ကစားသမား နှစ်ဦးကြောင့် အာဆင်နယ် အသင်း ရဲ့ချန်ပီယံအိပ်မက် အပေါ် စိုးရိမ် မိတယ်လို့ ဖွင့်ဟလာတဲ့ ပေါလ်မာဆင်

အာဆင်နယ် အသင်း ရဲ့ ကစားသမားဟောင်း ပေါလ်မာဆင် က ဂန်းနားတို့ရဲ့တိုက်စစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ ဂျေးဇု နှင့် အန်ကီးတီးယား တို့ဆီကနေ သွင်းဂိုး လုံလောက်စွာ မရရှိကြောင့် ချန်ပီယံ ပြေးလမ်းထဲမှာ ကာလရှည်ကြာ ရှိနိုင်ပါ့မလား စိုးရိမ်မိတယ်လို့ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို လီဗာပူး အသင်း က ရမှတ် ၄၈ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ် အသင်း နဲ့ ရမှတ် ၅ မှတ် ကွာဟ နေပါတယ် ။ လီဗာပူး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဆာလာ နှင့် အာနိုး မပါတာတောင် ဘုန်းမောက် အသင်းကို လေးဂိုးပြတ် အနိုင် ယူခဲ့တာပါ။

myan789

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာမှ ပဲလေစ့်ကို ငါးဂိုးပြတ် အနိုင်ယူပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါလ်မာဆင် ကတော့ အာဆင်နယ် အသင်းဟာ ချန်ပီယံ ပြိုင်ပွဲထဲမှာ ရှိနေဆဲ လို့ ယုံကြည်ပေမယ့် တိုက်စစ် က သွင်းဂိုး ရရှိမှု နည်းပါးခြင်း အပေါ် အားမလို အားမရ ဖြစ်နေပါတယ် ။

” အာဆင်နယ် က ချန်ပီယံပြိုင်ပွဲထဲမှာ ရှိနေဆဲလို့ ထင်ပါတယ်။ သူတို့ ဒီတစ်ပတ်မှာ ရလဒ်ကောင်း ကို ရယူ နိုင်ခဲ့ပြီး ချန်ပီယံ ပြိုင်ပွဲထဲမှာ ဆက်လက် ရှိနေဆဲပါ၊ ဒါကြောင့် ချန်ပီယံဆုအကြောင်း ပြောရင် အာဆင်နယ် အသင်းကို ထည့်တွက်ရမှာပါပဲ ။ ”

” ဒါပေမဲ့ အန်ကီးတီးယား နှင့် ဂျေးဇု တို့ နှစ်ဦးပေါင်း သွင်းဂိုး က ဆာလာ ရဲ့ သွင်းဂိုးလောက် ရှိမနေပါဘူး ၊ဒါတောင် ဆာလာ က ညာတောင်ပံမှာ ကစားနေတာနော်၊ဒါက လီဗာပူး အသင်းအတွက် ကြီးမားတဲ့ အားသာချက်ပါပဲ၊ သူတို့သာ အခု ကစားနေတဲ့ အတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် ချန်ပီယံ ပြိုင်ပွဲထဲ အချိန် အကြာကြီး ဆက်ရှိနေဦးမှာပါ ။ ”

” လီဗာပူး က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းလို့ ကျနော် မဆိုလိုဘူးနော် ၊ မန်စီးတီး ပဲ ဖြစ်နေဆဲပါ ၊ မန်စီးတီး က အလွယ်တကူ နိုင်ပွဲတွေ ဆက်တိုက် ရယူ နိုင်စွမ်း ရှိပါတယ် ၊ ၁၀ ပွဲဆက်တိုက် မရှုံးအောင် အေးဆေး ကစား နိုင်ပါတယ် ၊ အခုဆိုလည်း ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲ အထိ အနိုင် ရထားပါတယ်။ ”

” နောက်ပြီး လူအင်အားကလည်း တောင့်တင်းပါတယ် ၊ ရာသီ အစကတည်းက ဟာလန်း နှင့် ဒီဘရိုင်းနား တို့ နှစ်ဦးထဲက တစ်ဦးကိုပဲ အသင်းမှာ အသုံးပြုနေရတာပါ ၊ ဒါတောင် သူတို့ ချန်ပီယံ ပြိုင်ပွဲထဲ ရှိနေဆဲပါပဲ။ စီးတီး ၊ လီဗာပူး နှင့် အာဆင်နယ် ကြား အဓိက ကွာခြားချက်က စီးတီး ၁၀ ပွဲဆက်လောက် နိုင်ရင် ဘယ်သူမှ မ‌ပြောကြပေမယ့် အာဆင်နယ် နှင့် လီဗာပူး သာ နိုင်ရင် ကြီးမားတဲ့ အရာ တစ်ခုလို ပြောကြတာပါပဲ ။ ”

” နောက်ပီး လီဗာပူး အသင်း ရဲ့ ချန်ပီယံ ရေပန်းစားမှုက တစ်ပတ် အတွင်း အပြောင်းအလဲ ဖြစ်သွား နိုင်ပါတယ် ၊ သူတို့ ချဲလ်ဆီး ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ့် ပွဲက ဘာမဆို ဖြစ်သွားနိုင်တဲ့ ခက်ခဲတဲ့ ပွဲတစ်ပွဲပါ ။ ပြီးရင် အာဆင်နယ် ကွင်းမှာ ထပ်ကစားရပါမယ် ၊ ဒီကြားထဲ အက်ဖ်အေဖလားပွဲက ရှိပါသေးတယ် ၊ အာဆင်နယ် သာ သူတို့ကို နိုင်သွားရင် လီဗာပူး အသင်း အတွက် အားလုံး ပြီးဆုံး သွားပါပြီ ။ ”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular