ကာဗာနီကို အကြံပေးခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် အချစ်တော် ဟာရဲရား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် အချစ်တော် ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အန်ဒါ ဟာရဲရား က အိုးလ် ထရပ်ဖို့ဒ်ဆီ ကာဗာနီ မပြောင်းရွှေ့မီ PSG အသင်းဖော် ဖြစ်သူကို အကြံပေး စကားတွေ ပြောခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

ကာဗာနီဟာ ဒီနွေ အပြောင်းအရွှေ့မှာ PSG အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားပြီး အသင်း လက်မဲ့ ဖြစ်နေခဲ့ ပါတယ် ။ ဒီလို အချိန်မှာ တိုက်စစ်မှူး တစ်ဦး လိုအပ် နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် ယူနိုက်တက် အသင်းမှာ အချိန် 5 နှစ် အထိ ကစား ပေးခဲ့တဲ့ ကွင်းလယ်လူ အန်ဒါ ဟာရဲရား နဲ့ ကာဗာနီဟာ PSG အသင်းမှာ အသင်းဖော် အဖြစ် ကစား ခဲ့သူ ဖြစ်ခဲ့တဲ့ အတွက် မန်ချက်စတာကို ပြောင်းရွှေ့ဖို့ အကြောင်းဖန် လာခဲ့တဲ့ အခါ သူဟာ စပိန် နိုင်ငံသား ဆီက အကြံဉာဏ် တောင်းခံခဲ့ ပါတယ် ။

အဲ့ဒီလို အချိန်မှာ ဟာရဲရားက ယူနိုက်တက်ဟာ တုနှိုင်း မရတဲ့ ကလပ် အသင်း တစ်ခု ဖြစ်ကြောင်း ၊ ဒါပေမယ့် PSG အသင်း ရဲ့ ဂိုးသွင်း အများဆုံး တိုက်စစ်မှူး တစ်ဦး အနေ နဲ့ ဒီလို ခမ်းနားတဲ့ အသင်း ရဲ့ ပရိသတ် တွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခွင့် မရတာက စိတ်ပျက် စရာ ဖြစ်နေ လိမ့်မယ်လို့ ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” သူ ( ကာဗာနီ ) ဟာ ကျွန်တော့် ဆီက အကြံဉာဏ် တောင်းခံ ခဲ့ပါ သေးတယ် ။ အဲ့ဒီ အခါ ကျွန်တော်က ‘ ဒါက မင်း ဖက်က no လို့ လုံးဝ ပြောလို့မရနိုင်တဲ့ အသင်း အနည်းစု ထဲက တစ်ခု ဖြစ်တယ် ‘ ဆိုတဲ့ အကြောင်း ပြန်လည် ပြောကြား ဖြစ်ခဲ့ ပါတယ် ”

” ဒါပေမယ့် သူဟာ ပရိသတ် တွေနဲ့ တွေ့ဆုံခွင့် ၊ အာပေး ခံရခွင့် ပိုင်ဆိုင် သွားမှာ မဟုတ်တာ ကတော့ တစ်ကယ့်ကို စိတ်ပျက် စရာ ပါပဲ ။ အိုးလ် ထရပ်ဖို့ဒ် က တုနှိုင်း မရတဲ့ နေရာ တစ်ခုပါ ” လို့ ဟာရဲရား က အသင်းဖော် ဖြစ်သူကို အကြံပေး တိုက်တွန်း ခဲ့တာပဲ ဖြစ်ပါတယ် ။

အသက် 33 နှစ် ရှိနေပြီ ဖြစ်တဲ့ ကာဗာနီဟာ PSG အသင်းမှာ ရှိနေ ခဲ့တဲ့ အချိန် 7 နှစ်တာ ကာလ အတွင်း ပွဲပေါင်း 300 ကျော် ကစား ပေးထား ခဲ့ပြီး သွင်းဂိုး 200 အထိ သွင်းယူ ပေးထားနိုင် ခဲ့တဲ့ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ PSG နဲ့ အတူ အမှတ်ပေး ဖလား 6 ကြိမ် ဆွတ်ခူး ထားနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဟာရဲရား က အသင်းရဲ့ အားထား ရတဲ့ တိုက်စစ်မှူး တစ်ဦး အခုလို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာ သွားခဲ့တဲ့ အပေါ် စိတ်မကောင်း ဖြစ်နေခဲ့ ရတာပဲ ဖြစ်ပါတယ် ။ အခြားတစ်ဖက် မှာတော့ အန်သိုနီ မာရှယ်ဟာ ပွဲပယ် အပြစ်ခဏ် ခံရမှာ ဖြစ်တဲ့ အတွက် ကာဗာနီဟာ ယူနိုက်တက် အတွက် အမြန်ဆုံး ပွဲထွက် ကစားခွင့် ရရှိ သွားဖို့ ရှိနေ ပါတယ် ။

မနေ့ ညက အတည်ပြု ခဲ့တဲ့ သတင်းတွေ အရတော့ ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဂျော့ချ် ဘက်စ် ၊ ရော့ဘ်ဆင် ၊ ကန်တိုနာ ၊ ဒေးဗစ် ဘက်ခမ်း နဲ့ စီ ရော်နယ်ဒို တို့ ဝတ်ဆင်ခဲ့ ကြတဲ့ သမိုင်းဝင် နံပါတ် 7 ဂျာစီ ကို ဝတ်ဆင်ရ လိမ့်မယ် လို့ သိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular