‘ကမ္ဘာပေါ်မှာ ဒီလို ဂိုးမျိုး သွင်းယူနိုင်တာ မက်ဆီ တစ်ဦးတည်းသာ ရှိတယ်’ လို့ နာပိုလီနဲ့ ပွဲက solo goal ကို ချီးကျူးလိုက်တဲ့ ပီတာခရောက်ချ်

ပီတာခရောက်ချ်က မနေ့ညက ဘာစီလိုနာတို့ နာပိုလီကို ၃-၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ လှပတဲ့ တစ်ကိုယ်တော် သွင်းဂိုးကို ရယူ နိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ တကယ့် ပါရမီရှင်ပဲလို့ ချီးကျူး သွားခဲ့ ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ ဘယ်ခြမ်း ကနေ ဘောလုံး ရလာ ခဲ့တဲ့ မက်ဆီဟာ နာပိုလီ ကစားသမား ၂ ဦး ၃ ဦးလောက် ပိတ်ဆို့ ထားတဲ့ ကြားထဲကနေ ဘောလုံးကို သယ်ထုတ် နိုင်ခဲ့ပြီး နာပိုလီ ကစားသမား တစ်ဦးနဲ့ ထိခိုက်မိကာ ပင်နယ်တီ ဧရိယာ အတွင်း လဲကျ ခဲ့ပါတယ်။

ဒါပေမယ့် အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ လဲနေတဲ့ ကြားထဲကနေ ဘောလုံးကို မရမက ပြန်လည် ဆွဲယူကာ ထိချက် အနည်းငယ်နဲ့ ဘောလုံးကို နေရာကောင်းကို ဆွဲယူပြီး ဘယ်ခြေနဲ့ လှလှပပ ဝေ့ဝှက် ကန်သွင်းယူ ခဲ့ပြီး ဘာကာကို ၂-၀ နဲ့ ဦးဆောင် စေခဲ့ပါတယ်။ အဆိုပါ ပွဲပြီးနောက် BT Sport နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရောက်ချ်က အဆိုပါ အခြေအနေမှာ မက်ဆီရဲ့ နှစ်ယောက်မရှိတဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ ပါတယ်။

myan789

ခရောက်ချ်က “သူဟာ တကယ့် ပါရမီရှင် ပါပဲ။ သူဟာ လဲကျ နေရာ ကနေ ပြန်ထပြီး မယုံနိုင်စရာ ဘောလုံး ထိချက် ၃ ကြိမ်နဲ့ ဘောလုံးကို ဂိုးထဲ ဝေ့ဝှက် ကန်သွင်းယူ နိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော ကစားသမားပါ။” လို့ အထူး ချီးကျူး သွားခဲ့ပါတယ်။

နောက်ထပ် လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကတော့ ဘာစီလိုနာဟာ အိုမင်းနေတဲ့ အသင်းတစ်သင်းလို့ ဆိုလိုက်ပြီး မနေ့ညက မက်ဆီရဲ့ စွမ်းဆောင်မှုနဲ့ နာပိုလီ ကို အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက် ခဲ့ပေမယ့်လည်း ဘာကာရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲ နိုင်ခြေကို မေးခွန်း ထုတ်သွား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နာပိုလီ နဲ့ အဝေးကွင်း ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ဘာစီလိုနာဟာ ဒုတိယ အကျော့ နူးကမ့်မှာတော့ လန်ဂလက်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အတူ ပွဲချိန် ၁၀ မိနစ် မှာပဲ ဦးဆောင် နိုင်ခဲ့ပါတယ်။ ၂၃ မိနစ်မှာ မက်ဆီက လှပတဲ့ ဂိုးနဲ့ ထပ်မံ ဦးဆောင် စေခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ ဆွာရက်က ပင်နယ်တီ ကနေ တဆင့် နောက်ထပ် တစ်ဂိုး ထပ်မံ ရယူ ခဲ့ပါတယ်။ ဒါပေမယ့် အင်ဆစ်နီ ဟာ ပင်နယ်တီ ကနေ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူ ခဲ့တာကြောင့် ပွဲဟာ ပြန်လည် အသက်ဝင်ခဲ့ ပေမယ့် ဒုတိယပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်း နိုင်ကြပဲ သရေရလဒ်နဲ့ ပွဲပြီး ခဲ့ပါတယ်။

အဆိုပါ ပွဲအပြီးမှာ အိုဝင်က လွန်ခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၂ ကြားက ပြည်တွင်းနဲ့ ဥရောပကို လွှမ်းမိုး ခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ လက်ရှိ အသင်းကို နှိုင်းယှဉ်ကာ ဝေဖန် ခဲ့ပါတယ်။

အိုဝင်က “နာပိုလီ နဲ့ ပွဲမှာ ဂိုးရဖို့ အားထုတ်မှုကို ကြည့်လိုက်ပါ။ နာပိုလီ က အပြတ်အသတ် အသာ ရခဲ့ ပါတယ်။ ဘာစီလိုနာဟာ ဖိုင်နယ်ကို တက်ရောက် နိုင်မယ့် အသင်း တစ်သင်းနဲ့ မတူ ပါဘူး။ ဘာစီလိုနာမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေ ပေမယ့် သူတို့ဟာ အိုမင်း နေတဲ့ အသင်း တစ်သင်းပါ။ သူတို့ဟာ တိုက်စစ်ပိုင်းမှာ လျှင်မြန်မှု မရှိပါဘူး။ သူတို့ရဲ့ ကစားဟန်က အပေါက်အလမ်း မတည့်ပါဘူး။ သူတို့ဟာ ကျွန်တော် အရင်က သိခဲ့တဲ့ ဘာစီလိုနာ နဲ့ တစ်ခြားစီပါ။ သူတို့ အနေနဲ့ လာမည့် နှစ်အနည်းငယ် အတွင်းမှာ အသင်းကို အသစ် တစ်ဖန် ပြန်လည် တည်ဆောက် သွားရ ပါလိမ့်မယ်။” လို့ ပြောသွား ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular