ကစားသမားအချင်းချင်း ရွေးချယ်သည့် PFA အကောင်းဆုံးဆုရရှိသဖြင့် အလွန်ဂုဏ်ယူမိကြောင်း ဆာလာ ပြောကြား

၂၀၂၁-၂၀၂၂ ရာသီအတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း (PFA ) က ချီးမြှင့်သည့် အကောင်းဆုံးကစား သမားဆုရရှိခဲ့သူ ဆာလာက ကစားသမားအချင်းချင်း ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်သောကြောင့် အလွန်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားသည်။

၂၀၂၁-၂၀၂၂ ရာသီ PFA အကောင်း ဆုံးဆုရရှိသူများကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာရာ အကောင်းဆုံးကစား သမားဆုကို လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာက ဆွတ်ခူးရရှိခဲ့သည်။ ယင်းဆုမှာ PFA အဖွဲ့ဝင် ကစားသမားများ ကိုယ်တိုင် မဲပေးရွေးချယ်သည့် ဆုဖြစ်သောကြောင့် ဂုဏ်သိက္ခာကြီးမားသည့်ဆုလည်း ဖြစ်သည်။

myan789

ဆာလာသည် ဆန်ခါတင်စာရင်း တွင်ပါဝင်သူ လီဗာပူးလ်အသင်းဖော် တိုက်စစ်ကစားသမား မာနေ၊ နောက်ခံလူ ဗန်ဒိုက်၊ ယင်းဆုကို နောက်ဆုံးနှစ်ရာသီဆက်တိုက်ရရှိထားသည့် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား၊ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းနှင့် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ထက် မဲအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင် PFA ဆုကို ၂၀၁၇-၂၀၁၈ ရာသီ တွင် တစ်ကြိမ်ရရှိဖူးရာ စုစုပေါင်းနှစ်ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး မာ့ခ်ဟုချ်၊ အလန်ရှီး ယား၊ အွန်နရီ၊ ဂါရတ်ဘေးလ်၊ ဒီဘရိုင်းနား တို့နှင့်အတူ ယင်းဆုကို နှစ်ကြိမ်ရှိဖူးသည့် ခြောက်ဦးမြောက် ကစားသမားဖြစ်လာသည်။

“ဆုဖလားတစ်ခု၊ တစ်ဦးချင်းဆုတံဆိပ် ဒါမှမဟုတ် အသင်းအဖွဲ့အလိုက်ရရှိတာတွေက အရမ်းကောင်းပါတယ်။ ဒီတစ်ခုက အရမ်းကြီးကျယ်ခမ်းနားပါတယ်။ အဲဒါကြောင့် ကျွန်တော် အရမ်းပျော်ပြီး ဂုဏ်လည်းယူပါတယ်။ ဒီဆုက ဘာလို့အရမ်းကောင်းတာလဲဆိုတော့ ကစားသမားတွေက မဲပေးရွေးချယ်ထားတာ ဖြစ်လို့ပါ။ အဲဒါက ဘာကိုပြလဲဆိုတော့ ခင်ဗျားသာ တကယ်ကြိုးစားရင် အဲဒီအတွက် ပြန်ရမှာပါပဲ။ ကျွန်တော့်ဆီမှာ ဆုဖလားထားတဲ့ အခန်းရှိပါတယ်။ နောက်ထပ်ဆုဖလားထားဖို့ နေရာလွတ်တစ်ခုရှိအောင် သေချာလုပ်ထားပါတယ်။ နေရာလွတ်ကို အမြဲတမ်းလုပ်ထားပြီး ဆုဖလားတွေ ထပ်ရလာလိမ့်မယ် လို့ စိတ်ကူးကြည့်ဖို့ ကြိုးစားဖြစ်ပါတယ်”ဟု ဆာလာက ဆုလက်ခံရယူပြီးနောက် ပြောကြားသည်။

PFA လူငယ်အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်း ကြယ်ပွင့်ကစားသမား ဖိုဒန်က ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular