(၃)ရာသီဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ မန်ယူ

မန်ယူအသင်းက နောက်ဆုံးဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကပဲ ထွက်ခွာခဲ့ရပြီး ဖလားလက်မဲ့ရာသီကို ထပ်မံဖြတ်သန်းခဲ့ရတယ်။ ပြီးခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲရော အခုပွဲမှာပါ နည်းပြ ဆိုးလ်ရှားရဲ့ Line-up ထုတ်ပုံတွေက အငြင်းပွားစရာပါ။ တစ်သင်းလုံး ဟန်ချက်ညီပြီး ကစားအားကောင်းတဲ့ ဆီဗီလာကွင်းလယ်ကို ဟန့်တားနိုင်ဖို့အတွက် ဆိုးလ်ရှားက ဖျက်အားပိုကောင်းတဲ့ ဖရက်ဒ်ကို မာတစ်ထက် ပိုယုံစားခဲ့တယ်။ အမှန်တကယ်လည်း ဖရက်ဒ်က ခံစစ်အတွက် အထိုက်အလျောက်အထောက်အကူပြုခဲ့တယ်။ ဖရက်ဒ်က တစ်ပွဲလုံးမှာ Tackle (၇)ကြိမ်ရှိခဲ့ပြီး ကွင်းထဲမှာတော့ အများဆုံးစွမ်းဆောင်နိုင်သူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှာတော့ ဖရက်ဒ်ရဲ့စွမ်းဆောင်ရည်က အောင်မှတ်နားတောင် မကပ်နိုင်ခဲ့ဘူး။ တစ်ပွဲလုံးမှာ Key Pass ပေးပို့နိုင်မှု တစ်ကြိမ်မှမရှိခဲ့ဘူး။ တိုက်စစ်လိုက်သွားချိန်မှာလည်း အပိုင်ကန်သွင်းခွင့်တစ် ကြိမ်ရခဲ့ပေမယ့် ဂိုးဘေးကိုကန်ပြီး ဖြုန်းတီးပစ်ခဲ့တယ်။

ဆိုးလ်ရှားက အခုပွဲအတွက် FCကိုပင်ဟေဂင်နဲ့ပွဲကတည်းက ပေါ့ဘာ၊ ဖရက်ဒ်အတွဲကို ကွင်းလယ်မှာထိုင်ပြီး ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ မာတစ်နဲ့ ပေါ့ဘာတို့အကြား အသားကျနေတဲ့ နားလည်မှုမျိုးကို ဖျက်ပြီး အရေးကြီးချိန်မှာ မလိုအပ်ဘဲ ပြောင်းလဲမှုတွေလုပ်တဲ့ ဆိုးလ်ရှားရဲ့လုပ်ဆောင်ပုံတွေက အံ့အားသင့်စရာကောင်းပါတယ်။ မော်ရင်ဟိုလက်ထက် ယူရိုပါလိဂ်မှာ ဗိုလ်စွဲတုန်းက ရိုမဲရိုးကို ဗိုလ်လုပွဲအထိ တောက်လျှောက်သုံးခဲ့တာပါ။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ဒီပွဲမှာ ရိုမဲရိုးကို ခေါက်ပြီး ယုံကြည်မှု High Level မှာရှိမနေတဲ့ ဒီဟေးယားကို ပွဲထွက်ခွင့်ပေးခဲ့တယ်။ ပေးခဲ့ရတဲ့ ဂိုး(၂)ဂိုးကတော့ Full Back တွေရဲ့အားနည်းချက်ကတစ်ဆင့် ပေးခဲ့ရတာဖြစ်ပြီး ဒီဟေးယား အမှားတော့မဟုတ်ပါဘူး။ ပြောလိုတာက မလုပ်သင့်တဲ့ အပြောင်းအလဲတွေကို ဆိုးလ်ရှား လုပ်ဆောင်ခဲ့တာပါ။

myan789

(၉)မိနစ်မှာပဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ပယ်နယ်တီဂိုးနဲ့ မန်ယူအသင်းအဖွင့်တော့ ကောင်းခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ကို ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ် ခြေစုံပစ်ဝင်လို့ ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့တာပါ။ ဆီဗီလာအတွက် ချေပဂိုးကတော့ ကြာကြာမစောင့်လိုက်ရပါဘူး။ (၂၆)မိနစ်မှာ ရယ်ဂီလွန် ဖြတ်တင်ပေးတဲ့ဘောလုံးကနေ Marking မရှိတဲ့ ဆူဆိုက ကန်သွင်းခဲ့တာပါ။ မန်ယူအသင်းရဲ့တောင်ပံတွေမှာ ဂရင်းဝုဒ်က ထူးထူးခြားခြားလုပ်မပြနိုင်ပေမယ့် ပုံမှန်အားထုတ်မှုတော့ ရှိခဲ့တယ်။ အဆိုးရွားဆုံးကတော့ ဘယ်တောင်ပံမှာကစားတဲ့ ရပ်ရှ်ဖို့ဒ် ရဲ့ခြေစွမ်းပါပဲ။ တစ်ဦးချင်းဖြတ်ကျော်တဲ့ ဘောလုံးတိုင်းနီးပါး ပျက်ခဲ့ရတဲ့အပြင် ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ခဲ့ဘူး။ မန်ယူအ သင်းအတွက် အကောင်းဆုံးအခိုက်အတန့်က ဒုတိယပိုင်းအစလောက်မှာဖြစ်ပြီး Man of the Match ဆုရှင် ဆီဗီလာဂိုးသမား ဘူနူရဲ့လက်စွမ်းကိုတော့ ချီးကျူးရမှာပါ။ မာစီယဲလ်ကလည်း တစ်ယောက်တည်း ဆွဲထွက်ခွင့်တွေရပေမယ့် ဘူနူကို မကျော်နိုင်ခဲ့ပါဘူး။ တိုက်စစ်ကျလာချိန်မှာ ဆိုးလ်ရှားက လူစားမလဲဘဲ တစ်ဂိုးရှုံးသွားချိန်မှ ထလုပ်ခဲ့တာတွေကလည်း အချိန်နောက်ကျနေခဲ့ပြီး အသင်းအတွက် အကျိုးမဖြစ်ခဲ့ပါဘူး။ ဖာနန်ဒက်စ် ဧရိယာထဲ လက်နဲ့ထိမှုက ပယ်နယ် တီမပေးရလို့ ကံကောင်းခဲ့ပေမယ့် (၇၈)မိနစ်မှာ နာဗတ်စ်ရဲ့ဖြတ်တင်ဘောကနေ လုခ်ဒီယွန်းက လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့အကြား နားလည်မှုမရှိတာကို အသုံးချပြီး အနိုင်ဂိုးသွင်းခဲ့လို့ မန်ယူအသင်း ဥရောပပြိုင်ပွဲ(၃)ကြိမ်ဆက် စပိန်ကလပ်တွေကို အညံ့ခံခဲ့ရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular