၂၀၂၀ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရသင့်တဲ့ ဘိုင်ယန်မြူးနစ် ကြယ်ပွင့်တစ်ဦးကို ပြောပြလိုက်တဲ့ ဂျိုအာချင်လိုး

ဂျာမနီ မန်နေဂျာ ဂျိုအာချင်လိုးက ၂၀၂၀ ခုနှစ် အတွက် ဘလွန်းဒီအောဆု ကိုသာ ပေးအပ် ချီးမြှင့် သွားခဲ့မယ် ဆိုရင် သူ့အနေနဲ့ ရောဘတ်လီဝန်ဒေါစကီးကို ကျော်ကာ ဂိုးသမား မန်နူရယ်နူအာကို မဲပေးမိမှာ ဖြစ်တယ်လို့ ဝန်ခံ သွားခဲ့ ပါတယ်။ ပိုလန် တိုက်စစ်မှုး လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသ ခဲ့ပြီး ဘိုင်ယန် အတွက် ၄၇ ပွဲမှာ ၅၅ ဂိုးထိ သွင်းယူ နိုင်ခဲ့ပြီး ဘလွန်းဒီအောဆု အတွက် ရေပန်းစား နေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပုံမှန် မဟုတ်တဲ့ ဘောလုံးရာသီမှာ ဘလွန်းဒီအောဆုကို ပေးအပ် ချီးမြှင့်တော့မှာ မဟုတ်ကြောင်း ကြေငြာ ခဲ့တာကြောင့် ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဝန်ဒေါစကီး အတွက် အတော့်ကို နစ်နာ စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီ နည်းပြ ဂျိုအာချင်လိုး ကတော့ ဘိုင်ယန်မြူးနစ် နံပါတ် ၁ ဂိုးသမားဟာ ဒီနှစ်မှာ ထူးချွန်တဲ့ စွမ်းဆောင်ပြ ခဲ့သူ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။

myan789

ဂျိုအာချင်လိုးက “မန်နူရယ် နူအာဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ တစ်လျှောက်လုံး အကောင်းဆုံး ပုံစံမှာ ရှိနေ ခဲ့ပါတယ်။ မန်နူရဲ့ တကယ့်ကို ကမ္ဘာ့ ထိပ်တန်း အဆင့် ဂိုးသမား တစ်ဦး ဖြစ်ပြီး မယုံကြည် နိုင်စရာ အရည်အသွေးတွေ ပိုင်ဆိုင် ထားသူ ဖြစ်ပါတယ်။

ရောဘတ်လီဝန်ဒေါစကီးနဲ့ ပက်သက်ပြီး ကျွန်တော့် ဘက်က ဘာမှ ဆန့်ကျင် သွားစရာ မရှိပါဘူး။ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး တစ်ဦး ဖြစ်ပြီး ဂိုးတွေ များစွာ သွင်းယူ ခဲ့သူပါ။ ဒါပေမယ့် ကျွန်တော့် အတွက် ကတော့ ဒီနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ကစာသးမားဟာ မန်နူရယ်နူအာပဲ ဖြစ်ပါတယ်။ လစ္စဘွန်းမှာ ကျင်းပခဲ့တဲ့ Fianl 8 တစ်လျှောက်လုံး သူ လုပ်ပြ ခဲ့တာတွေဟာ အရမ်းကို ကောင်းမွန် ခဲ့ပြီး သူဟာ ဂိုးပေါက်ကို လုံခြုံစွာ ကာကွယ် ပေးခဲ့ ပါတယ်။

မန်နူရယ်နူအာဟာ လီယွန် ၊ ပဲရစ်စိန့် ဂျာမန်း အသင်း တို့နဲ့ ပွဲစဉ်တွေမှာ အရမ်းကို ခက်ခဲတဲ့ အခြေအနေ တွေကနေ ကာကွယ် ပေးခဲ့ ပါတယ်။ သူ့ရဲ့ လက်စွမ်းပြမှု ကြောင့်သာ မဟုတ်ရင် ပွဲဟာ ဝ-၁ ၊ ၁-၁ ဖြစ်သွား နိုင်ပါတယ်။ သူဟာ ဘယ်လိုမှ ကျော်ဖြတ်လို့ မရနိုင်ဘူး ဆိုတဲ့ ခံစားချက်ကို ရသွား စေခဲ့ ပါတယ်။” လို့ ဆိုသွား ပါတယ်။

နူအာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန် အတွက် ၅၁ ပွဲ ကစား ပေးခဲ့ရမှာ ၂၂ ကြိမ်ထိ clean-sheet ရယူ ပေးနိုင် ခဲ့ပြီး ပေါ်တူဂီမှာ ဘိုင်ယန်မြူးနစ် အသင်း ချန်ပီယံလိဂ် ဖလား အောင်ပွဲ ရရှိ ခဲ့ရာမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ကူညီပေး ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ် ၁၉ ကြောင့် လွန်ခဲ့တဲ့ ၁၉၅၆ ခုနှစ်က စတင် ပေးအပ် ချီးမြှင့် ခဲ့တဲ့ ဘလွန်းဒီအောဆုကို ဒီနှစ်မှာ ပေးအပ် ချီးမြှင့်တော့မှာ မဟုတ်တာကြောင့် ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ပြ ခဲ့တဲ့ ဘိုင်ယန် အသင်းသား အတွက် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေါစကီး ကတော့ အကယ်၍ သူဟာ ဒီနှစ်မှာ ဘလွန်းဒီအောဆု အတွက် ကြီးကြယ်ခွင့် ရခဲ့မယ် ဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပေးမိမှာ ဖြစ်တယ်လို့ ဟာသလုပ်ကာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်နဲ့ အတူ ဘွန်ဒက်လီဂါ ဖလား ၊ ပိုကယ်ဖလား ၊ ချန်ပီယံလိဂ် ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက “ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက ဖြစ်နိုင်သမျှ ဖလား အားလုံးကို ဆွတ်ခူး နိုင်ခဲ့ ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပြိုင်ပွဲတိုင်းမှာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ ပါတယ်။ ကစားသမား တစ်ဦး ဒီလိုမျိုး စွမ်းဆောင် နိုင်ခဲ့ပြီ ဆိုရင် သူ ဘလွန်းဒီအောဆု ရသင့် ပါတယ်။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular