၃နှစ် ဆက်တိုက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရခြင်း အပေါ် ပြန်လည် ချေပလိုက်တဲ့

မန်စီးတီး အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမှာ ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်ယွန် အသင်း ကို မထင်မှတ်တဲ့ ရလဒ် ၃ – ၁ နဲ့ ရှုံးနိမ့်ခဲ့ကာ ၊ ချန်ပီယံလိဂ် နောက်ဆုံး ၃နှစ်ဆက် ကို ကွာတား ကနေပဲ လှည့်ပြန်ခဲ့ရပါပြီ ။

ဒီပွဲမှာ လိုင်ယွန် အသင်း အနိုင်ရမယ် လို့ ဘယ်သူမှ မမျှော်လင့်ထားပေမယ့် ၊ မန်စီးတီး ရဲ့ ပွဲချဉ်းကပ်ပုံ မှားယွင်းမှု ၊ ပွဲအပေါ် အာရုံစိုက်မှု နည်းပါးခြင်း ၊ လိုင်ယွန် အသင်းသား တွေရဲ့ စိတ်ဓာတ် ခံယူချက် ပြင်းပြမှု တွေကြောင့် လိုင်ယွန် အသင်း အတွက်တော့ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ထိုက်တန်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

myan789

နာမည်ကြီး စပိန်လူမျိုး မန်နေဂျာ ပတ်ဂွာဒီယိုလာ ဟာ ဘာစီလိုနာ အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၂ကြိမ် ရယူနိုင်ခဲ့ပေမယ့် ၊ ဘိုင်ယန်မြူးနစ် ၊ မန်စီးတီး အသင်း တွေကို တာဝန်ယူ ကိုင်တွယ်ချိန်မှာတော့ ချန်ပီယံလိဂ် အောင်မြင်မှု နဲ့ ဝေးနေရဆဲ ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ဟာ ဂွာဒီယိုလာ မန်စီးတီး အသင်း ကို ကိုင်တွယ်တာ ၄ရာသီမြောက် ဖြစ်ပြီး ၊ ဒီအတောအတွင်း ၎င်း လိုအပ်တဲ့ ကစားသမား တွေကို ဈေးကြီးပေး ခေါ်ယူကာ ဖြည့်ဆည်းပေးထားပေမယ့် ၊ မန်စီးတီး ရဲ့ ချန်ပီယံလိဂ် ကျိန်စာဆိုး ကိုတော့ ချေဖျက် မပေးနိုင်သေးပါဘူး ။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဂွာဒီယိုလာ က ၎င်းတို့ အသင်းဟာ ယခုနှစ်မှာလည်း ကွာတားဖိုင်နယ် အဆင့် ကနေ လှည့်ပြန်ခဲ့ရပေမယ့် ၊ တနေ့နေ့မှာ ချန်ပီယံလိဂ် ကျိန်စာဆိုး ကို ချေဖျက်ပြနိုင်မယ် လို့ ယုံကြည်ကြောင်း တုန့်ပြန်ခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဒီနေ့ ရလဒ် နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရှိကို အရှိအတိုင်း လက်ခံရပါမယ် ။ တနေ့မှာတော့ ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ် ကို မရောက်နိုင်သေးတဲ့ ကျိန်စားဆိုး ကို ချေဖျက်ပြပါလိမ့်မယ် ။ ဒုတိယပိုင်း ကစားပုံ က အိုကေပါတယ် ။ ကျွန်တော်တို့ လိုချင်တဲ့ အနေအထား ကိုလည်း ရောက်ခဲ့ပါတယ် ။ ”

” ဒုတိယပိုင်း အတွင်း နောက်ထပ် ပေးဂိုးတွေ ခွင့်မပြုရသေးခင် အထိ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ကို ပြသနေတယ် လို့ ခံစားခဲ့ရပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ ဒီလို ပြိုင်ပွဲမျိုး မှာ ပြီးပြည့်စုံတဲ့ ပုံစံ ကို ပြသဖို့ လိုပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ ”

” အောင်မြင်မှု ရဖို့ အတွက် ဆို တခါတလေကျရင် ဒီလို ကျိန်စာဆိုး ကို ချေဖျက်ပြနိုင်ရပါမယ် ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း က ကစားသမား စုဖွဲ့မှု အားလုံး ဟာ ဆီမီးဖိုင်နယ် အဆင့် နဲ့တော့ ထိုက်တန်မှု ရှိခဲ့ပါတယ် ။ တနေနေ့တော့ ကျွန်တော် တို့တွေ ကျိန်စာဆိုး ကို ချေဖျက်ပြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ လိုင်ယွန် အသင်း ရသွားခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုး ဟာ ပြစ်ဒဏ်ဘော ဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိခဲ့ပေမယ့် ၊ VAR ကတော့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ် ။ ဒါဟာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပေမယ့် ၊ အဲ့ဒီနောက် မန်စီးတီး တို့ သရေ ရလဒ် နဲ့ အချိန်ပို ဆက်ကန်ခွင့်ရဖို့ အတွက် မဟာ အခွင့်အရေး ကို ရခဲ့ပေမယ့် ၊ အံ့အားသင့်စွာပဲ စတားလင်း က မိုးပေါ်ထောင်ကန်ခဲ့ပါတယ် ။

ဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာ က ” ဒီ အငြင်းပွားဖွယ် ကိစ္စရပ်တွေ အကြောင်း ကျွန်တော် မှတ်ချက် မပေးလိုပါဘူး ။ ပေးလိုက်ရင် ကျွန်တော် ဟာ စောဒကတက်နေတဲ့ ၊ ဆင်ခြေရှာနေတဲ့သူ တယောက် နဲ့ တူသွားပါမယ် ။ ကျွန်တော်တို့ဟာ ပွဲချိန် အတွင်း အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် ဒါဟာ လုံလောက်မှု မရှိခဲ့ပါဘူး ။ ”

” ပွဲရဲ့ အချက်အခြာ အကျဆုံး အခိုက်အတန့်တွေမှာ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့မိပါတယ် ။ ပြိုင်ဖက် ရဲ့ ခံစစ် မှာ နေရာလွတ်တွေ ရှာဖွေဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒီလို အခြေအနေမျိုး မှာ ခင်ဗျား ဟာ အချိန်ပို အထိ ဆွဲခေါ်သွားနိုင်ဖို့ ချေပဂိုး လိုပါတယ် ။ ဒါပေမယ့် နောက်ထပ် ဂိုးတဂိုးပါ ထပ်ပေးခဲ့ရတဲ့ အတွက် ပွဲက ပြီးဆုံးသွားခဲ့ပါတယ် ။ ”

” ကျွန်တော် တို့ဟာ ပိုများတဲ့ အခွင့်အရေး ၊ ဂိုးပေါက် ခြိမ်းခြောက်မှု တွေ ပြုလုပ်နိုင်ခဲ့ပါတယ် ။ အဆုံးမှာတော့ စိတ်ပျက်စရာ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ် ။ အခုတော့ ကျွန်တော်တို့ ရတဲ့ အားလပ်ရက် ကာလ ကို ဖြတ်သန်းပါမယ် ။ အဲ့ဒီနောက် အသင်းသား တွေကို သတ်မှတ်ထားတဲ့ ရက်မှာ လေ့ကျင့်ပြင်ဆင်မှု တွေ ပြုလုပ်ဖို့ ပြန်ခေါ်ပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular