ကလော့ရဲ့ အလုပ်မဖြစ်တဲ့ ဗျူဟာတစ်ခုကို ထောက်ပြလိုက်ပြီး လီဗာပူးစတားတစ်ဦးကို ဒီထက်ပိုမို စွမ်းဆောင်ပြရန် တိုက်တွန်းလိုက်တဲ့ ခရစ်ဆက်တန်

ခရစ်ဆက်တန်က နည်းပြ ယာဂန်ကလော့ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဥ် အချို့က အလုပ် မဖြစ်ခဲ့တဲ့ တိုက်စစ်ဗျူဟာ တစ်ခုကို ပြန်လည် သုံးသပ် သွားသင့်တယ်လို့ အကြံပေးလိုက်ပြီး လီဗာပူး ကစားသမား တစ်ဦး ထံကနေလည်း ဒီထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အက်ရှ်လေဘန်းရဲ့ ၈၃ မိနစ် ပင်နယ်တီ သွင်းဂိုးနဲ့ ဘန်လေကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကျိုးပျက် ခဲ့ရပါတယ်။

ဒါ့ကြောင့် ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာက မန်ယူနိုက်တက်နဲ့ ၆ မှတ် ကွာဟနေပါတယ်။ ဒါ့အပြင် လီဗာပူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး သွင်းဂိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ဝက်ဘရွမ်းနဲ့ သရေကျခဲ့တဲ့ ပွဲစဥ်မှာ ဆာဒီယိုမာနေး သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပြီး နောက်ဆုံး လိဂ်ပွဲစဥ် ၄ ပွဲဆက် ဂိုးပေါက် ပျောက်ထားခဲ့ပါတယ်။

myan789

ခရစ်ဆက်တန်က ”လီဗာပူးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၄ ပွဲမှာ open play ကနေ ဖြတ်တင်ဘော ၁၀၄ ကြိမ် ပြုလုပ် ခဲ့ပြီး ဘန်လေနဲ့ တစ်ပွဲတည်း မှာတင် အကြိမ် ၃၀ ရှိခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုး ဟာ ညာတောင်ပံကနေ အကြိမ်ကြိမ် ဖြတ်တင်ဘောတွေ ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ အရပ် ၆ ပေ မပြည့်တဲ့ အသင်းဖော်တွေဟာ ဒီဘောလုံးတွေကို အသုံးချဖို့ အခွင့်အရေး မရခဲ့ကြပါဘူး။

ကျွန်တော်ဟာ ကစားသမား ဘဝမှာ ခေါင်းတိုက်ဂိုးတွေ သွင်းယူ ခဲ့ပေမယ့် ကျွန်တော့် အရပ်က ၆ပေ ၃လက်မပါ။ ကျွန်တော်ဟာ ပြိုင်ဘက် နောက်ခံလူတွေနဲ့ အပြိုင် တိုက်နိုင်ပါတယ်။ ဒါပေမယ့် လီဗာပူး တိုက်စစ်မှာ ဒီလို လူတွေ မရှိတာကြောင့် ဘန်လေ နောက်ခံလူတွေဟာ အလက်ဇန်းဒါးအာနိုးရဲ့ ဖြတ်တင်ဘောတွေကို အေးအေးဆေးဆေး ရှင်းထုတ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ပြီးခဲ့တဲ့ ပွဲစဥ်တွေကလိုမျိုးပဲ ဒီဗျူဟာ အပေါ် ဆက်လက် မှီခို နေဆဲ ဖြစ်ပါတယ်။

ဒီလအစက ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ လီဗာပူးဟာ open play ကနေ ဖြတ်တင်ဘော ၃၅ ကြိမ်ထိ လုပ်ခဲ့ပြီး ဒါဟာ နည်းပြ ယာဂန်ကလော့ရဲ့ လက်အောက်မှာ အများဆုံး စံချိန်ပါပဲ။ သူတို့ဟာ ဒီလို အလုပ်မဖြစ်တဲ့ ဗျူဟာကို ဘာ့ကြောင့် ပြောင်းလဲဖို့ မလုပ်တာလဲ? လီဗာပူးဟာ တောင်ပံတွေ ကနေ ဘောလုံးကို အကြိမ်ကြိမ် crossing လုပ်ခဲ့ပေမယ့် ရလဒ်တွေကတော့ မပြောင်းလဲပါဘူး။

လီဗာပူးဟာ ဒီအချိန်မှာ ဂိုးပေါက် ရှာတွေ့ဖို့ ရုန်းကန် နေရပြီး ကျွန်တော်ကတော့ ရော်ဘတ်တိုဖာမီနို ဆီက ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို မြင်ချင်ပါတယ်။ သူဟာ လီဗာပူးရဲ့ false 9 ဖြစ်ပြီး ဂိုးတွေ သွင်းယူတာထက် တစ်ကိုယ်ကောင်း မဆန်တဲ့ ကစားဟန်နဲ့ နာမည်ကြီးပါတယ်။ ဒါပေမယ့် အခုချိန်မှာ မိုဟာမက်ဆာလား နဲ့ ဆာဒီယိုမာနေး တို့ဟာ ဂိုးတွေ သွင်းယူ နိုင်ဖို့အတွက် ရုန်းကန် နေခဲ့ရပါတယ်။ သူတို့ဟာ ယုံကြည်မှုပိုင်း ကျဆင်းနေပြီး ဘောလုံး ဘယ်နေရာကနေ ထွက်လာမလဲ ဆိုတာ မခန့်မှန်းနိုင်ပါဘူး။

ဖာမီနိုကို ဒီနေရာမျိုးမှာ လိုအပ်ပါတယ်။ လီဗာပူးတို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီမှာ သူဟာ ၉ ဂိုးပဲ သွင်းယူ ခဲ့ပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ တိုက်စစ်မှုး ၂၅ ယောက်က သူ့ထက် ပိုကောင်း ခဲ့ပါတယ်။ မာနေးနဲ့ ဆာလားတို့ ဂိုးတွေ အများကြီး သွင်းယူ ခဲ့တာ​ကြောင့် သူ သက်သာခဲ့တာပါ။ အခု သူ့ဆီက ဒီထက် သွင်းဂိုးတွေ မြင်ရရင် ကောင်းမှာပါ။” လို့ ဆိုသွားပါတယ်။

ဖာမီနိုဟာ ပရီးမီးယားလိဂ် ရာသီဝက် ကျိုးချိန်မှာ သွင်းဂိုး ၅ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပြီး ဆာလားက ၁၃ ဂိုး မာနေးက ၆ ဂိုး သွင်းယူ ထားခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular