့် နဲ့ ဆက်လက် ကစားရင်း အခွင့်အရေး ရယူဖို့ လိုတယ် ဆိုတာ သိရှိ နေခဲ့ကြ ပါတယ် ။ 2 – 2 ဖြစ်ခဲ့တဲ့ အချိန်မှာ ဆိုရင် နောက်တစ်ဂိုး သွင်းလိုက်တာ နဲ့ နိုင်ပြီ ဆိုတဲ့ ခံစားချက်တွေ လွှမ်းမိုး နေခဲ့ ပါတယ် ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular