ကစားသမားသစ် ခေါ်ယူမှုလို ဖြစ်စေမယ့် ပါတေး ပြန်ကစားနိုင်မယ့် အချိန်ကို ပြောပြလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က ဝက်စ်ဘရွန်း အသင်းကို လေးဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ကွင်းလယ်လူ သောမက်စ် ပါတေး ဟာ နောက်တစ်ပတ် နယူးကာဆယ် နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက်သတင်းကောင်း ပါးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးရက် နောက်ဆုံး အချိန်မှာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ သောမက်စ် ပါတေး ကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ (ပေါင် ၄၅ သန်း) ပေးပြီး အရ ခေါ်ယူ ခဲ့တာပါ ။

myan789

ဂါနာ လက်ရွေးစင် ပါတေး ဟာ အာဆင်နယ် ကို ရောက်ရောက်ချင်းမှာပဲ အလျင်အမြန် အထိုင်ကျပြီး ခြေစွမ်းပြ နိုင်ခဲ့ကာ မန်ယူနိုက်တက် ကို အနိုင် ရတဲ့ ပွဲမှာ ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရရှိ ခဲ့ပါတယ် ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပါတေး ဟာ ပေါင်ခြံ ဒဏ်ရာကြောင့် အာဆင်နယ် အသင်းပွဲ လေးပွဲဆက် လွဲချော် ခဲ့ရပြီး ၊ တော့တင်ဟမ် နဲ့ ပွဲမှာ ပြန်လည် ပွဲထွက် ကစားခဲ့ပေမယ့် ဒဏ်ရာ ထပ်ရသွားတာကြောင့် ထပ်မံ အနားယူ ခဲ့ရပြန်ပါတယ် ။

အခု အခါမှာတော့ ပါတေး ဟာ အသင်း နဲ့ အတူ လေ့ကျင့်ခန်း အချို့ လုပ်ဆောင် နိုင်နေပြီ ဖြစ်ပြီး နယူးကာဆယ် နဲ့ အက်ဖ်အေ ဖလား ပွဲမှာ ပြန်လည် ပါဝင် နိုင်ဖွယ် ရှိကြောင်း အာတီတာ က ပွဲအပြီး အင်တာဗျူးမှာ အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

” သူ(ပါတေး) က အသင်း နဲ့ အပြည့်အဝ လေ့ကျင့်ခန်းတော့ မဆင်းနိုင်သေးပါဘူး ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လေ့ကျင့်ရေး အစီအစဉ် အများစု ကို လုပ်ဆောင် ထားခဲ့ပြီးပြီ ဖြစ်ပါတယ် ။ “

” သူ လေ့ကျင့်ခန်းဆင်းရတာ ကောင်းမွန် အဆင်ပြေမှုလည်း ရှိပါတယ် ၊ သူ့ကို စောင့်ကြည့် စစ်ဆေးမှုတွေတော့ လုပ်ရဦးမှာပေါ့ဗျာ ။ သူ ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝပြီး ကစားနိုင်ဖို့ဆိုရင် နောက်ထပ် လေ့ကျင့်ခန်း အစီအစဉ် ၂ ခု ၊ ၃ ခုလောက်တော့ ပါဝင် ရဦးမှာပါ ။ “

” သူသာ ပြန်ကစားနိုင်ရင် ကျွန်တော်တို့ အတွက် သတင်းကောင်းပါပဲ ။ သူသာ ပြန်ကစားနိုင်ရင် ဇန်နဝါရီ မှာ ကစားသမားသစ် ခေါ်ယူ နိုင်ခဲ့သလို ဖြစ်ပါလိမ့်မယ် ၊ သူ နှစ်ပွဲ နဲ့ တစ်ဝက်ပဲ ကစားရသေးတယ်လို့ ထင်ပါတယ် ၊ သူက ကျွန်တော်တို့ရဲ့ အဓိက ကစားသမားပါပဲ ။ “

” သူက အသင်းထံ မတူကွဲပြားတဲ့ အရာတွေ ယူဆောင် လာပေးမယ့်သူပါ ၊ သူက အရည်အသွေးကောင်းတွေ အများကြီး ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ် ၊ အသင်းကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားဆိုလည်း မမှားပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular