(၃)ပွဲဆက် Clean Sheet ရယူနိုင်ခဲ့ပြီး စပါးကို ချေမှုန်းခဲ့တဲ့ ချယ်လ်ဆီး

စပါး ၀-၁ ချယ်လ်ဆီး

မော်ရင်ဟိုရဲ့ စပါးက ခက်ခဲတဲ့ပွဲတစ်ပွဲကိုယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်။

myan789

ဒါ့အပြင် ဟာရီကိန်းမကစားနိုင်တဲ့ စပါးရဲ့ တိုက်စစ်က အဆိပ်မရှိတဲ့ မြွေလိုဖြစ်နေပြီး ဆွန်ဟောင်မင်ကလည်း ထူးထူးခြားခြား ဘာမှလုပ်မပြနိုင်ခဲ့ဘူး။

ဟာရီကိန်းနေရာမှာ ဝင်ကစားတဲ့ လူငယ်တိုက်စစ်မှူး ဗင်နီစီယပ်စ်က အတွေ့အကြုံနုနယ်သေးပြီး ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားနိုင်ဖို့ဆိုရင်တော့ အချိန်ယူရဦးမှာပါ။

တူဟယ်လ်ရဲ့ ချယ်လ်ဆီးကတော့ လမ်းပတ်ခေတ်ကထက် ပိုကောင်းလာပြီး ဆက်လက်တိုးတက်လာမယ့် အရိပ်အယောင်တွေလည်း တွေရပါတယ်။

ပြိုင်ဘက်ထက် ဘောလုံးပိုင်ဆိုင်မှု ပိုများအောင်ကစားနိုင်သလို၊ ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။

နောက်တန်းကစားပုံကလည်း ပိုမိုကောင်းမွန်လာပြီး တူဟယ်လ်က ဇူးမားထက် ရူဒီဂါကို ပိုပြီးနေရာပေးခဲ့တယ်။

တကယ်လည်း အကျိုးရှိခဲ့ပြီး ဒီပွဲမှာ သီယာဂိုဆေးလ်ဗား ဒဏ်ရာရသွားတာကတော့ ချယ်လ်ဆီးအတွက် နစ်နာခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို ဗာနာကြောင့်ရတဲ့ ပယ်နယ်တီကနေ(၂၄)မိနစ်မှာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြသစ် တူဟယ်လ်က မော်ရင်ဟို(၂၀၀၄)နောက်ပိုင်း ပထမဆုံးကိုင်တွယ်တဲ့(၃)ပွဲစလုံး Clean Sheet ရယူနိုင်သူဖြစ်လာခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
641,377
Total confirmed cases
Updated on December 5, 2023 9:33 pm
Advertismentspot_img

Instagram

Most Popular