၂ နှစ်တာ နိမ့်ကျခဲ့မှုကို အောင်ပွဲနဲ့ ပြန်အဖတ်ဆယ်နိုင်ခဲ့တဲ့အတွက် မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲ့တဲ့ လိုပီတီဂွီ

ဆီဗီးလား အသင်း နည်းပြ ဂျူလီယန် လိုပီတီဂွီ ဟာ ယမန်နေ့ ညက အနိုင် ရ ဗိုလ်စွဲ ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ အသင်းရဲ့ အောင်မြင်မှု ၊ သူ့ဘ၀ ရဲ့ ပထမဆုံး အောင်မြင်မှုတွေ အတွက် ဝမ်းသာ မျက်ရည်တွေ ကျခဲ့ရ ပါတယ် ။ လိုပီတီဂွီ ဟာ ဒီနှစ်တွေ မှာ ခက်ခဲတဲ့ လမ်းကို လျောက်လှမ်း ခဲ့ရပြီး အထုတ်ပယ်ခံ နည်းပြ အဖြစ် ကနေ အောင်ပွဲရ နည်း ပြ အဖြစ် ကို ရောက်လာဖို့ ကြိုးစား ခဲ့ရတာပဲ ဖြစ်ပါတယ် ။

လိုပီတီဂွီ ဟာ စပိန် လက်ရွေးစင် အသင်း ကို ၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ ဖလား မစတင် ခင်မှာ ရီးရဲ မက်ဒရစ် နည်းပြ အဖြစ် လုပ်ကိုင်ဖို့ အကြို သဘောတူညီမှု ပေါက်ကြား ခဲ့တာ ကြောင့် လက်ရွေးစင် နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

myan789

လိုပီတီဂွီ ရဲ့ အထုတ် ခံရမှုဟာ စပိန် လက်ရွေးစင် အသင်းကို အထိနာ စေခဲ့ပြီး ကမ္ဘာ့ဖလား ကနေ အောင်ပွဲ မရဘဲ လှည့်ပြန် ခဲ့ရ ပါတယ် ။ လိုပီတီဂွီ ဟာလည်း ရီးရဲ မက်ဒရစ် ကို ကိုင်တွယ် အပြီး ၆ လ မပြည့်ခင်မှာပဲ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

ဒီအချိန်တွေ ဟာ စပိန် နည်းပြဟောင်း အတွက် အဆိုးရွားဆုံး အခိုက် အတန့်တွေ ပါပဲ ။ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကို ရလဒ်ကောင်းတွေ နဲ့ ဖြတ်သန်းပြီး ရလာခဲ့တဲ့ ကျော်ကြားမှု တွေဟာ ဆက်တိုက် ထုတ်ပယ် ခံရမှု အပြီး မှာတော့ အောက်ကို ထိုးကျသွားခဲ့ရ ပါတယ် ။

ရီးရဲ ကနေ ထွက်ခွာရ အပြီးမှာ ဝုဗ် နဲ့ အမေရိကန် လက်ရွေးစင် အသင်းတွေ ကို ဆက်သွယ် ခဲ့ပေမယ့်လည်း အဆိုပါ အသင်းတွေက ပယ်ချ ခြင်းကို ခံခဲ့ရ ပါတယ် ။ နောက်ဆုံး မှာတော့ လိုပီတီဂွီ ဟာ ဆီဗီးလား အသင်း ရဲ့ နည်းပြ ဖြစ်လာခဲ့ပြီး ယူရိုပါ လိဂ် ဖလားကို ၆ ကြိမ်မြှောက် ရယူ ပေးဖို့ ဖြစ်လာ ခဲ့ ပါတော့တယ် ။

“ကျွန်တော့ ကစား သမားတွေ တကယ် ကောင်းခဲ့ ကြပါတယ် ။ ဒီလို ခက်ခဲတဲ့ အချိန် ကာလ အတွင်းမှာ မျှော်လင့် ချက်တွေ နဲ့ ယုံကြည်ချက် တွေကို မစွန့်လွှတ် ခဲ့ကြ ပါဘူး ။ ဒီအောင်ပွဲ ဟာ ကိုဗစ် ကာလ အတွင်း ကွယ်လွန် ခဲ့ကြတဲ့ ဆီဗီးလ် က လူတွေ ၊ ဝေဒနာ ခံစား နေရသူတွေ အတွက် ရည်ရွယ် ပါတယ်” လို့ လိုပီတီဂွီ က ပွဲအပြီးမှာ မျက်ရည်တွေ နဲ့ ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား ဟာ အင်တာ မီလန် ကို ၃ – ၂ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပြီး ဒီပွဲ ဟာ ဆီဗီးလား နောက်ခံလူ ဒီယေဂို ကားလိုစ့် အတွက် မမေ့ နိုင်စရာ အမှတ်တရ ဖြစ်စေခဲ့ ပါတယ် ။ ဒီယေဂို ကားလိုစ့် ဟာ ကွာတား ဖိုင်နယ် ( ဝုဗ် နှင့် ) ၊ ဆီမီး ဖိုင်နယ် ( မန်ယူနိုက်တက် နှင့် ) နဲ့ ဖိုင်နယ် ပွဲ ၃ ပွဲ ဆက်တိုက် မှာ ပြိုင်ဘက် အသင်းတွေ ပင်နယ်တီ ရရှိစေမယ့် ပြစ်ဒဏ်ဘောတွေ ကို ကျုးလွန်ခဲ့ပါတယ် ။

ဒါပေမယ့် ဆီဗီးလား ကို ဖလားရ စေမယ့် အနိုင်ဂိုး ကိုတော့ နောက်ပြန် ကန်ချက်နဲ့ သွင်းယူ ခဲ့ကာ အဆုံးသတ် မှာ သူရဲကောင်း အဖြစ် အောင်ပွဲခံ နိုင်ခဲ့ ပါတယ် ။ ဆီဗီးလား အသင်းခေါင်းဆောင် ရီယက်စ် ကတော့ ဒီအောင်ပွဲ ဟာ မကြာခင် နှစ်တွေ က ကွယ်လွန် သွားခဲ့တဲ့ ဆီဗီးလား ကစား သမားဟောင်းတွေ ဖြစ်ကြတဲ့ အန်တိုနီယို ရီယက်စ် နဲ့ ပူအာတာ တို့ အတွက် ရည်ရွယ် ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား ဟာ ယူရိုပါလိဂ် ဖိုင်နယ် ကို ၆ ကြိမ် တက်ရောက် ခဲ့ပြီး ၆ ကြိမ် စလုံး ဗိုလ်စွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီအောင်ပွဲကြောင့် ဆီဗီးလား ဟာ ဘိုင်ယန်မြုးနစ် နဲ့ PSG တို့ ကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ် က အနိုင် ရရှိ လာမယ့် အသင်းနဲ့ ဥရောပ စူပါဖလား ပွဲကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular