ကလော့နဲ့ ဆာလားတို့ကြား ကွင်းဘေးစည်းမှာ အချင်းများခဲ့မှုအပေါ် သုံးသပ်ခဲ့ကြတဲ့ ကာရေဂါ နဲ့ ဟားဂရေ့စ်

မနေ့ညက လီဗာပူးတို့ ၀က်ဟမ်း နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ယာဂန်ကလော့နဲ့ မိုဆာလား တို့ ကွင်းဘေးစည်းမှာ အချင်းများခဲ့တဲ့ အကြောင်းရင်းကို ဂျေမီကာရေဂါက သုံးသပ်မှု လုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် Title race မှာ နောက်ထပ် ရမှတ် ဆုံးရှုံးမှု ဖြစ်ခဲ့ကာ တတိယနေရာ အတွက်သာ ကစားရတော့မှာ ဖြစ်ပြီး မန်စီးတီး or အာဆင်နယ် တစ်သင်းသင်းကသာ ချန်ပီယံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲစဉ်မှာ ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပြီး ကလော့နဲ့ ဆာလား တို့ဟာ ဒုတိယပိုင်းမှာ ကွင်းဘေးစည်းမှာ အချင်းများမှု ရှိခဲ့ကြပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ပုံစံကောင်း မပြသနိုင်တာကြောင့် ကလော့ဟာ နောက်ထပ် တစ်ကြိမ် ဆာလားကို အရန်ခုံ ပို့ခဲ့ပြီး ဒါနဲ့ ပက်သက်ပြီး စိတ်မကျေမနပ် ဖြစ်နေဟန် ရှိပါတယ်။

myan789

အဲဒီနောက် ဒုတိယပိုင်း လူစားလဲမှု မပြုလုပ်ခင်မှာ ကလော့နဲ့ ဆာလားတို့ ကွင်းဘေးစည်းမှာ အချင်းများခဲ့ကြပြီး နူးနက်နဲ့ ဂိုးမက်ဇ် တို့က ကြား၀င်ပေးခဲ့ပါတယ်။ ပွဲအပြီး ကလော့ ကွင်းထဲ၀င်လာချိန်မှာလည်း ဆာလားဟာ ကလော့ကို နှုတ်ဆက်မှု မလုပ်ဘဲ အ၀တ်လဲခန်းထဲကို တန်း၀င်သွားခဲ့ပါတယ်။

ဒါနဲ့ပက်သက်ပြီး ကာရေဂါက “ဒီလို အခြေအနေမှာ မန်နေဂျာ မပျော်မရွှင် ဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်း ကတော့ ကစားသမားဟာ လူစား၀င်ရန် အသင့် ဖြစ်ဖို့ အတွက် အချိန်တအား ကြာနေလို့ပဲ ဖြစ်ပါတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း အို၀င်ဟားဂရေ့စ်ကတော့ “ဒီလူတွေဟာ တကယ့် winners တွေ ဖြစ်ကြတာကြောင့် ရှုံးနိမ့်မှုကို မုန်းတီးကြပါတယ်။ သူတို့ဟာ ကောင်းကောင်း အချင်းများခဲ့ကြပါတယ်။ သူတို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ဆုဖလားအားလုံးလည်း ဆွတ်ခူးထားပြီးသား ဖြစ်ပါတယ်။ သူတို့ဟာ အနိုင်မရမှုနဲ့ အသားတကျ မဖြစ်ကြပါဘူး။

မိုဆာလားဟာ အရန်ခုံ ပို့ခံရတာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမယ်ဆိုတာ နားလည်လို့ ရပါတယ်။ ဒါပေမယ့် ကိုယ်ဟာ winner တစ်ဦး ဖြစ်ခဲ့အခါမှာ ဒါမျိုး ဖြစ်တက်ပါတယ်။ ဒီလိုမျိုး အချင်းများမှုလေးတွေက ရှိတက်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က တအားကို ပြိုင်ဆိုင်မှု ပြင်းထန်လို့ ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ သူတို့ လိုချင်သလိုမျိုး အဆုံးမသတ်နိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေကြမှာပါ။ ကိုယ်ဟာ winner တစ်ဦး ဖြစ်တဲ့အခါမှာ ဒါမျိုးဟာ လက်ခံရ ခက်ခဲပါတယ်။”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular